ထိုင်းအမျိုးသားတစ်ဦး၏ ဆီးလမ်းကြောင်းတွင် ပိတ်မိနေသာ အလေးချိန် ၇၀၀ ဂရမ်ကျော်ကျောက်ကို ခွဲထုတ်

International News
ထိုင်းအမျိုးသားတစ်ဦး၏ ဆီးလမ်းကြောင်းတွင် ပိတ်မိနေသာ အလေးချိန် ၇၀၀ ဂရမ်ကျော်ကျောက်ကို ခွဲထုတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းအမျိုးသားတစ်ဦး၏ ဆီးလမ်းကြောင်းတွင် ပိတ်မိနေသာ အလေးချိန် ၇၀၀ ဂရမ်ကျော်ကျောက်ကို ခွဲထုတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းအမျိုးသားတစ်ဦး၏ ဆီးလမ်းကြောင်းတွင် ပိတ်မိနေသာ အလေးချိန် ၇၀၀ ဂရမ်ကျော်ကျောက်ကို ခွဲထုတ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ မယ်ရင်မြို့နယ်ရှိ Nakornping ဆေးရုံတွင် ဆီးလမ်းကြောင်း၌ အလေးချိန် ၇၀၀ ဂရမ်ကျော်ရှိသော ကျောက်တည်ရောဂါခံစားနေရသည့် အသက် ၇၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ခွဲထုတ်ပေးခဲ့ရသည်ဟု ဆေးရုံ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။


.
အဆိုပါ အမျိုးသားသည် ဆီးစပ်အောင့်ခြင်း၊ ဆီးသွားနည်းခြင်း၊ ကိုကာကိုလာအရောင်ဆီးသွားခြင်း စသည့်လက္ခဏာများကို လေးငါးလကြားခံစားရပြီးနောက် ဆေးရုံရောက်ရှိလာချိန်တွင် ဓာတ်မှန်ရိုက် ကြည့်ရာက 10.2 × 8.6 စင်တီမီတာအရွယ်ရှိသော ကျောက်တည်နေသည်ကို တွေ့ရှိရ၍ ခွဲစိတ်ဆရာဝန် အဖွဲ့က ခွဲထုတ်ပေးခဲ့သည်။
.
ဆီးလမ်းကြောင်းတွင် တည်နေသောကျောက်ကို ခွဲထုတ်ပြီး အလေးချိန် ချိန်ကြည့်ရာ ၇၀၇.၆ ဂရမ်အထိ ရှိသည်ကို တွေ့ရှိရသည်ဖော်ပြထားသည်။


.
တဆက်တည်းတွင် ထိုင်းနိုင်ငံ၌ နှစ်စဉ်ဆီးလမ်းကြောင်းကျောက်တည်လူနာဦးရေ ၅ သောင်းကျော်ရှိ သည်ဟုဖော်ပြထားပြီး ၅ ရာခိုင်နှုန်းမှာ ဆီးအိမ်ကျောက်တည်ရောဂါဖြစ်သည်ဟု ဖော်ပြထားသည်။
.
ထို့ပြင် ဆီးလမ်းကြောင်းကျောက်တည်ရောဂါကို ကာကွယ်နိုင်ရန်အတွက် အစားအသောက်နှင့်လူနေမှု အလေ့အထပြောင်းလဲရန် အကြုံပြုထားသည်။
.
၁။ ရေများများသောက်ပါ : ရေများများမသောက်ရန် တားမြစ်ထားသောလူနာများမှလွဲ၍ တစ်နေ့လျှင် ဆီး ၂ လီတာထွက်သည်အထိ ရေလုံလောက်အောင်သောက်ပေးပါ။
.
၂။ ကျောက်အားပေးသောအစားအစာများကို လျှော့ချပါ ဥပမာ
– ယူရစ်အက်ဆစ် : အသား၊ ဝမ်းတွင်းသား၊ အညွန့်အမျိုးမျိုး၊ စိမ်းစားငါးပိ၊ အရက်ဘီယာ
– Oxalate : လက်ဖက်ရွက်၊ ဟင်းနုနွယ်၊ ဒေါက်ခွရွက်၊ ချောကလက် စသည်တို့တွင် အတွေ့များသည်၊ ဗီတာမင်စီကို ၁ နေ့လျှင် ၂၀၀၀ မီလီဂရမ်ထက်ပိုပြီး သောက်သုံးခြင်းမပြုရန်။
.
၃။ ကျောက်တည်ခြင်းကို ဟန့်တားပေးသောအစားအစာများ စားသုံးပေးပါ

– ဆစ်ထရစ် : လိမ္မော်သီးနှင့်သံပုရာသီးတွင် အတွေ့များသည်။
– အမျှင်ဓာတ်မြင့်မားသောအစားအစာ : ကျောက်တည်စေသောဓာတ်များစုပ်ယူခြင်းကို ဟန့်တားပေးသည်။

၄။ ကယ်လစီယမ်ဓာတ်ကို နေ့စဉ်လိုအပ်သည့်ပမာဏနှင့်အညီ သောက်သုံးပါ

၅။ အငံဓာတ်လျှော့စားပါ၊ ကာဗိုဟိုက်ဒရိတ်လျှော့စားပါ၊ ကိုယ်အလေးချိန်လျှော့ချပါ။

ရေးသားသူ – Mingalapar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။