ပြင်သစ်နှင့်အတူ သြစတေးလျတို့နောက်တဆင့်တက်

Sports

ပြင်သစ်နှင့်အတူ သြစတေးလျတို့နောက်တဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ပြင်သစ်နှင့်အတူ သြစတေးလျတို့နောက်တဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သြစတေးလျ 🇹🇦 ၁-၀ 🇩🇰 ဒိန်းမတ်
တူနီးရှား 🇹🇳 ၁-၀ 🇫🇷 ပြင်သစ်

ကမ္ဘာ့ဖလားတွင် အုပ်စု D တွင် လက်ရှိချန်ပီယံ ပြင်သစ်နှင့်အတူ သြစတေးလျသည် အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည်။ နှစ်သစ်စလုံး ရမှတ် ၆ မှတ် တူညီခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် ပြင်သစ်တို့ အုပ်စုဗိုလ် ဖြစ်ခဲ့သည်။
တူနီးရှား နှင့် ပြင်သစ် ပွဲ၊ ပွဲချိန် ၅၈ မိနစ်၊ တူနီးရှားတို့က ဦးဆောင်ဂိုးသွင်းထားချိန်တွင် သြစတေးလျ နှင့် ဒိန်းမတ်တို့ ဂိုးမရှိသရေ ကျနေသဖြင့် တူနီးရှားတို့အတွက် နောက်တဆင့်တက်ရေး မျှော်လင့်နိုင်ခဲ့သည်။

သို့သော် နောက်ထပ်နှစ်မိနစ်ခန့် အကြာတွင် သြစတေးလျက ဒိန်းမတ်ကို ဂိုးသွင်းယူလိုက်သဖြင့် တူနီးရှားတို့၏ မျှော်လင့်ချက် ပျက်ခဲ့ရသည်။
တူနီးရှား နှင့် ပြင်သစ်တို့၏ ပွဲပြီးခါနီးတွင် ပြင်သစ်တိုက်စစ်မှူး ဂရစ်စမန်းက ခြေပဂိုးသွင်းယူခဲ့သော်လည်း VAR နည်းပညာဖြင့် ပြန်လည်စစ်ဆေးပြီး လူကျွံဘောသတ်မှတ်ကာ ဂိုးအဖြစ်က ပယ်ဖျက်ခဲ့သည်။

ပြင်သစ် နှင့် သြစတေးလျ တို့သည် နောက်နာရီပိုင်းအတွင်း ကစားမည့် အုပ်စု C ( ပိုလန်၊ အာဂျင်တီးနား၊ ဆော်ဒီအာရေဗျ၊ မက္ကစီကို ) မှ ရှုံးထွက်အဆင့် တက်လာသည့် အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။