The Expendables 4 ရုပ်ရှင်ကားသစ်မှာ မပါဝင်ထားဘူးဆိုတဲ့ အာနိုးရှဝါဇနက်ဂါ

Celebrity International News
The Expendables 4 ရုပ်ရှင်ကားသစ်မှာ မပါဝင်ထားဘူးဆိုတဲ့ အာနိုးရှဝါဇနက်ဂါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ The Expendables 4 ရုပ်ရှင်ကားသစ်မှာ မပါဝင်ထားဘူးဆိုတဲ့ အာနိုးရှဝါဇနက်ဂါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

The Expendables 4 ရုပ်ရှင်ကားသစ်မှာ မပါဝင်ထားဘူးဆိုတဲ့ အာနိုးရှဝါဇနက်ဂါ

The Expendables 4 ရုပ်ရှင်ကားသစ်မှာ သူ မပါဝင်ထားဘူးလို့ အသက် ၇၅ နှစ်အရွယ် ဝါရင့်မင်းသားကြီး အာနိုးရှဝါဇနက်ဂါက အတည်ပြုခဲ့ပါတယ်။ ရှေ့မှာ ထွက်ရှိခဲ့ပြီးတဲ့ The Expendables ၃ ကားမှာ ထရန်ချ် မော်ဆာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူက စက်တင်ဘာမှာ ရုံတင်ပြသမယ့် ဒီ ၄ ကားမြောက်မှာတော့ မပါဝင်ဖြစ်တော့ပါဘူး။

“ဒီဇာတ်ကား ရိုက်ပြီးသွားပါပြီ။ အဲဒီကားမှာ ကျွန်တော်မပါပါဘူး။ အရင်က ကျွန်တော်တို့ ရိုက်ကူးခဲ့တာကို မင်းတို့ သိကြပါတယ်။ ကျွန်တော် အဲဒီကနေ ထွက်လိုက်တယ်”လို့ အာနိုးက ပြောပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Expendables ပထမဇာတ်ကားမှာတော့ မင်းသားစတားလုံးကြောင့် ဧည့်သည်အဖြစ် စပါဝင်ဖြစ်ခဲ့တယ်။ နောက် ၂ ကားမှာလည်း ထပ်ပြီးပါဝင်ပေးဖို့ စတားလုံးက တောင်းဆိုခဲ့တယ်လို့ သူ ဖွင့်ဟခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ The Expendables ၄ ကားမြောက်ဇာတ်ကားကို ရိုက်ကူးဖို့လုပ်နေတယ်လို့ အတည်ပြုခဲ့တာပါ။ အတည်ပြုပြီး ၂ လအကြာမှာ ရိုက်ကူးရေးစတင်ခဲ့ပြီး ဒီဇင်ဘာမှာ အဆုံးသတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ မင်းသားကြီး အာနိုးက အက်ရှင်ဟာသ Netflix စီးရီး Fubar မှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီစီးရီးကို Netflix ကနေ ဇွန် ၇ ရက်နေ့ ပြသမှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။