၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့  ၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( May 29 to June 4 )

ဤကာလအတွင်း Aries ရာသီခွင်တို့သည် အတွေးအာရုံ ပျံ့လွင့်မှုတို့ကြောင့် စိတ်ရှုပ်ထွေးမှုကို ခံစားရစေနိုင်ပါတယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာဖွယ် ရှိနေပါတယ်။

ယခုအချိန်ကာလသည် Aries ရာသီခွင်တို့၏ မိသားစုဘဝအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ မိသားစုအတွင်း ပျော်ရွှင်မှုများ ရှိနေပါမယ်။ လိုအပ်သော အထောက်အပံ့ကို ရရှိနိုင်ပါမယ်။ အကယ်၍ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရသည့်အခါ မိသားစုဝင်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုပေးပါ။

ပြိဿရာသီခွင် – Taurus ( May 29 to June 4 )

ဤကာလအတွင်း Taurus ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင် ကျော်လွှားနိုင်ပါလိမ့်မယ်။ သို့သော် ကျန်းမာရေး လှုပ်ရှားမှုများကို အချိန်မှန် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ယခုအပတ်တွင် ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သိုသော် ငွေကြေး ရင်းနှီးမြုပ်နှံလိုပါက အကြောင်းအရာများကို အသေချာ စုံစမ်းပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးစေနိုင်ပါတယ်။

ဤကာလအတွင်း မိသားစုနှင့် ပက်သက်၍ အခမ်းအနား စီစဉ်ဆောင်ရွက်ရတတ်ပါတယ်။ ထိုကိစ္စရပ်များကြောင့် စိတ်ဖိစီးမှုကို တိုးစေသည့်အပြင် အိမ်မှုကိစ္စများ အလွန်အကျွံ လုပ်ဆောင်တတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( May 29 to June 4 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် တညိငြိမ်နေမှာ မဟုတ်ပါဘူး။ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် တခြားသူများ၏ ရှေ့တွင် မိမိ၏ဘအပြောအဆို၊ အပြုအမူတို့ကို သတိထားပေးပါ။ စိတ်လိုက်မာန်ပါ ပြုမူပြောဆိုခြင်းက အကျိုးယုတ်စေနိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေး ချေးငှားမှုများ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ငွေကြေး ကိစ္စနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ပါ။ ငွေကြေး ဆုံးရှုံးတတ်ပါတယ်။

ယခုအပတ်တွင် နေအိမ်နှင့် ဝေးကွာနေကြသော Gemini ရာသီခွင်တို့၏ စိတ်တွင် အထီးကျန်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်များနှင့် မကြာခဏဆိုသလို အဆက်အသွယ် ပြုလုပ်ပေးပါ။ မိမိ တစ်ဦးတစ်ယောက်တည်း ခံစားချက်ကို ‌ပိတ်လှောင်ထားခြင်းက စိတ်ဓာတ်ကျဆင်းစေနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( May 29 to June 4 )

ယခုအပတ်တွင် Cancer ရာသီခွင် တို့သည် ပင်ပန်းနွမ်းနယ်မှုကို ခံစားရပါိလိမ့်မယ်။ မိမိမျှော်မှန်းသလောက် အပြည့်အဝ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဒါ့အပြင် အသေးအမွှား ကိစ္စကိုပင် စိတ်တိုဒေါသ ဖြစ်‌လယ်နေသောကြောင့် လူမှုဆက်ဆံရေးတွင် ပြဿနာအချို့ ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ယခုအပတ်တွင် ရေရှည် ရင်းနှီးမြုပ်နှံမှုမျိုးကို ရှောင်ကြဉ်ရပါမယ်။

မိသားစုနှင့် ပက်သက်၍ အိမ်မှုကိစ္စများစွာကို လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ သို့သော် အပြင်းအထန် တွန်းအား မပေးပါနှင့်။ အချိန်ကန့်သတ်ကာ ဖြည်းဖြည်းမှန်မှန်နဲ့ ပြုလုပ်ပါ။ လိုအပ်ပါက အိမ်ထောင်စုဝင်များ၏ အကူအညီကိုလည်း ရယူနိုင်ပါတယ်။

သိဟ်ရာသီခွင် – Leo ( May 29 to June 4 )

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရုပ်ပိုင်းဆိုင်ရာအရ ယခင်ထက် ကောင်းမွန်နေနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာအချိုနှင့် ကြုံတွေ့ရတတ်ပါတယ်။

ဤကာလအတွင်း နယ်ပယ်များစွာမှ ငွေကြေး ရရှိတတ်ပါတယ်။ ငွေကြေး အခြေအနေ တိုးတက်ကောင်းမွန်နေပါမယ်။ ငွေကြေး ကိစ္စနှင့် ပက်သက်၍ အစီအစဉ်ရေးဆွဲပေးပါ။ အတိုင်းအတာ တစ်ခုအထိ ချွေတာနိုင်မည့် အပြင် ငွေကြေး စုဆောင်းမှုကို ပြုလုပ်နိုင်ပါမယ်။

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် အိမ်တွင်းရေးရာ ကိစ္စရပ်တို့နှင့်သာ အချိန်ကုန်ဆုံးရတတ်ပါတယ်။ မိမိအတွက် အချိန်ပေးနိုင်မည် မဟုတ်ပါ။ ဒါကြောင့် အလိုအလျောက် စိတ်ခံစားချက် ပြင်းထန်ကာ စိတ်တိုဒေါသ ဖြစ်လွယ်နေပါမယ်။

ကန်ရာသီခွင် – Virgo ( May 29 to June 4 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ယာဉ်မောင်းနှင်ရာတွင် အထူးသတိထားပေးရပါမယ်။ ယာဉ်မတော်တဆ ဖြစ်စေနိုင်သောကြောင့် အနည်းငယ်မှ မပေါ့ဆပါနှင့်။

ဤကာလအတွင်း မြေယာ သို့မဟုတ် အိမ်ခြံနှင့် ပက်သက်၍ ရင်းနှီးမြုပ်နှံခြင်းမှ ရှောင်ကြဉ်ပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။

Virgo ရာသီခွင်တို့သည် အလုပ် သို့မဟုတ် ပညာရေး ကိစ္စရပ်တို့ကြောင့် ယခုအပတ်တွင် မိသားစုဝင်များနှင့် အနေဝေးနေနိုင်ပါမယ်။ မိသားစုရေးရာ ကိစ္စရပ်များအတွက် အချိန်ပေးနိုင် မဟုတ်ပေ။

တူရာသီခွင် – Libra ( May 29 to June 4 )

ယခုအပတ်တွင် Libra ရာသီခွင်တိုသည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ နေ့စဉ် လမ်းလျှောက်ထွက်ပေးပါ။ ဖြစ်နိုင်ပါက မိမိနေအိမ်တွင် ရိုးရှင်းသော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေး ချေးငှားမှုများကို မပြုလုပ်ပါနှင့်။ အကယ်၍ ပြုလုပ်မည်ဆိုပါက စာရွက်စာရွက်များဖြင့် စီစဉ်ဆောင်ရွက်ပါ။ သိုမှသာ ငွေကြေး ဆုံးရှုးမှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ်တွင် ပြင်ပလူများထံမှ မလိုလားအပ်သော ဝင်ရောက် စွက်ဖက်မှုတိုကြောင့် မိသားစုဝင်များကြား တင်းမာမှုကို ဖြစ်စေနိုင်ပါတယ်။ မိမိ၏ ‌အပြောအဆိုတိုကို သတိထားပေးရပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( May 29 to June 4 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှု ရှိနေပါမယ်။ အကယ်၍ ရောဂါကြီးကြီးမားမား ခံစားနေရပါက သက်သာပျောက်ကင်းလာပါမယ်။ သို့သော် ဆရာဝန်၏ လမ်းညွှန်မှုအတိုင်း ဆေးဝါးများကို အချိန်မှန် သုံးစွဲပေးရပါလိမ့်မယ်။

ဤကာလအတွင်း စက်ပစ္စည်း သို့မဟုတ် လျှပ်စစ်ပစ္စည်း ချို့ယွင်းမှုတို့ကြောင့် ငွေကြေး သုံစွဲရဖွယ် ရှိနေပါတယ်။ ငွေကြေးအရ အနည်းငယ် ကျပ်တည်းနေနိုင်ပါမယ်။

ယခုအပတ်တွင် အိမ်နှင့် ဝေးကွာနေကြသော Scorpio ရာသီခွင်များ အနေနဲ့ အထီးကျန်မှုကို ခံစားရပါမယ်။ မကြာခဏ ဆိုသလို အဆက်အသွယ် ပြုလုပ်ပေးပါ။ မိမိ၏ ခံစားချက်များကို ပိတ်လှောင်မထားဘဲ သူငယ်ချင်းများနှင့် အချိန်အတူကုန်ဆုံးပေးပါ။ သို့မှသာ စိတ်ဓာတ်ကျဆင်းခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( May 29 to June 4 )

မိမိ၏ စိတ်ကို ပျော်ရွင်အောင်ထားပါ။ တရားထိုင်ခြင်းသည် စိတ်အပန်းဖြေမှုအတွက် လွန်စွာ အထောက်အကူ ရရှိစေပါတယ်။

ယခုအပတ်တွင် ငွေရေးကြေးရေးအရ ကုန်ကျစရိတ်တွေ များပြားလာပါမယ်။ သို့သော် တစ်ချိန်တည်းမှာပင် ဝင်ငွေ သိသိသာသာ တိုးလာခြင်းတို့ကြောင့် ငွေကြေးကိစ္စကို စိတ်ပူရန် မလိုအပ်ပေ။

ဤကာလအတွင်း မိသားစုဝင်တို့၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပါ။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ကို အတူမျှဝေ ခံစားပေးပါ။

မကာရရာသီခွင် – Capricorn ( May 29 to June 4 )

ယခုအပတ်တွင် Capricorn ရာသီဃွင်တို့သည် ပြီးပြည့်စုံသော ကျန်းမာရေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကြီးကြီးမားမား ပြသနာများကို ကိုင်တွယ် ဖြေရှင်းရန် မလိုအပ်ပါဘူး။ မနက်ခင်းတိုင်း လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေပီး ငွေကြေး စုဆောင်းမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ်တွင် မိသားစုအတွင်း ပျော်ရွင်မှုများ ရှိနေပါမယ်။ မ‌မျှော်လင့်သော ကိစ္စရပ်တို့ကြောင့် ပျော်ရွှင်ရတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( May 29 to June 4 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ဘဝတွင် အဆင်မပြေမှုတို့ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်နေစေရန် အလေ့အကျင့်ဆိုးများကို ပယ်ဖျောက်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ အကျိုးအမြတ် အချို့ကို ရရှိနိုင်ပါမယ်။ လိုအပ်သော ငွေကြေးဆိုင်ရာ အကူအညီများကို ရရှိနိုင်ပါမယ်။

ယခုအပတ်တွင် လူမှုအဖွဲအစည်း၏ နာမည်ကြီး ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံရတတ်ပါတယ်။ မိသားစုအတွင်း လေးစားမှုနှင့် ဂုဏ်သိက္ခာကို ရရှိစေပါမယ်။ ဒါကြောင့် အခွင့်အရေးများကို အကောင်းမွန်ဆုံး အသုံးချနိုင်အောင် ကြိုးစားပါ။

မိန်ရာသီခွင် – Pisces ( May 29 to June 4 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပေမယ့်လို့ မပေါ့ဆပါနှင့်။ အလုပ်များသည့်ကြားမှ မိမိ၏ ကျန်းမာရေးအတွက် အချိန်ပေးပါ။ မဟုတ်ပါက အနာဂတ်တွင် ကျန်းမာရေး ပြဿနာအချို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။

ဤကာလအတွင်း ငွေကြေးအရ ကျပ်တည်းနိုင်သောကြောင့် အသုံးစရိတ်နှင့် ပက်သက်၍ ထိန်းချုပ်ပါ။ ငွေကြေး ကံကြမ္မာသည် အားနည်းနေပါမယ်။

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ အားနာတတ်သည့် အလေ့အကျင့်ကြောင့် တခြားသူများအား ကူညီလုပ်ဆောင်ပေးလေ့ ရှိကြပါတယ်။ သို့သော် ယခုအပတ်တွင် ထိုသို့လုပ်ဆောင်ခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။ မိမိ၏လုပ်ငန်းကိုပါ နှောင့်နှေးစေပါမယ်။ ဒါကြောင့် ပြီးမြောက်နိုင်သော အလုပ်ကို သာ ကတိပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင် ·

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။