လူthetကားနဲ့မှုခင်းစာအုပ်တွေကို စွဲလမ်းလွန်းပြီး စူးစမ်းလိုစိတ်နဲ့ လူthetမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီး

International News
လူthetကားနဲ့မှုခင်းစာအုပ်တွေကို စွဲလမ်းလွန်းပြီး စူးစမ်းလိုစိတ်နဲ့ လူthetမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူthetကားနဲ့မှုခင်းစာအုပ်တွေကို စွဲလမ်းလွန်းပြီး စူးစမ်းလိုစိတ်နဲ့ လူthetမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူthetကားနဲ့မှုခင်းစာအုပ်တွေကို စွဲလမ်းလွန်းပြီး စူးစမ်းလိုစိတ်နဲ့ လူthetမှုကျူးလွန်ခဲ့တဲ့ အမျိုးသမီး

လူthetမှုကို ပုံဖော်ထားတဲ့ တီဗီရှိုးတွေနဲ့ စာအုပ်တွေအပေါ် စွဲလမ်းလွန်းတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စူးစမ်းလိုစိတ်နဲ့ ကျူတာဆရာမတစ်ဦးကို thetပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ ဂျွန်ယိုဂျွန်ဆိုတဲ့ ကောင်မလေးဖြစ်ပြီး၊ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘူဆန်မှာ အဖမ်းခံခဲ့ရပါတယ်။ သောကြာနေ့မှာတော့ လူthetမှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ဂျွန်ယိုဂျွန်က ကျူတာဆရာမကို ရည်ရွယ်ချက်ရှိရှိ thetပြီး အပိုင်းပိုင်းဖြတ်တောက်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ ဒီသတင်းကို တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးနေ့စဉ်သတင်းစာ The Chosun Ilbo မှာ ဖော်ပြထားပါတယ်။

ဂျွန်ယိုဂျွန်က လူthetကားတွေကြည့်၊ မှုခင်းစာအုပ်တွေဖတ်ပြီး လူthetမှုကို ကျူးလွန်ချင်စိတ်ဖြစ်လာခဲ့တာကြောင့် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုကြောင်း The Chosun IIbo က ထုတ်ပြန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရက်ရက်စက်စက်အthetခံခဲ့ရတဲ့အမျိုးသမီးရဲ့သရုပ်မှန်ကို လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိပါဘူး။

လူthetမှုကျူးလွန်ခဲ့သူ ဂျွန်ယိုဂျွန်က ကျူတာဆရာမကို အွန်လိုင်းမှာ ရှာတွေ့ခဲ့တာပါ။ အစပိုင်းမှာ သူက ကိုးတန်းကျောင်းသူရဲ့မိခင်အဖြစ် ဟန်ဆောင်ပြီး သူ့သမီးအတွက် အင်္ဂလိပ်စာသင်ပေးဖို့ သီးသန့်ကျူရှင်ဆရာမရှာတဲ့ပုံစံမျိုးလုပ်ခဲ့တာပါ။ လူthetမှုမကျူးလွန်ခင် ၃ လကတည်းက အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့အချက်အလက်တွေကို အွန်လိုင်းမှာ ရှာဖွေနေခဲ့တာကို သူ့ရဲ့ဖုန်းမှတ်တမ်းတွေမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ဂျွန်က သူthetမယ့်သူကို ရှာဖို့ tutoring app တစ်ခုကို အသုံးပြုခဲ့တာပါ။ လူthetမှုမတိုင်ခင် ၂ ရက်မှာ သူဟာ ကျူတာဆရာမကို ဆက်သွယ်ခဲ့ပြီး ဆရာမရဲ့အိမ်ကို သူ့သမီး လိုက်ပို့ပေးပြီးတော့ ကျောင်းကိစ္စ တိုင်ပင်ဆွေးနွေးဖို့စီစဉ်ခဲ့တယ်။ လူthetမယ့်နေ့မှာ အွန်လိုင်းက ဝယ်ယူခဲ့တဲ့ ကျောင်းဝတ်စုံကို ဝတ်ပြီး ကျူတာဆရာမရဲ့အိမ်ကို သွားခဲ့တယ်။ ဆရာမက သူ့ကို ကျောင်းသူလို့ထင်ခဲ့တာကြောင့် အိမ်တံခါးကို ဖွင့်ပေးတဲ့အချိန် ဂျွန်က ဓားနဲ့ ဆရာမကို ထိုးခဲ့တယ်။ ဆရာမကို thetပြီးတော့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး ပါလာတဲ့ အမှိုက်အိတ်တွေထဲ ထည့်ခဲ့တယ်။ အဲ့ဒီနောက် ခရီးဆောင်အိတ်တစ်လုံးအတွင်း ထည့်ပြီး ယူသွားခဲ့တယ်။

Nakdong River အနီးနားက တောအုပ်တစ်ခုဆီ တက္ကစီငှားပြီး အဲဒီအိတ်ကို တောအုပ်ထဲ ထားပစ်ခဲ့တယ်။ ဂျွန်က ဆရာမ ပျောက်သွားတယ်လို့ထင်အောင် ဆရာမရဲ့ဖုန်း၊ အိုင်ဒီကတ်၊ ပိုက်ဆံအိတ်တွေကို သိမ်းထားခဲ့တယ်။ တက္ကစီသမားက ဂျွန်ကို သံသယဝင်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကြောင့် ဂျွန်ရဲ့လူthetမှုပေါ်လာခဲ့တာပါ။

အစပိုင်းမှာ ဂျွန်က အဲဒီအမျိုးသမီးနဲ့ စကားများပြီး thetမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောခဲ့တာပါ။ စုံစမ်းစစ်ဆေးသူတွေက ဂျွန်ပြောဆိုတာတွေဟာ ရှေ့နောက်မညီတာကို တွေ့ခဲ့ရတယ်။ သူ့မိသားစုက အမှန်တရားပြောဖို့ ဂျွန်ကို တိုက်တွန်းခဲ့တဲ့အတွက် နောက်ဆုံးမှာ သူ ဝန်ခံခဲ့တာပါ။ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အချိန် ဂျွန်က “ကျွန်မ စိတ်လွတ်သွားတယ်ထင်တယ်”တဲ့။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။