ရုံတင်ငွေရရှိမှုနှုန်း သောင်းကြမ်းနေတဲ့ Guardians of the Galaxy Vol.3 နဲ့ Fast X

Celebrity International News
ရုံတင်ငွေရရှိမှုနှုန်း သောင်းကြမ်းနေတဲ့ Guardians of the Galaxy Vol.3 နဲ့ Fast X

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုံတင်ငွေရရှိမှုနှုန်း သောင်းကြမ်းနေတဲ့ Guardians of the Galaxy Vol.3 နဲ့ Fast X ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုံတင်ငွေရရှိမှုနှုန်း သောင်းကြမ်းနေတဲ့ Guardians of the Galaxy Vol.3 နဲ့ Fast X

၂၀၂၃ မှာ Universal, Nintendo နဲ့ Illumination Pictures တို့ရဲ့ animated ရုပ်ရှင် Super Mario Bros. ဟာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁.၂၇၉ ဘီလျံ ရရှိခဲ့ကာ စံချိန်တစ်ခုကိုချိုးခဲ့ပါတယ်။

ယခုအခါမှာတော့ Universal Studios ရဲ့ နောက်ထပ် ရုပ်ရှင်တစ်ကားဖြစ်တဲ့ Fast X နဲ့ Disney လက်အောက်ခံ Marvel Studios ရဲ့ Guardians of the Galaxy Vol.3 တို့ဟာ ၂၀၂၃ မှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံ ရရှိဖို့အတွက် စံချိန်တင်ဖို့အလားအလာအများကြီးရှိနေပါတယ်။

Fast X ကို မေ ၁၉ မှာ စတင်ရုံတင်ပြသတာဖြစ်ပြီး လက်ရှိမှာ အမေရိကန်ပြည်တွင်းရုံတင်ငွေ ကန်ဒေါ်လာ ၁၂၃ သန်းကျော်၊ ပြည်ပရုံတင်ငွေ ကန်ဒေါ်လာ ၃၉၉ သန်းကျော် နဲ့ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၅၁၂ သန်းကျော်အထိရရှိနေပါတယ်။

Guardians of the Galaxy Vol. 3 ကတော့ မေ ၅ မှာ စတင်ရုံတင်ပြသတာဖြစ်ပြီး လက်ရှိမှာ အမေရိကန်ပြည်တွင်းရုံတင်ငွေ ကန်ဒေါ်လာ ၃၀၄ သန်းကျော်၊ ပြည်ပရုံတင်ငွေ ကန်ဒေါ်လာ ၄၁၈ သန်းကျော် နဲ့ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၇၂၃ သန်းကျော်အထိရရှိနေပါတယ်။ Marvel Studios ရဲ့ ၂၀၂၃ အတွက် ပထမဆုံး Marvel ရုပ်ရှင် Ant-Man and the Wasp: Quantumania ရဲ့ ရုံတင်ငွေမအောင်မြင်မှုအပြီးမှာ Guardians of the Galaxy Vol. 3 ဟာ ဝင်ငွေရရှိမှုကိုပြန်လည်အဖတ်ဆယ်ပေးနေတဲ့ပုံပါပဲ။

Guardians of the Galaxy Vol. 3 ဟာ CinemaScore A အဆင့် ရရှိထားကာ Fast X ကတော့ CinemaScore B+ အဆင့်သာ ရရှိထားပါတယ်။ သို့ပေမယ့် Fast X နဲ့ Guardians of the Galaxy Vol. 3 ဟာ ပရိသတ်အားပေးမှုကို ကိုယ်စီရရှိထားပါတယ်။

လာမယ့် ရက်သတ္တပတ်အတွင်းမှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံကို ဘယ်သူကရရှိသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီလိုမျိုးရုံတင်ငွေရရှိမှုပမာဏမြင့်မားနေတဲ့အတွက် ရုပ်ရှင်နှစ်ကားစလုံးရဲ့ ဒစ်ဂျစ်တယ်အကြည်ဗားရှင်းထွက်ရှိလာမှုအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။