အကျိုးပေးမည့်…လုပ်ငန်း

Astrology
အကျိုးပေးမည့်…လုပ်ငန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျိုးပေးမည့်…လုပ်ငန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကျိုးပေးမည့်…လုပ်ငန်း

ဗေဒင်မေးတဲ့သူတွေ အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုဆိုလည်း မမှားပါဘူး။ အသက်မွေးဝမ်းကြောင်း အတွက် လူတိုင်းကိုယ်စီ အလုပ်လုပ်ကြတာပါပဲ။တချို့ကလုပ်နေရင်း အကျိုးမဖြစ် တချို့က စီးပါွးဖြစ်တိုက်တာ နဲ့ အကျိုးဖြစ်နေတာ ကြုံတွေ့နေရတာပါပဲ။

အလုပ်ဆိုတာမှာ
၁။လုပ်ချင်သည့် အလုပ်
၂။ဝါသနာပါသည့် အလုပ်
၃။အကျိုးပေးမည့် အလုပ်ဆိုပြီး ၃မျိုးရှိပါတယ် ။

ယခု ရေးသားဖော်ပြပေးမှာ ကတော့ အကျိုးပေးမည့် အလုပ်ကို တွက်ကြည့် ရမည့် ရှေးကျသော ဗေဒင်ဟောနည်းတခု ဖြစ်ပါတယ် ။ ဒီဟောနည်းလေး သိဖို့အတွက် အောက်ပါ အလင်္ကာကို မှတ်သားထားဖို့လိုပါတယ် ။
မင်း ၊ ကုန် ၊ မတ် ၊ဌေး ၊လက် ၊ရုန်း ၊ဒွေး ဆိုတဲ့အလင်္ကာပါ ။

၁။မင်း- အစိုးရဝန်ထမ်း ၊ကုမ္ပဏီဝန်ထမ်း ၊ အုပ်ချုပ်သူ ၊ရဟန်းသံဃာ ၊တရားဟောခြင်း ။

၂။ကုန် -အရောင်းအဝယ် ၊သွင်းကုန် ၊ထုတ်ကုန်လုပ်ငန်း ၊စတိုးဆိုင် ၊ကုမ္ပဏီ ၊ထုတ်လုပ်ခြင်း ။

၃။မတ် -အကြံပေး၊ကျောင်းဆရာ ၊ရှေ့နေ၊ဗေဒင်ဆရာ ၊အတိုင်ပင်ခံ ၊ စကားဟောပြောသူ။

၄။ဌေး- ချမ်းသာသူ ၊လုပ်ရဲသူ ၊စွန့်စားဝံသောသူ ၊ ငွေတိုးပေးစားသူ ၊ဘဏ်လုပ်ငန်း ၊ငွေချေးလုပ်ငန်း ။

၅။လက်- တည်ဆောက်ရေးလုပ်ငန်း၊ တီထွင်မှုလုပ်ငန်း ၊လက်လုပ်လက်စားလုပ်ငန်း ၊ လက်မှုပညာလုပ်ငန်း ၊ စက်ရုံ အလုပ်ရုံလုပ်ငန်း ၊ ပန်းချီပန်းပု ၊အနုပညာလုပ်ငန်း ၊ရွှေပန်းတိမ်လုပ်ငန်း ။

၆။ရုန်း – ခန္ဓာကိုယ်နှင့် အားစိုက်ရသောလုပ်ငန်း ၊ကျပန်း ၊ဆိုက်ကားနင်း ကုန်ထမ်း၊ကုန်တင်ကုန်ချ လုပ်ငန်း ၊လက်သမားလုပ်ငန်း ။

၇။ဒွေး-ပုံမှန် အလုပ်မျိုးစုံ

တွက်နည်းကတော့ ဥပမာ ။ ။၁၃၄၁ သောကြာသား ဆိုပါက
၁၃၄၁ ကို ၇ ဖြင့် စားပါ။ အကြွင်း ၄ ရသည် ။
ထို့ကြောင့် ရလာ​သော အကြွင်းဂဏန်းကို ၁မှ ၇အထိဖြစ်​အောင်​ရေးသွားပါ ။ အကြွင်း ၀ရလျှင် ၇ဟုယူပါ ။ ထို​နောက် မိမိ​နေ့သား ​ရောက်ရှိ​နေရာမှ စကားလုံးကိုယူပါ။

မင်း ကုန် မတ် ဌေး လက် ရုန်း ဒွေး
၄ ၅ ၆ ၇ ၁ ၂ ၃

သောကြာသား ဖြစ်တာကြောင့် ၆=မတ် မှာကြပါတယ်။ဒါကြောင့် ဒီသောကြာသားဟာ မတ်နဲ့ ပတ်သတ်တဲ့ အလုပ်တွေနဲ့ အကျိုးပေးမယ်ဆိုပြီး အဟောထွက်လာပါလိမ့်မယ် ။ ထိရောက်မှန်ကန်တဲ့ ပညာရပ်လေးတခုပါ ကိုယ်ဘာသာကိုယ်တွက်ကြည့်ပြီး အကျိုးပေးလုပ်ငန်းလေးများ လုပ်ဆောင်နိုင်ကြပါစေ။ဒီပိုစ့်ကလေးနှင့် သုတေသီ ဆရာငြိမ်းအား ကန်တော့ပန်းဆင်လိုက်ရပါသည် ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။