လင်ယောင်္ကျားအရက်ပြတ်စေရန်အစွမ်းထက်ယတြာ

Astrology
လင်ယောင်္ကျားအရက်ပြတ်စေရန်အစွမ်းထက်ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လင်ယောင်္ကျားအရက်ပြတ်စေရန်အစွမ်းထက်ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လင်ယောင်္ကျားအရက်ပြတ်စေရန်အစွမ်းထက်ယတြာ

အိမ်ထောင်တခုမှာ အိမ်ထောင်ဦးစီးကောင်းမှ အိမ်ထောင် သာယာ စိုပြေပါတယ်။
လင်ယောင်္ကျား ကောင်းရင် ထိုမိသားစုဟာ ပတ်၀န်းကျင် ဆွေမျိုး မောင်နှမတွေအလယ်မှာမျက်နှာပွင့်ပါတယ်။ သားသားမီးမီးလေးတွေဟာ မိဘ မျက်နှာကြည့်ပြီး နေရသူတွေပါ။ ကလေးတွေ အတွက်သည် မိဘဟာ အရာရာပါပဲ။ မိဘမကောင်းရင် သားသမီး သည် တဘ၀ လုံး ကို စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရတတ်ပါတယ်။ လင် ဆိုး မယား တဖားဖား ဆိုသလို မိန်းမသည်လည်း ကိုယ့်ယောင်္ကျားကြောင့် ငိုရ ပူရ နဲ့ အသက်တိုနိုင်ပါတယ်။

အရက်မူး သွေးဆိုးတဲ့ ယောင်္ကျားတွေကြောင့် မိန်းမ နှင့်အတူ သားသမီးလေးတွေပါ ရိုက်ခံရ ဆူပူခံရ ကြိမ်းမောင်းခံရ တဘ၀လုံးကို အဓိပ္ပာယ် မဲ့စွာ ဖြတ်သန်းရနိုင်ပါတယ်။ ဒီလို အရက်အမြဲတမ်းသောက်လို့ စိတ်ဆင်းရဲနေရတဲ့ အိမ်ရှင်မ တွေအတွက် အရက်ပြတ်စေမယ့် ယတြာလေးတခုပြောပြချင်ပါတယ် ။

သူသောက်နေကျ အရက်ပုလင်းကိုယူ အရက်၀ယ် ထည့်ပါ။ ပြီးရင် သစ်ပင်ကြီးတပင်ဆီကိုသွား ၀ယ်လာတဲ့ အရက် နဲနဲကို သစ်ပင် အရင်းကို လောင်း။။ ဘယ်လိုလောင်းရမလဲဆို‌တော့ လောင်းရင်နဲ့ ပါးစပ်က ဒီလိုလေးပြော သူ့ရဲ့နာမည်ကိုခေါ် သူသောက်နေကျ အရက်‌တွေ သစ်ပင်အရင်းမှာကျေ သူသောက်သမျှ အရက်တွေ သောက်လို့မရပါစေနဲ့လိုပြော(၇)ခါပြော။ကျန်တဲ့ အရက်တွေ အိမ်သယ်လာ အရက်သောက်သူကိုတိုက် ”

(၇)ရက် ဆက်တိုက် အချိန်မှန် နေရာမှန်လေးသာ လုပ်ပေး သူ့ဘာသာ အရက်ပြတ်သွားလိမ့်မယ်။လုပ်ကြည့်ပါ အကျိုး ထူးပါတယ်လို့

အလကားနေရင်း ဘုရားသွားအပူကပ်ပြီး အရက်လှူပါတယ် သွားမလုပ်ကြပါနဲ့ ဘုရားက ယစ်မူးစေတဲ့အရာတွေကို ရှောင်ကြဉ်ခိုင်းသူပါ လို့ ဘုရားသွား လှူပြီးမှ သောက်မိတယ် ပြီးမှ ဘာဖစ်လိူ့ ဆိုတာက ကိုယ့်သစ္စာ ကိုယ်ဆူးတာပါနော် စိတ်က ဖြစ်တာပါ။
မေတ္တာဖြင့်

ရေးသားသူ – Kay Thi

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။