ချစ်သူတွေအတွက် ဂဏန်းဗေဒင်

Astrology

ကိုယ့်ကိုချစ်ရေးဆိုတဲ့သူ ကိုယ့်ချစ်သူ ကိုယ့်ကို တကယ် ချစ်မချစ် သိချင်ရင်တော့ ဒီဂဏန်းဗေဒင်လေးလည်း တွက်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

အမည်ဗျည်း ဗေဒင် သင်္ချာဂဏန်း

ကိုယ့်ကို ချစ်စကား လာပြောတဲ့ သူရဲ့နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေ ပြောင်းပါ ။ ဗျည်းကိုသာယူပါ။
အ ၊ ဥ ၊သြ – ၁
က ၊ ခ ၊ ဂ ၊ ဃ ၊ င – ၂
စ ၊ ဆ ၊ ဈ ၊ ဇ ၊ ည – ၃
ယ ၊ ရ ၊လ ၊ဝ – ၄
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ – ၅
သ ၊ ဟ – ၆
တ ၊ ထ ၊ ဒ ၊ ဓ ၊ န – ၇
ဥပမာ ကိုအောင်ကျော်ဌေး ဆိုပါတော့ အရှေ့က ( ကို ၊ မောင် ၊ဦး ၊ စိုင်း ) အစရှိ တာတွေကိုဖယ်
အောင်ကျော်ဌေး = အ + က + ဌ = ၁ + ၂ + ၇ =၁၀ အဲဒီလို ပေါင်းပါ။
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက် ၊ ကိုယ့်ရဲ့မွေးနံ သင်္ချာ ဂဏန်းနဲ့ပေါင်းထားပါ။

မွေးနေ့ မွေးနေ့သင်္ချာဂဏန်း

တနင်္ဂနွေ– ၁
တနင်္လာ – ၂
အင်္ဂါ– ၃
ဗုဒ္ဓဟူး – ၄
ကြာသပတေး – ၅
သောကြာ – ၆
စနေ – ၇
ကိုယ့်အသက်က (၂၅) ဆိုပါစို့ ။ (၂၄) နှစ် ပြည့်ပြီးရင်လဲ (၂၅) ပဲနော်။

ကြာသာပတေးနေ့ မွေးတယ်ဆိုရင်
ချစ်ရေးဆိုခံရသူ အသက် =၂၅
ချစ်ရေး ဆိုခံရသူ မွေးနေ့သင်္ချာနံ =ကြာသပတေး = ၅
အသက် + မွေးနေ့သင်္ချာ = ၂၅ + ၅ = ၃၀
အဆင့် (၁) ကရလဒ် နဲ့ အဆင့် (၂ ) ကရလဒ်နဲ့ နှစ်ခုပေါင်းပြီး ၇ နဲ့စားပါ ။
အကြွင်းကို ကြည့်ပါ
အကြွင်းကို ကြည့်ပါ
အဆင့် (၁) ရလဒ် = ၁၀
အဆင့်(၂)ရလဒ် = ၃၀
နှစ်ခုပေါင်းတော့ ၁၀ + ၃၀ = ၄၀
၄၀ ကို ၇ နဲ့စားတော့ အကြွင်းက ၅

(အကြွင်း ၁)
သူ့စကားက မှန်ပါတယ် ။ ကိုယ့်ကို တကယ်ချစ်နေတာပါ ။ ဒါပေမဲ့လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ် မစဉ်းစားသေးဘူးနော် . လက်ထပ်မယ်လို့ပြောလာရင်လည်း အပေါ်ယံပြောတာပါ။

(အကြွင်း ၂)
သူ့အချစ်က စံတင်လောက်တယ် ။ သူကိုယ့်ကို တကယ်ချစ်နေတာပါ ။သူ့ဘ၀ ၊ သူ့အချစ်အားလုံးကို ပုံအပ်ပြီး ကိုယ့်ကို စောင့်နေတာပါ။ ကိုယ်သဘောကျ လက်ခံနိုင်လောက်တဲ့ အနေအထားရှိတယ်ဆိုရင် လက်ခံလိုက်ပါ။ ကိုယ်က လက်ထပ်ဖို့မစဉ်းစားသေးရင် သူနောက်ဆုတ်သွားမှာပါ ။ ကိုယ့်ကို အနှောက်အယှက်ပေးမဲ့သူ မဟုတ်ပါဘူး။

(အကြွင်း ၃)
တကယ် မျက်နှာများတဲ့သူပါ။ ကိုယ့်ကို သဘောကျလို့ တွဲချင်တာပဲရှိပါတယ် ။ လေးလေးနက်နက် ချစ်နေတဲ့သူတော့
မဟုတ်ပါဘူးနော် ။ လက်ထပ်ပေါင်းသင်းဖို့နေနေ သာသာ ရေရည် ချစ်ပါ့မလားတောင် မသေချာပါဘူး။

(အကြွင်း ၄)
တကယ်ချစ်နေတာပါ ။ ကိုယ့်ကိုမြတ်နိုးနေတာမှ သဲသဲလှုပ်ပါပဲ ။ ကိုယ့်အလိုကိုလိုက်ပြီး ကိုယ့်မျက်နှာအညှိုးမခံရအောင်
တကယ်ဆောင်ရွက်ပေးမှာပါ။ လက်ခံလို့ရပါတယ် ။ သူ့ဘက်ကတော့ သေချာပါတယ်။

(အကြွင်း ၅)
လက်ထပ်ဖို့အချိန်လေးတော့ ယူပါဦးမယ့် အခြေအနေပါ။

(အကြွင်း ၆)
တကယ်ကောင်းတဲ့လူပါ ။တကယ် လက်ထပ်သင့်တဲ့သူပါ။ ကိုယ့်မိဘ ကိုယ့်အသိုင်းအသိုင်း သူ့မိဘ သူ့အသိုင်းအဝိုင်းသာ စပ်ဟပ်လို့ ရရင်တော့ လက်ထပ်လိုက်လို့ ရပါပြီ။

Leave a Reply