လာဘ်ပွင့်စေသောအရပ်

Astrology
လာဘ်ပွင့်စေသောအရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လာဘ်ပွင့်စေသောအရပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လာဘ်ပွင့်စေသောအရပ်

မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်မှာ ပရိဝါယ အာယု နဂရ ဘုမ္မိ ဂဟပတိ တေဇ ဌာန သီရိ ဆိုတဲ့ အရပ်တွေရှိပါတယ် နေ့သားတဦးချင်းအလိုက် အဲဒီအရပ်တွေ ကွာခြားမှုရှိပါသော်လည်း ရှာဖွေရမခက်ပါဘူး ဘုရားစေတီတွေရောက်တဲ့အခါ မိမိရဲ့ မွေးနံရှိရာအရပ်ဟာ ပရိဝါယ အရပ်ပါပဲ ပီးရင် လကျင်္ာရစ် အစဉ်လိုက်အာယု နဂရ ဘုမ္မိ ဂဟပတိ တေဇ ဌာန သီရိ ဆိုပီး အစဉ်လိုက်ယူသြားပါ

အဲဒီ အရပ်မျက်နှာတွေသိတော့ ဘာလုပ်ရမှာလဲလို့ မေးကြမှာပဲ
အဲဒီ အရပ်မျက်နှာတွေဟာ ကာယကံရှင်အတွက် အကြောင်းကိစ္စတွေပေါ်လာတဲ့အခါ သက်ဆိုင်ရာ အရပ်မျက်နှာတွေကို အသုံးပြုခြင်းအားဖြင့် ထိရောက်မြန်ဆန်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်ရာထူးတိုးလိုသူတွေ အင်တာဗျူးဖြေမဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ချင်သူတွေဟာ မိမိရဲ့ တေဇ အရပ်မှာ တမျက်စီးလှဲသန့်ရှင်းရေး ပြုလုပ်ပီး ပန်း ရေချမ်း ဆီမီး သို့မဟုတ် မိမိရဲ့မွေးနံ အစားအသောက်တွေကို ဆက်ကပ်လှူတန်းခြင်းဖြင့် မိမိရဲ့အလိုဆန္ဒတွေကို ပြည့်ဝစေနိုင်မှာဖြစ်ပါတယ် တပတ်ကို တကြိမ်ဖြစ်စေ နှစ်ပတ် တကြိမ်ဖြစ်စေ သွားရောက်လှူဒါန်းပေးခြင်းဖြင့်မိမိရဲ့ ဘုန်းကံ သြဇာအာဏာ တို့ဟာ တိုးတက်မြင့်မားလာစေပါလိမ့်မယ်

ဒါဆိုရင် အိမ်ကဘုရားဆောင်မှာကော လှူလို့မရဘူးလားလို့ မေးစရာရှိလာပါလိမ့်မယ် လှူတာကတော့ ဘယ်မှာလှူလှူ အတူတူပါပဲ သို့ပေမဲ့ အရပ်မျက်နှာတို့ရဲ့ အင်အားကြောင့် ပိုမိုထိရောက်လျင်မြန်စေခြင်းကို ဖြစ်စေတာမို့ အဲဒီအရပ်မျက်နှာကို ရွေးချယ်ရခြင်းပါ

နေရာဌာန တည်မြဲလိုသူပဲဖြစ်ဖြစ် အိုးပိုင်အိမ်ပိုင်ရလိုသူပဲဖြစ်ဖြစ်ဆန့်ကျင်ဖက်ပြောရရင် နေရာပြောင်းရွေ့လိုသူပဲဖြစ်ဖြစ် အိမ်ရောင်းလိုသူပဲဖြစ်ဖြစ် မိမိရဲ့ ဌာန ဆိုတဲ့အရပ်မှာ သန့်ရှင်းရေးပြုလုပ်ပီး ပန်း ရေချမ်း ဆီမီး သို့မဟုတ် မိမိမွေးနံ အစားအသောက်တွေကို တင်လှူပီး ကိုယ်အလိုရှိရာ ဆုတောင်းခြင်းဖြင့် လိုရာဆန္ဒပြည့်ဝစေမှာပါ

ထို့အတူ ကျန်းမာရေး မကောင်းသူတွေအတွက် အာယု အရပ်စီးပွားရေး အဆင်ပြေစေဖို့နဲ့ မိသားစုအတွက်ဆို နာဂရ အရပ်ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ လူချစ်လူခင်များဖို့ သီရိ အရပ်မကောင်းတဲအပေါင်းအဖေါ်ဘေးမှကင်းဝေးစေလိုရင် ပရိဝါယ အရပ်စသဖြင့် မိမိရဲ့ အလိုရှိသမျှ တွေဟာ အဲဒီအရပ်မျက်နှာတွေကို အားပြု ဆုတောင်းခြင်းဖြင့် လျင်မြန်စေပါတယ် တိုးတက်စေပါတယ် ဖြစ်ထွန်းစေပါတယ်

အခု ကျနော်ရေးပြမဲ့ အရပ်က လူတိုင်းအတွက် လာဘ်လာဘကိုပွင့်စေတဲ့ နေ့အလိုက်တည်ရှိနေတဲ့ အရပ်မျက်နှာကိုဆိုလိုတာပါ အဲဒီ အရပ်မျက်နှာကို သက်ဆိုင်ရာနေ့အလိုက် မျက်နှာမူဆန္ဒပြုပီး ကိုယ်လိုချင်တဲ့ လာဘ်လာဘကို တောင်းဆိုခြင်းပါပဲလာဘ်လာဘ ဆိုတာနဲ့ နေ့ချင်း ညချင်း သူဌေးဖြစ်လိမ့်မယ်လို့မထင်လိုက်ကြပါနဲ့ မိမိရဲ့လုပ်ငန်း မိမိရဲ့ဝင်ငွေ အလိုက် အရင်ထက်ပိုတဲ့ လာဘ်လာဘတွေကို ဆိုလိုတာပါ တဦးတယောက်ဆီက ငွေရစရာရှိတဲ့သူမျိုး ငွေအပေးအယူကိစ္စတွေချိန်းဆိုထားပီးအဆင်ပြေလိုတဲ့လူမျိုး ငွေကြေးအကူအညီတောင်းခံဖို့ သွားရောက်မဲ့လူမျိုးတွေအတွက် အဲဒီအရပ်မျက်နှာတွေဟာ ထူးထူးခြားခြားကို အလိုဆန္ဒပြည့်ဝစေမှာဖြစ်ပါတယ်

ဒါဖြင့်ရင် နေ့တိုင်းမျက်နှာမူဆုတောင်းနေလို့မရဘူးလားလို့မေးရင် ရပါတယ် ဒါပေမဲ့ဆုတောင်းစရာမလိုပဲ ဒီနေ့ငါအလိုရှိတဲ့ငွေရစေ ငါအလိုရှိတဲ့ငွေဝင်စေ ဆိုတဲ့ စေ ဆိုတဲ့ အမိန့်အာဏာကို အသုံးပြုရမှာဖြစ်ပါတယ်

လာဘ်လာဘကိုရရှိစေတဲ့ နေ့အလိုက် အရပ်မျက်နှာများ

လာဘ်လာဘကိုရရှိစေတဲ့ နေ့အလိုက် အရပ်မျက်နှာတွေက

အင်္ဂါနေ့ ကြာသပတေးနေ့မှာ အရှေ့အရပ်ကို မျက်နှာမူပါ

ဗုဒ္ဓဟူး နေ့မှာဆိုရင်တော့ အနောက်အရပ်

တနင်္ဂနွေနေ့ သောကြာနေ့မှာ တောင်အရပ်

တနင်္လာနေ့ စနေ နေ့မှာ မြောက်အရပ်ကို မျက်နှာမူပီး လိုချင်ရာရစေဆိုတဲ့အမိန့်အာဏာကို အသုံးပြုရမှာပါ ကိုယ်အလိုရှိရာကို ရရှိပီးရင်လဲ အဲဒီအရပ်လေးမျက်နှာ
မှာ တည်ရှိနေထိုင်ကြတဲ့ မြင်အပ် မမြင်အပ် လူပုဂ္ဂိုလ် သတ္တဝါအနန္တ ကို မေတ္တာ ပို့ခြင်းကို ပြုလုပ်ပေးနိုင်ရင် ပိုပီးအကျိုးရှိလာသလို လိုသမျှ အခြေအနေတိုင်းမှာလည်း လိုအင်ပြည့်စုံလာစေမှာဖြစ်ပါတယ်

နေ့တိုင်း အဲဒီ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ အရပ်ဆယ်မျက်နှာကို မေတ္တာပို့ပေးနေသူဖြစ်ရင် အလိုရှိတိုင်းမှာ လာဘ်လာဘအရပ်ကို မျက်နှာမူလိုက်တာနဲ့တင် လိုအင်ဆန္ဒပြည့်ဝစေမှာဖြစ်ပါတယ် ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ နေ့တိုင်း မေတ္တာ ပို့တဲ့အလုပ်ကို မိမိရဲ့နေ့စဉ် ပြုလုပ်ရမဲ့ တာဝန်တရပ်အနေဖြင့်ကြိုးစားပြုလုပ်သွားကြမယ်ဆိုရင်ဖြင့် မိတ်ဆွေတို့လိုအပ်တဲ့အချိန်နေ့အလိုက် အရပ်မျက်နှာကို အာရုံပြုလိုက်တာနဲ့တင် မိတ်ဆွေတို့အလိုဆန္ဒတွေဟာ တဖြည်းဖြည်းနဲ့ ပြည့်ဝလာပါလိမ့်မယ်

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။