ကောလိပ်ဘွဲ့ရတော့မယ့် ၁၄ နှစ်ကောင်လေးက အီလွန်မက်စ်ရဲ့ Space X မှာ အလုပ်လုပ်ခွင့်ရခဲ့

International News
ကောလိပ်ဘွဲ့ရတော့မယ့် ၁၄ နှစ်ကောင်လေးက အီလွန်မက်စ်ရဲ့ Space X မှာ အလုပ်လုပ်ခွင့်ရခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောလိပ်ဘွဲ့ရတော့မယ့် ၁၄ နှစ်ကောင်လေးက အီလွန်မက်စ်ရဲ့ Space X မှာ အလုပ်လုပ်ခွင့်ရခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကောလိပ်ဘွဲ့ရတော့မယ့် ၁၄ နှစ်ကောင်လေးက အီလွန်မက်စ်ရဲ့ Space X မှာ အလုပ်လုပ်ခွင့်ရခဲ့

အီလွန်မက်စ်ရဲ့Space X က လာမယ့်စနေနေ့ကျ ကောလိပ်ဘွဲ့ရတော့မယ့် အသက် ၁၄ နှစ်ကောင်လေးကို အလုပ်ကမ်းလှမ်းထားပါတယ်။ ကိုင်ရန် ကွာဇီဆိုတဲ့ အဲဒီကောင်လေးက ကွန်ပျူတာသိပ္ပံနဲ့ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဘွဲ့ကို Santa Clara University ကနေ ရရှိမယ့် အငယ်ဆုံးဘွဲ့ရတစ်ယောက်ဖြစ်မှာပါ။

အခုဆို သူဟာ အီလွန်မက်စ်ရဲ့အာကာသယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှာ အလုပ်ကောင်းကောင်းတစ်ခုရရှိထားပါပြီ။ နောက်လမှာ ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် အလုပ်စလုပ်ရတော့မှာပါ။

ကိုင်ရန်က တတိယတန်းမှာ ရွယ်တူအတန်းတူတွေနဲ့မတူဘဲ ကွာခြားတယ်ဆိုတာ သိခဲ့ရတာပါ။ သူဟာ အိုင်ကျူမြင့်တဲ့အပြင် သူ့ကို ပိုပြီး ရင့်ကျက်သွားစေတဲ့ အီကျူလည်းမြင့်တယ်ဆိုတာ သူ့မိသားစုက သတိထားမိခဲ့ပါတယ်။ သူ့အသက် ၉ နှစ်မှာ Las Positas Community Collage ကို တက်ရောက်ခဲ့တယ်။ အသက် ၁၁ နှစ်ကျမှ Santa Clara University ကို တက်ရောက်ခဲ့တာပါ။ Santa Clara University ကို မတက်ခင် ကိုင်ရန်က Intel Labs မှာ အလုပ်သင်အနေနဲ့ အလုပ်စပြီးလုပ်ခဲ့တာပါ။

အခု ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ ကိုင်ရန်က Space X မှာ နောက်လကျ အလုပ်လုပ်ရတော့မှာဖြစ်တဲ့အတွက် သူ့အမေနဲ့အတူ ဝါရှင်တန်ပြည်နယ်မှာ ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။