အနုပညာအလုပ်ကနေ (၁) နှစ်လောက်အနားယူတော့မယ်ဆိုတဲ့ တွမ်ဟော်လန်

Celebrity International News
အနုပညာအလုပ်ကနေ (၁) နှစ်လောက်အနားယူတော့မယ်ဆိုတဲ့ တွမ်ဟော်လန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနုပညာအလုပ်ကနေ (၁) နှစ်လောက်အနားယူတော့မယ်ဆိုတဲ့ တွမ်ဟော်လန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်ကနေ (၁) နှစ်လောက်အနားယူတော့မယ်ဆိုတဲ့ တွမ်ဟော်လန်

စပိုက်ဒါမန်းအဖြစ် ပရိသတ်တွေ သိကြတဲ့ မင်းသား တွမ်ဟော်လန်က Apple+ တီဗီစီးရီးသစ် The Crowded Room ရိုက်ကူးပြီးနောက် တစ်နှစ်လောက် အနားယူတော့မယ်လို့ ပြောပါတယ်။ စိတ်ပညာဆိုင်ရာစီးရီးမှာ အမှုဆောင်ထုတ်လုပ်သူလည်းဖြစ်ခဲ့တဲ့ သူက ဒီစီးရီးမှာ သရုပ်ဆောင်ရတာနဲ့ ထုတ်လုပ်တာနှစ်ခုစလုံးကို နှစ်သက်ပေမဲ့ ဒါဟာ သူ့အတွက် ခက်ခဲတဲ့အချိန်ဖြစ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် တွမ်ဟော်လန်က ဒီစီးရီးဟာ သူ့ကို အနုပညာအလုပ်ကနေ အချိန်ခဏ အနားယူအောင် လုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ အချိန်တစ်ခုရောက်လာခဲ့တယ်။ ကျွန်တော် ပျောက်သွားခဲ့တယ်။ မက္ကဆီကို ကို တစ်ပတ်လောက်သွားခဲ့ပြီး ကမ်းခြေမှာ အချိန်ကုန်ဆုံးဖြစ်ခဲ့တယ်။ အခု ကျွန်တော် ၁ နှစ် အနားယူတော့မယ်။ ဒါက ဘယ်လောက် ဒီစီးရီးခက်ခဲလဲဆိုတဲ့ ရလဒ်ပါပဲ”လို့ တွမ်က ဆိုပါတယ်။

The Crowed Room ကို ဇွန်လ ၉ ရက်နေ့မှာ AppleTV+ ကနေ ပြသမှာဖြစ်ပြီး အပိုင်း (၁၀) ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ဒီစီးရီးက ၁၉၇၉ ခုနှစ်၊ နယူးယောက်မြို့မှာ ဇာတ်အိမ်တည်ထားပြီး တွစ်ဟော်လန်သရုပ်ဆောင်ထားတဲ့ ဒန်နီ ဆူလ်လီဗန်က ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှုတစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရကာ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ဒါကို ဖြေရှင်းဖို့ ကြိုးစားပါတယ်။ ဒန်နီ ဆူလ်လီဗန်က တရားရုံးမှာ multiple personality disorder စိတ်ရောဂါကို ခုခံကာကွယ်မှုတစ်ခုအဖြစ် အသုံးချသွားတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဘီလီ မီလီဂန်ကို အခြေခံထားတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။