ဈေးကြီးတဲ့ဆေးတွေ ဝယ်သောက်စရာမလိုအောင် အကျိုးရှိတဲ့အရွက် ရှမ်းနံနံ

Health
ဈေးကြီးတဲ့ဆေးတွေ ဝယ်သောက်စရာမလိုအောင် အကျိုးရှိတဲ့အရွက် ရှမ်းနံနံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဈေးကြီးတဲ့ဆေးတွေ ဝယ်သောက်စရာမလိုအောင် အကျိုးရှိတဲ့အရွက် ရှမ်းနံနံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဈေးကြီးတဲ့ဆေးတွေ ဝယ်သောက်စရာမလိုအောင် အကျိုးရှိတဲ့အရွက် ရှမ်းနံနံ

ရှမ်းနံနံကို အိမ်တိုင်းနီးပါး စိုက်ကြပါတယ် ဒေသအလိုက်အခေါ်ဝေါ်ပြောင်းလဲနိုင်ပါတယ် အနံစူးစူးလေးနဲ့ အသားဟင်း ငါးပိချက် ပဲပုတ်ချက် ခရမ်းချဉ် သီးချက် ခရမ်းချဉ်သီးထောင်းထဲ ခေါက်ဆွဲပြုတ် ထဲမပါ မဖြစ် ပင်လယ်စာချဉ်စပ်ထဲ မှာ တွေ့ရမှာ ပါပဲ..အမြဲလိုလိုစားနေတာ သူ့အကြောင်းလေး မသိကြပါဘူး ဒါကြောင့် နည်းနည်းလေး ဖတ်ကြည့်ကြပါ

ဗီတာမင် A
ဘီ 1
ဘီ 2
ဘီ 3
ဗီတာမင် C
သံဓာတ် ကယ်လစီယမ် နိုင်အာစင်..နဲ့ ဖတ်ဖောလက် တွေ ပါဝင်နေတာကို တွေ့ရပါတယ်…ရှမ်းနံနံထဲမှာလိုပါတဲ့…အရွက်က ရှာမှ ရှားပါပဲ

သိပ္ပံ ပညာရှင်တွေ ရှမ်းနံနံထဲ ပါဝင်တဲ့ဆာလောဖီဂျီနစ် ဆိုတဲ့ဓာတ်ကြောင့် ရင်သားကင်ဆာထဲက ဆဲလ်တစ်ချို့ကို မကြီးထွားအောင် ရပ်တန့်စေနိုင်တယ်လို့ အတည်ပြုထားပါတယ်တဲ့

ခန္ဓာကိုယ်ထဲက အန္တာရာယ် ဖြစ်စေတဲ့ မကောင်းတဲ့ ဆဲလ်တွေကို ကြီးထွားမလာအောင် ရပ်တန့်နိုင်စွမ်း ကို ရှမ်းနံနံ စားပေးခြင်းနဲ့ ရအောင်ယူလိုက်ပါ

ရှမ်းနံနံကို စားပေးရင် အနုမွန်း အီစလာ ဆိုတဲ့ ဓာတ် ပါဝင်လို့ တော်ရုံတန်ရုံ ရောဂါတွေကို မဖြစ်ပွားအောင် ကူညီကာကွယ်ပေးပါတယ်

ရှမ်းနံနံရဲ့ ပင်စည်က အသားရေ လှပစေအောင်ကူညီပေးတဲ့အပြင် လက်သည်းတွေကိုလည်း သန်မာအောင် စွမ်းနိုင်ပါတယ်တဲ့

ဝမ်းချုပ်တတ်တဲ့သူတွေအတွက် အရွက် ကို ကျိတ်ပြီးသောက် ဒါမှမဟုတ် ပြုတ်သောက်ပေးမယ် ဆိုရင် ဝမ်းပျော့အောင် ကူညီပေးပါတယ်

လေနာ ဗိုက်အင့် တဲ့သူအတွက် အရွက်ကို စားပေး ပါ

အစာအဆိပ်တက်ရင် အပင်နဲ့ အရွက်ကို အသုံးပြုနိုင်ပါတယ်

အမြစ်ကိုလည်း လွင့်မပြစ်ပါနဲ့ ဆီးရွင် အောင်လည်း ကူညီနိုင်ပါတယ်

ခြေ လက် ကိုက်ခဲတဲ့သူတွေအတွက် ပင်စည် ကို ထောင်း နှမ်းဆီစစ်စစ်နဲ့ ရော ဖက်ထဲထည့် မီးကင် ပြီး နာကြင်ကိုက်ခဲတဲ့နေရာကို ကပ်ပေးရင် ဝေဒနာ သက်သာ နိုင်စေပါတယ်

ရှမ်းနံနံ မှာ အောက်စလက် ဓာတ် ပါဝင်တာကြောင့်ကျောက်ကပ်မှာ ကျောက်တည်နိုင်စေပါတယ် ဆီးပိုးဝင်သလို ဖြစ်စေနိုင်ပါတယ်

ကိုယ်ဝန်ဆောင်တွေ အတွက် များများမစားသင့်ပါဘူးနော် စားဖို့ မတိုက်တွန်းကြပါနဲ့
အများအပြား လိုတာထက်ပိုပြီး မစားသုံးသင့်ပါဘူး….အလွန်ကျွံ မစားသုံးမိအောင် သေခြာ သုံးသပ် သင့်ပါတယ် ချင့်ချိန်စားကြပါ

ခန္ဓာကိုယ်ကျန်းမာအောင် အများကြီး ကူညီပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် နိုင်ငံခြားသားတွေက အရွက် ကျိတ်ရည်ထဲ ထည့်သောက်ကြတယ် သူတို့က ကျွန်မတို့နိုင်ငံလို ခေါက်ဆွဲထဲ ထည့်မစားတတ် ငါးပိချက်ထဲ မထည့်တတ်တော့ အဲ လိုပဲ စားကြတာ များပါတယ်

တန်ရင်..ဆေး လွန်ရင် ဘေး ဆိုတဲ့ ဆိုရိုးစကား အတိုင်း ခန္ဓာကိုယ်အတွက် ရှမ်းနံနံကို မကြာမကြာ စားသုံးပေးရင် ရနိုင်တဲ့ အကျိုးတွေကို အားလုံးပဲ သိနိုင်လောက်ပြီ လို့ မျှော်လင့်ပါတယ်

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။