အောင်မြင်ရေးလမ်းကြောင်းများ

Astrology
အောင်မြင်ရေးလမ်းကြောင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အောင်မြင်ရေးလမ်းကြောင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အောင်မြင်ရေးလမ်းကြောင်းများ

အောင်မြင်ရေးလမ်းကြောင်းထွက်ပေါ်လာခြင်း (၇) မျိုးရှိပေသည်။
၁။ အသက်လမ်းကြောင်းမှ အစပျိုးထွက်ပေါ်လာခြင်း
၂။ တနင်္လါဂြိုလ်ခုံမှ အစပျိုးထွက်ပေါ်လာခြင်း
၃။ အင်္ဂါလွင်ပြင်မှအစပျိုးထွက်ပေါ်လာခြင်း
၄။ ကံလမ်းကြောင်းမှ အစပျိုးထွက်ပေါ်လာခြင်း
၅။ ညာဏ်လမ်းကြောင်းမှ အစပျိုးထွက်ပေါ်လာခြင်း
၆။ နှလုံးလမ်းကြောင်းမှ အစပျိုးထွက်ပေါ်လာခြင်း
၇။ လက်ကောက်ဝတ်ပေါ်မှ အစပျိုးထွက်ပေါ်လာခြင်း
တို့ဖြစ်ကြပေသည်။ တစ်ဖန် အခြား ထူးခြားသောအောင်မြင်ရေး လမ်းကြောင်းထွက်တည်သောနေရာအချို့လည်းရှိသေးသည်။

တကယ်တော့ အောင်မြင်ရေးလမ်းကြောင်းပါသူတိုင်းအောင်မြင်ကြမလားဟုမေးစရာတော့ရှိပေသည်။ ဟုတ်ပါတယ်။ အမှန်တော့ အောင်မြင်ရေး လမ်းကြောင်းပါရှိသူတိုင်းအောင်မြင်မှုတော့ မရရှိကြပါပေ။ ဒီနေရာမှာ အရေးကြီးလာသည်က ထိုအောင်မြင်ရေးလမ်းကြောင်းနှင့် အတူ လက်သရုပ်ခွဲခြင်း၊ ဉာဏ်လမ်းကြောင်းတို့ သည် အရေးပါလှပေတော့သည်။

တကယ်တော့ အောင်မြင်ရေးလမ်းကြောင်းတို့သည် မွေးကတည်းမှလည်းထွက်တတ်သည်။ တစ်ဖန် ကုသိုလ်ကံ စောင်မ မှုကြောင့် လက်ရှိ ပစ္စုပ္ပါန်ကာလ၌လည်းထွက်လာတတ်ပေသည်။

၁။ အသက်လမ်းကြောင်းမှထွက်လာသောအောင်မြင်ရေးလမ်းကြောင်း

ထိုကဲ့သို့ အသက်လမ်းမှထွက်လာသော အောင်မြင်ရေးလမ်းကြောင်းတို့သည် ထိုအချိန်ကာလရောက်လျှင် အောင်မြင်ခြင်းကိစ္စရပ်တစ်ခုဖြစ်ပေါ်စေနိုင်သည်။ ထိုနေရာတွင် ဉာဏ်လမ်းကြောင်းသည် ဖြောင်းတန်းစွာ ရှိမူ လက်တွေ့လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်ပြီး ဉာဏ်လမ်းသည် တနင်္လါ ဂြိုလ် ခုံသို့ကွေးဆင်းလျက်ရှိနေခဲ့သော် စိတ်ကူးယဥ်ဆန်သောလုပ်ငန်း၊ အနုအရွလုပ်ငန်းတို့ဖြင့်အောင်မြင်အကျိုးပေးနိုင်သည်။

တကယ်တော့ အသက်လမ်းကြောင်းပေါ်မှဖြစ်တည်လာသော အောင်မြင်ရေးလမ်းကြောင်းပါရှိသူတို့သည် မိမိကိုယ်တိုင်ကြိုးစားလုပ်ဆောင်ပြီးမှ အောင်မြင်မှုရရှိကြမည့်သူများဖြစ်ကြပေသည်။ မိဘပြည့်စုံလျှင်ဖြစ်စေ၊ မပြည့်စုံလျှင်ဖြစ်စေ မိမိကိုယ်တိုင် ကြိုးစားပြီး အောင်မြင်မှုရရှိကြသူများဖြစ်ကြပေသည်။
အချို့ဆိုလျှင် ထိုကဲ့သို့ အသက်လမ်းကြောင်းမှထွက်ပေါ်လာသော အောင်မြင်ရေးလမ်းကြောင်းများ များစွာပင်ရှိနေတတ်ကြပေသည်။ ထိုထွက်ပေါ်လာသော အသက်ပိုင်းများရောက်လျှင် ဖြစ်ထွန်းစေတတ်သော အကြောင်းကိစ္စရပ်တစ်ခုခုဖြစ်ပေါ်လာတတ်ပေသည်။

၂။ တနင်္လါဂြိုလ်ခုံမှ ဖြစ်ပေါ်လာသောအောင်မြင်ရေးလမ်းကြောင်း

ထိုလမ်းကြောင်းကတော့ လူထုပရိတ်သတ်၏ သည်းသည်းလှုပ် အားပေးနှစ်သက်ခြင်းခံရစေတတ်သည့်အမှတ်အသားဖြစ်ပေသည်။ ထိုသူတို့အား မသိတဲ့သူမရှိအောင်ပင် နာမည်ကျော်ကြားစေနိုင်ပေသည်။ တစ်ဖန် အမှန်တကယ်ပင် လူများစွာတို့၏ ကြိုက်နှစ်သက်ခြင်းခံရစေတတ်သော လမ်းကြောင်းဖြစ်ပေသည်။ နာမည်အလွန်ပင်ကြီးစေသော အောင်မြင်ရေးလမ်းကြောင်းဖြစ်ပေသည်။

၃။ အင်္ဂါလွင်ပြင်မှ အစပျိုးလာသည့်အောင်မြင်ရေးလမ်းကြောင်း

လူတစ်ယောက်သည် ဘယ်ချိန်အောင်မြင်မလဲ ။ လက္ခဏာဆရာတို့သည် ပေတံကိုသုံးရသည်ဖြစ်ပေသည်။ ထိုမှ သာလျှင် ဘယ်ချိန်အောင်မြင်မလဲသိနိုင်ပေသည်။
ထိုကဲ့သို့ အင်္ဂါလွင်ပြင်မှ အောင်မြင်ရေးလမ်းကြောင်း သမားတို့သည်တော့ ဘဝ၏ခက်ခက်ခဲခဲပိုင်းများကိုကျော်ဖြတ်ပြီးမှ စတင်အောင်မြင်မည့်အမှတ်အသားများဖြစ်ပေသည်။ ပုံတွင် ပြထားသည်မှာ အသက် 30 ကျော်အစပိုင်းဖြစ်ပေသည်။ ထိုကာလမှစတင်ပြီး အောင်မြင်ရေးလမ်းကြောင်းတက်သွားရာ ကာလပိုင်းတစ်လျှောက်အောင်မြင်ရန် လောကကြီးမှခွင့်ပြုထားပေသည်။

ဘဝ၏ ကြမ်းတမ်းမှုပိုင်းတို့ပြီးသည်နှင့် အမှန်တကယ်ပဲ အောင်မြင်စေသော တိုးတက်လာစေသော ကံကြမ္မာအပိုင်းအခြားများဖြစ်တတ်ကြပေသည်။
တစ်ခါလေတွင် ထိုလမ်းကြောင်းတို့သည် လက်ရှိပစ္စုပ္ပါန်ကာလအတွင်းမှ ဖြစ်ပေါ်တတ်ကြပေသည်။ ထိုမပေါ်ခင်ကာလတစ်လျှောက် ဒုက္ခများခံစားရနိုင်လျှင်တောင် ထိုလမ်းကြောင်းပေါ်လာလျှင်အမှန်တကယ်အောင်မြင်တိုးတက်စေပါသည်။
ထိုလမ်းကြောင်းပိုင်ရှင်တို့သည်လည်း ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်မှုရရှိစေတတ်ပေသည်။

၄။ ကံလမ်းကြောင်းမှ အစပျိုးဖြစ်တည်သောအောင်မြင်ရေးလမ်းကြောင်း

ဒါကတော့ အောင်မြင်ရေးလမ်းကြောင်းထဲတွင် အကောင်းဆုံးကဲ့သို့ လမ်းကြောင်းမျိုးဖြစ်ပေသည်။ ထို ထွက်ပေါ်လာသော အသက်ပိုင်း၌ ကံကြမ္မာ မြင့်မားတိုးတက်လာစေပြီး မိမိလုပ်သော အလုပ်အကိုင်တို့အား လူကြိုက်များစေသည်။ မိမိကိုယ်တိုင်လည်း Popular ဖြစ်စေပြီး လူအများတို့၏အားပေးခြင်းခံရစေမည်။ မိမိလုပ်သောအလုပ်အကိုင်အား လူအများတို့မှ သဘောကျနှစ်သက်ခံရစေသော အမှတ်အသား ဖြစ်ပေသည်။ အမှန်တကယ်ပင် ဘဝတိုးတက်ပြောင်းလဲစေနိုင်သည့်အမှတ်အသားဖြစ်ပေသည်။

၅။ ဉာဏ်လမ်းမှ ဖြစ်တည်သော အောင်မြင်ရေးလမ်းကြောင်း

ထိုလမ်းကြောင်းသည်တော့ ဉာဏ်လမ်းမှဖြစ်ပေါ်လာသည့်အတွက် အလွန်ပင် စီးပွားအလုပ်အကိုင်အတွက်ဉာဏ်ရည်ထက်မြက်ပြီး ကိုယ်ပိုင်နည်းစနစ်ဖြင့် ဘဝအောင်မြင်ကြမည့်သူများဖြစ်ကြပေသည်။ မည်သူ၏ အကြံပေးခြင်းများမှမပါပဲ ကိုယ်ပိုင်နည်းဟန်ဖြင့် ဘဝ တိုးတက်မြင့်မားစေမည်ဖြစ်ပေသည်။

ဉာဏ်လမ်းကြောင်းမှစတင်ထားသဖြင့် အသက်ပိုင်းခြားသည် 35.36 မှ စတင်ပြီးအောင်မြင်တိုးတက်စေမည်ဖြစ်ပေသည်။ ကိုယ်ပိုင်နည်းဟန် ဖြင့် အောင်မြင်တိုးတက်စေမည်ဖြစ်ပေသည်။

၆။ နှလုံးလမ်းကြောင်းမှဖြစ်တည်သောအောင်မြင်ရေးလမ်းကြောင်း

ထိုလမ်းကြောင်းသည်တော့ အတော်များများတွင် တွေ့ရလေ့ရှိပေသည်။ တကယ်တော့ ထိုလမ်းကြောင်းပိုင်ရှင်တို့သည် အနုပညာဝါသနာအချို့ ဝါသနာပါကြသူများဖြစ်ပေသည်။ အရောင်အသွေးများ နားလည်တတ်ကြသူများဖြစ်ကြပေသည်။
ထိုသူတို့သည်တော့ အသက် 55 မှစတင်ပြီး ပြည့်စုံသူဆိုလျှင် ပိုမိုပြည့်စုံစေသော၊ မပြည့်စုံသူဆိုလျှင် ပြည့်စုံလာစေသော အိုဇာတာအမှတ်အသားဖြစ်ပေသည်။
နှလုံးလမ်းကြောင်းမှ ဖြစ်၍ ချစ်ခင်တွယ်တာရသူတို့၏ ကူညီမစဖေးမခြင်း ထိုကာလများအတွင်းဖြစ်ပေါ်စေမည်ဖြစ်ပေသည်။

ထိုချိန်ကာလအတွင်း ကံလမ်းကြောင်းကိုပါ တွဲဖက်မှတ်သားသင့်ပေသည်။ ကံလမ်းကြောင်းဖြစ်ပေါ်သည့်အတိုင်း တွဲဖက်အောင်မြင်စေနိုင်သော အမှတ်အသားဖြစ်ပေသည်။

ကံလမ်းကြောင်းသည် ကြာသပတေးဂြိုလ်ခုံနှင့်ဆက်နွယ်ထားခြင်း၊ တစ်စုံတစ်ခုသောအောင်မြင်ရေးလမ်းကြောင်းက ကံလမ်းကြောင်းပေါ်မှ ထွက်ပေါ်ပြီး ကြာသပတေးဂြိုလ်ခုံသို့ဆက်နွယ်ခြင်းများဖြစ်ပေါ်လျှင် ကံလမ်းကြောင်းဖြစ်တည်မှုအလိုက် သမ္မတပင်ဖြစ်စေနိုင်ပေသည်။ သို့မဟုတ် သြဇာကံကြမ္မာတို့ဖြစ်ပေါ်စေမည်။ မဖြစ်မနေ ကံလမ်းကြောင်းကိုတော့ မှတ်သားထားရန်လိုအပ်ပေသည်။

၇။ လက်ကောက်ဝတ်မှ အစပျိုးသောအောင်မြင်ရေးလမ်းကြောင်း

ဒါကတော့ တွေ့ရခဲတတ်သည့် အောင်မြင်ရေးလမ်းကြောင်းဖြစ်ပေသည်။ ထိုအမှတ်အသားပိုင်ရှင်တို့သည် အောင်မြင်မည်။ ကျော်ဇာမည်။ တန်ခိုးအာဏာရှိစေမည်။ များစွာသော ကောင်းကျိုးများ ဖြစ်ထွန်းရရှိစေမည်ဖြစ်ပေသည်။

ဒါကတော့ အောင်မြင်ရေးလမ်းကြောင်း တည်ရှိပုံ ၇ မျိုးဖြစ်ပြီး နောက်နေ့များမှာ ဆက်လက်ပြီး ထူးခြားဆန်းပြားသောအောင်မြင်ရေးလမ်းကြောင်းအချို့ကို ဆက်လက်ရေးသားပေးပါအုံးမည်။

ရေးသားသူ –Zar Ni Soe – EC B.A.(English) လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။