အစွမ်းထက်သော ငွေဝင်နည်း

Astrology
အစွမ်းထက်သော ငွေဝင်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစွမ်းထက်သော ငွေဝင်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစွမ်းထက်သော ငွေဝင်နည်း

မိမိဘဝမှာရရန်ရှိနေသည့် အခွင့်အရေးများ မရသေးတာတွေ ၊ လာဘ်လာဘပိတ်နေတာတွေ ၊ မြုပ်နေတဲ့ငွေတွေ အမြန်ဆုံးပြန်ပေါ်လာအောင် ပြုလုပ်ရတဲ့ယတြာတစ်မျိုးပါ။

လပြည့်နေ့ နံနက်စောစောတွင် မြေအောက် သို့ ရေအောက်တွင်နစ်မြုပ်နေသော ကျောက်တုံး တစ်တုံးအား ဖော်ပါ ရေဆေး သန့်စင်ပါ။ ငွေသားလက်စွပ်များ နှင့် ငွေသတ္တုများရှိပါက ရေစိမ်ထားပြီး ငွေရည်ဖြင့် ဆေးကြောစေပါ။ မရှိပါက ကောင်းမွန်သောရေ ၊ ပရိတ်ရေ စသည့် ရေများလည်း အသုံးပြုနိုင်ပါသည်။

ထို့နောက် ကျောက်တုံးကို ငွေမှင်ရောင် ၄ ၅ ထပ်ဆေးမှုတ်ပါ။ မှုတ်ဆေးထဲတွင် ငွေရောင်မှုတ်ဆေးများလည်း ရှိပါတယ်။ အရောင်တစ်လက်လက် ဖြစ်သည်ထိ ဆေးမှုတ်ပါ။ ငွေမှင်ရောင်သုတ်ထားသောကျောက်တုံးအား တနင်္လာနေ့နေ့ ၁၁နာရီအချိန်တွင် ဘဏ်တစ်ခု၏ ငွေသွင်းငွေထုတ်ရာ အနီးတစ်ဝိုက်တွင်ရှိ စားပွဲတစ်လုံး သို့ ကောင်တာပေါ်တွင်ခဏတင်ထားပေးပါ။

ငွေများများ ရှိသောနေရာ၏ ဟိတ်ဓာတ်ကို ယူခြင်း သဘောပါ။ မိမိမွေးနေ့နံက်မှစ၍မိမိအိမ် စျေးဆိုင် ရုံးခန်းအစရှိသည့် ဘုရားကျောင်းဆောင်ရှေ့တွင် ရွှေနားရစ်ထားသော ကြွေပန်းကန်ပေါ်တွင် ငွေမှင်သုတ်ထားသော ကျောက်တုံးကို တင်ပါ။ ကျောက်တုံးပေါ်တွင်အစိမ်းရောင် ဖယောင်းတိုင် တစ်တိုင် ထွန်း၍ အိမ်ရှိဘုရားအား နံနက် ည ဆီမီးပူဇော်ပေးပါ။ ပူဇော်နေစဉ်အချိန် ရှင်သီဝလိ ဆယ်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါက ထူးထူးခြားခြား လာဘ်လာဘ ပွင့်လန်းလာသည်ကို တွေ့ရပါလိမ့်မည်။

ရှင်သီဝလီဆယ်ဂါထာ မပူဇော်နိုင်ပါက ရှင်သီဝလီအချုပ်ဂါထာတော်အား ပူဇော်ပေးပါ။

ရှင်သီဝလိအချုပ်ဂါထာတော် – သီဝလိ စ မဟာထေရော၊ ဒေဝမနုဿ ပူဇိတော၊ သောရဟော ပစ္စယာဒီနံ၊ မဟာလာဘံ ကရောတု မေ၊ မဟာဓနံ ကရောတု မေ၊ မဟာသုခံ ကရောတု မေ။

ရေးသားသူ – လင်းညှို့တာရာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။