ဝိုင်နဲ့ချောကလက်တို့က အသက်ရှည်ရှည်နေစေနိုင်

Health Knowledge
ဝိုင်နဲ့ချောကလက်တို့က အသက်ရှည်ရှည်နေစေနိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝိုင်နဲ့ချောကလက်တို့က အသက်ရှည်ရှည်နေစေနိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝိုင်နဲ့ချောကလက်တို့က အသက်ရှည်ရှည်နေစေနိုင်

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဘဝနေထိုင်မှုက ဘဝမှာ တစ်ခုတည်းသော ကောင်းတဲ့အရာပါပဲ။ တစ်နေ့တာစားသုံးတဲ့ အစားစာတွေကလည်း သင့်တင့်မျှတမှုရှိမှသာ ကျွန်တော်တို့တွေ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ချောကလက်နဲ့ဝိုင်တွေကလည်း ကျန်းမာရေးအတွက် အရမ်းဆိုးတဲ့အရာတွေထဲမှာ မပါဝင်ပါဘူးဆိုတာကို လေ့လာချက်တစ်ခုက ဆိုပါတယ်။ ချောကလက်နဲ့ ဝိုင်တွေကို ကျန်းမာရေးနဲ့ညီညွှတ်အောင် ပုံမှန်စားသုံးပေးခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ thayဆုံးမှုမဖြစ်အောင် (၃၀) ရာခိုင်နှုန်းဖြတ်တောက်ပေးနိုင်ကြောင်း လေ့လာချက်အသစ်အရ သိရှိရပါတယ်။

ဆရာဝန်တွေနဲ့ ညွှန်ကြားသူတွေက အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အမျှင်ဓာတ်ကြယ်ဝတဲ့အစားအစာ၊ ပရိုတင်းဓာတ်နဲ့ အစေ့အဆံတွေကို စားသုံးပေးဖို့အကြံပေးတဲ့အပြင် ဝိုင်တစ်ခွက်နဲ့ ကျန်းမာရေးညီညွှတ်တဲ့အစားအစာ(သို့) ချောကလက်ကို အချိုတည့်ပေးခြင်းကလည်း အသက်ရှည်ရှည် နေနိုင်စေတယ်လို့ ဆိုပါတယ်။

အသက်အရွယ် (၄၅-၆၃)နှစ်ကြားပါဝင်သူ ၆၈,၀၀၀ကျော်နဲ့ လေ့လာစမ်းသပ်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်စွာ ဝိုင်၊ ချောကလက်တို့ကို စားသုံးခဲ့တဲ့လူတွေက မစားသုံးတဲ့သူတွေထက် ပိုပြီးကျန်းမာသန်စွမ်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ချောကလက်၊ ဝိုင်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဘီယာတို့က ရောဂါကို ကာကွယ်နိုင်စွမ်းမြှင့်တတ်စေတဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်ကို တိုးတတ်ကောင်းမွန်စေတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ပြည့်နေတာဖြစ်ပါတယ်။

ချောကလက်ကို တစ်နေ့ကို ၁၀၀ ဂရမ်စားသုံးမယ်ဆိုရင် အသည်းရဲ့ အင်ဇိုင်းဓာတ်တွေကို တိုးတတ်စေပြီး ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာကိုလည်း တွေ့ရှိရပါတယ်။ ဝိုင်ကိုလည်း တန်ဆေးလွန်ဘေးမဖြစ်အောင် အလွန်အကျွံမသောက်သုံးပဲ ဆေးဖြစ်ဝါးဖြစ်သာ ချင့်ချိန်သောက်သုံးပေးမယ်ဆိုရင် အသက်ရှည်ရှည်နေနိုင်တယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။