မျိုးသုန်းမယ့်အန္တရာယ်ရှိနေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင် မွေးဖွားနိုင်ခဲ့

International News Knowledge
မျိုးသုန်းမယ့်အန္တရာယ်ရှိနေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင် မွေးဖွားနိုင်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျိုးသုန်းမယ့်အန္တရာယ်ရှိနေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင် မွေးဖွားနိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျိုးသုန်းမယ့်အန္တရာယ်ရှိနေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင် မွေးဖွားနိုင်ခဲ့

မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ် ဆိုးဆိုးရွားရွား ကြုံတွေ့နေတဲ့ ဆူမားတြားကြံ့မျိုးစိတ် သားပေါက်တစ်ကောင်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ဆူမားတြားကြံ့မျိုးစိတ် အကောင် ၅၀ ထက် နည်းပါးနေပြီး အင်ဒိုနီးရှား တစ်နိုင်ငံတည်းမှာပဲ တွေ့ရတော့တာပါ။

A critically endangered Sumatran rhino named Delilah successfully gives  birth in Indonesia

ပြီးခဲ့တဲ့စနေနေ့က လမ်ဖန်းပြည်နယ် Way Kambas အမျိုးသားဥယျာဉ်ထဲမှာ ကျက်စားတဲ့ ဆူမားတြားကြံ့မကြီး ဒေလီလာက ခန္ဓာကိုယ်အလေးချိန် ၅၅ ပေါင်ရှိတဲ့ ကြံ့သားပေါက်လေးကို မွေးဖွားခဲ့တာပါ။ ဒါဟာ ၂၀၂၃ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ဆူမားတြား ကြံ့မျိုးစိတ်တစ်ကောင် ဒုတိယအကြိမ် သားပေါက်မှု ဖြစ်ပါတယ်။

ကြံ့မိခင်နဲ့ ကြံ့သားပေါက်လေး ၂ ကောင်လုံး ကျန်းကျန်းမာမာ ရှိပြီး ကြံ့သားပေါက်လေးကတော့ မွေးပြီး သိပ်မကြာခင်မှာပဲ လမ်းထလျှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။