အထက်တန်းကျောင်းတစ်ကျောင်းကို ရုတ်တရက်အလည်လာပြီး ကျောင်းသား/သူတွေကို ဖျော်ဖြေပွဲလက်မှတ်တွေ ပေးခဲ့တဲ့ အက်ဒ်ရှီရန်

Celebrity International News
အထက်တန်းကျောင်းတစ်ကျောင်းကို ရုတ်တရက်အလည်လာပြီး ကျောင်းသား/သူတွေကို ဖျော်ဖြေပွဲလက်မှတ်တွေ ပေးခဲ့တဲ့ အက်ဒ်ရှီရန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အထက်တန်းကျောင်းတစ်ကျောင်းကို ရုတ်တရက်အလည်လာပြီး ကျောင်းသား/သူတွေကို ဖျော်ဖြေပွဲလက်မှတ်တွေ ပေးခဲ့တဲ့ အက်ဒ်ရှီရန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အထက်တန်းကျောင်းတစ်ကျောင်းကို ရုတ်တရက်အလည်လာပြီး ကျောင်းသား/သူတွေကို ဖျော်ဖြေပွဲလက်မှတ်တွေ ပေးခဲ့တဲ့ အက်ဒ်ရှီရန်

တန်မ်ပါမြို့က Middleton High School ရဲ့ကျောင်းသား/သူတွေဟာ သောကြာနေ့က တီးဝိုင်းလေ့ကျင့်နေတုန်း ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်က ရုတ်တရက်ရောက်ချလာခဲ့လို့ တအံ့တဩဖြစ်ခဲ့ရပါတယ်။ ကျောင်းသား/သူတွေက အတန်းထဲမှာ အက်ဒ်ရှီရန်ရဲ့ “Photograph” သီချင်းကို ကြိုးစားလေ့ကျင့်နေတဲ့အချိန်မှာ အဆိုရှင်ကို လူကိုယ်တိုင်မြင်တွေ့လိုက်ရတာပါ။

အက်ဒ်ရှီရန်က ကျောင်းသား/သူတွေကို သူ့ရဲ့ဖျော်ဖြေပွဲလက်မှတ်တွေကို ပေးခဲ့တဲ့အပြင် သူ့ရဲ့နာမည်ကြီးသီချင်းတချို့ကိုလည်း ဖျော်ဖြေတင်ဆက်ခဲ့တဲ့အတွက် ကျောင်းသား/သူတချို့ ဝမ်းသာပီတိမျက်ရည်ကျခဲ့ရပါတယ်။ သူက ကျောင်းရဲ့ဂီတဌာနအတွက် ဂစ်တာတချို့လှူဒါန်းတာ၊ ကျောင်းသား/သူတွေအတွက် လက်မှတ်ထိုးပေးတာ၊ ဆယ်လ်ဖီရိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ အက်ဒ်ရှီရန်က Mathematics (+–=÷×) tour ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေပြီး စက်တင်ဘာလကျ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖျော်ဖြေပွဲအဆုံးသတ်မှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။