ကုမ္ပဏီညစာစားပွဲရဲ့ Squid Game ပုံစံ ဂိမ်းအစီအစဉ်မှာ ဒေါ်လာ ၁၄၀၀၀ ဆွတ်ခူးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား

International News
ကုမ္ပဏီညစာစားပွဲရဲ့ Squid Game ပုံစံ ဂိမ်းအစီအစဉ်မှာ ဒေါ်လာ ၁၄၀၀၀ ဆွတ်ခူးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုမ္ပဏီညစာစားပွဲရဲ့ Squid Game ပုံစံ ဂိမ်းအစီအစဉ်မှာ ဒေါ်လာ ၁၄၀၀၀ ဆွတ်ခူးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကုမ္ပဏီညစာစားပွဲရဲ့ Squid Game ပုံစံ ဂိမ်းအစီအစဉ်မှာ ဒေါ်လာ ၁၄၀၀၀ ဆွတ်ခူးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား

အသက် ၄၂ နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဟာ မေလ ၂၇ ရက်နေ့က သူ့ကုမ္ပဏီရဲ့နှစ်ပတ်လည်ညစာစားပွဲအတွင်း ပြုလုပ်တဲ့ ဂိမ်းအစီအစဉ်မှာ ဆုငွေ ဒေါ်လာ ၁၄၀၀၀ (စင်ကာပူဒေါ်လာ ၁၈၈၈၈) ရရှိခဲ့ပါတယ်။ အဲဒီဂိမ်းက နာမည်ကြီးကိုရီးယားစီးရီး Squid Game လိုပုံစံဖြစ်ပြီး “Go Big or Go Home” လို့ အမည်ရပါတယ်။

အဲဒီဂိမ်းမှာ Squid Game ထဲက မီးနီ၊ မီးစိမ်းဂိမ်းလို ဂိမ်းတွေပါဝင်ပြီး တက်ရောက်ခဲ့တဲ့ ဝန်ထမ်း ၂၁၀ ဦး ပါဝင်ကစားခဲ့ကြပါတယ်။ Pollisum Engineering ကုမ္ပဏီညစာစားပွဲအခမ်းအနားကို Squid Game ပုံစံမျိုးပြင်ဆင်ထားကြပါတယ်။ စင်ကာပူဒေါ်လာတွေနဲ့ပြည့်နေတဲ့ လေပူဖောင်းကို ချိတ်ဆွဲထားပါတယ်။ ညစာစားပွဲတက်ရောက်သူတချို့ဟာ Squid Game စီးရီးထဲက အနီရောင်ဝတ်စုံကို ဝတ်ဆင်လာကြပါတယ်။

ဆုငွေ ဒေါ်လာ ၁၄၀၀၀ ရသွားခဲ့တဲ့ ဆယ်လ်ဗမ် အာရူမူဂမ်က ကုမ္ပဏီရဲ့ ဝန်ချီစက်မောင်းနှင်သူတစ်ယောက်ဖြစ်ပြီး ဂိမ်းပြိုင်ပွဲမှာ ဂိမ်းအားလုံးကို အောင်မြင်စွာ အနိုင်ရခဲ့တာပါ။ အနိုင်ရသူအဖြစ် ကြေညာခံခဲ့ရပြီး သူ့ရဲ့ ၁ နှစ်ခွဲ လစာနဲ့ ညီမျှတဲ့ ဒေါ်လာ ၁၄၀၀၀ ပမာဏပါတဲ့ ပိုက်ဆံပန်းစည်းကို အိမ်သယ်သွားနိုင်ခဲ့ပါတယ်။

ဆုငွေကြေညာတဲ့အချိန်မှာ ဆယ်လ်ဗမ်က ဝမ်းသာလွန်းပြီး ဒူးထောက်ချကာ ဦးညွတ်ခဲ့ပါတယ်။ ဆုချီးမြှင့်တဲ့အချိန်မှာလည်း သူ စိတ်လှုပ်ရှားနေတဲ့အတွက် ပါးစပ်ရှေ့မှာ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံသားဖြစ်တဲ့ သူက ဒီဆုငွေတွေကို သူ့မိသားစုအတွက် သုံးသွားဖို့ အစီအစဉ်ရှိပါတယ်။ သူက ချစ်ရတဲ့သူတွေအတွက် မြေကွက်ဝယ်ပြီး အိမ်ဆောက်ပေးချင်တာပါ။ သူတို့အတွက် ဘေးကင်းလုံခြုံတဲ့အိမ်တစ်လုံးဆောက်ပေးဖို့က သူ့တစ်သက်တာအိပ်မက်ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ရွာလေးတစ်ရွာကနေ လာတဲ့ သူက အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ ကလေး (၃) ဦးကို ထောက်ပံ့ပေးဖို့ မျှော်လင့်ချက်နဲ့ စင်ကာပူကို အလုပ်လာလုပ်ခဲ့တာပါ။ သူ့ရဲ့အစ်ကိုနှစ်ယောက်လုံးက သေဆုံးသွားပြီးနောက် သူတို့ရဲ့ဇနီးနဲ့ ကလေးတွေ ကျန်ရစ်ခဲ့ကြတာကြောင့် အခုဆို သူ့ကို ငွေကြေးအရ မှီခိုနေရတဲ့ မိသားစုဝင် ၁၇ ဦးရှိနေပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။