ကိုယ့်မှာ အိပ်မက်မကောင်းတာ မက်ထားပြီဆိုလို့ရှိရင် နံနက်မိုးသောက်အလင်းရောက်ရင် ဘာလုပ်ရမလဲ

Astrology Religion
ကိုယ့်မှာ အိပ်မက်မကောင်းတာ မက်ထားပြီဆိုလို့ရှိရင် နံနက်မိုးသောက်အလင်းရောက်ရင် ဘာလုပ်ရမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ့်မှာ အိပ်မက်မကောင်းတာ မက်ထားပြီဆိုလို့ရှိရင် နံနက်မိုးသောက်အလင်းရောက်ရင် ဘာလုပ်ရမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်မှာ အိပ်မက်မကောင်းတာ မက်ထားပြီဆိုလို့ရှိရင် နံနက်မိုးသောက်အလင်းရောက်ရင် ဘာလုပ်ရမလဲ

မကောင်းတဲ့အိပ်မက်တွေ မက်တဲ့အခါ ဒီဂါထာလေး ရွတ်ဖတ်လိုက်ပါ။ နံနက်မိုးသောက် အလင်းရောက်လို့ ကိုယ့်စိတ်ထဲမှာ အိပ်မက် မကောင်းတာ မက်ပြီဆိုလို့ရှိရင် ဘာလုပ်မလဲ။

ဘုရားကိုရှိခိုး အာရုံပြုပြီးတဲ့အခါမှာ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ’မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသမေန္တု။ တရားကို အာရုံပြုပြီးတဲ့အခါမှာ ဓမ္မာနုဘာဝေန ဝိနာသ မေန္တု ။ သံဃာ့ဂုဏ်ကို အာရုံပြုပြီး သံဃာနုဘာဝေန ဝိနာသမေန္တု ဆိုတဲ့။

ဟောဒီဂါထာလေးကို ရွတ်ဖတ်ပြီး စိတ်ထဲမှာ နှလုံးသွင်းလိုက်လို့ ကုသိုလ်တွေ ဖြစ်ပေါ်လာလို့ရှိရင် ခုနကပြောတဲ့ အရာတွေအကုန်လုံးဟာ ကြေပျောက်သွားတယ်။ ဘယ်လိုလုပ်ပြီးတော့ ကြေပျောက်တာတုန်းဆိုရင် နှလုံးထဲမှာ မကြည်မလင်ဖြစ်တဲ့ အရာတွေဟာ ဘုရား တရား သံဃာကို အာရုံပြုလိုက်တာနဲ့ကုသိုလ်တွေ ရသွားပြီး ရင်ထဲနှလုံးထဲမှာ ကြည်လင်ရွှင်ပျသွားတယ်။ အဲဒီသဘောနဲ့ ပျောက်တာကို ဆိုလိုတာ။

ဒါကြောင့်မို့ ဒုန္နိမိတ္ထံ ဆိုတာ မကောင်းတဲ့ နိမိတ် တွေ၊ အဝမင်္ဂလဉ္စ မင်္ဂလာမရှိတဲ့ အရာတွေ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ နားထောင်ရတာ မနှစ်သက်စရာကောင်းတဲ့ ငှက်ဆိုးရဲ့ အသံတွေ။ ပါပဂ္ဂဟော မကောင်းတဲ့ ဂြိုဟ်စီးဇာတာ ကံကြမ္မာတွေ၊ ဒုဿုပိနံ အကန္တံ နှစ်သက်စရာမကောင်းတဲ့ အိပ်မက်ဆိုးတွေ အဲဒီလူတွေရဲ့ စိတ်ထဲမှာ မသန့်တဲ့ မကောင်းဘူးဆိုတဲ့ဟာတွေအားလုံဟာ မြတ်စွာဘုရား ကို အာရုံပြုပြီးတော့ ရလိုက်တဲ့ကုသိုလ်ရဲ့ စွမ်းအားနဲ့ အားလုံးကြေပျောက်သွားပါစေလို့ ဒီလိုဆိုတာနော်။

အဲဒီလို ဘုရားကိုအာရုံပြုလိုက်လို့ ရတဲ့ ကုသိုလ်ဟာ ဗုဒ္ဓဿပူဇံ မဟာတေဇဝန္တော ဆိုတဲ့အတိုင်း စွမ်းအားသတ္တိတွေပြည့်နေတယ်။ ဘုရားကို အာရုံပြုကြည့်။ အာရုံပြုလိုက်လို့ စိတ်ထဲမှာ ဘုရားဂုဏ်တော်တွေနဲ့ ကြည်နူးလာပြီဆိုရင် အဲဒီကုသိုလ်ဟာ အခုပြောခဲ့တဲ့ မကောင်းတဲ့အရာတွေ၊ ကိုယ်အလိုမရှိတဲ့အရာတွေ ကိုယ့်သန္တာန် မှာမဖြစ်အောင် ကာကွယ်စောင့်ရှောက် ပြီးသား ဖြစ်ပါတယ်တဲ့။

မှန်ကန်တဲ့ နည်းလမ်းနဲ့ပြောတာနော်။ ဒီအတိုင်းလုပ်ရင် ယတြာ ချေပြီးသား ဖြစ်တယ်နော်။ ဒါက နည်းတစ်ခုပြောတာ။ ဒီတစ်နည်းနဲ့လည်းပဲ ကောင်းတဲ့နံနက်ခင်း ဖြစ်ပေါ်လာစေနိုင်တယ်။ ဘုရားကို အာရုံပြုခြင်းဖြင့် ကုသိုလ်တွေရလာသည့်အတွက်ကြောင့် ကိုယ့်အတွက်မှာ ဒါ ကောင်းသောနံနက်ခင်း ပဲ။ အိပ်ရာက ထလိုက်တာနဲ့ ကောင်းသောနံနက်ခင်း ဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်။

ရေးသားသူ –ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။