တူရကီနဲ့ ဆီရီးယား ငလျင်ကြီး – thayဆုံးသူ အရေအတွက် ၂၃၀၀ ကျော်လာ

International News Local News
တူရကီနဲ့ ဆီရီးယား ငလျင်ကြီး – thayဆုံးသူ အရေအတွက် ၂၃၀၀ ကျော်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တူရကီနဲ့ ဆီရီးယား ငလျင်ကြီး – thayဆုံးသူ အရေအတွက် ၂၃၀၀ ကျော်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ ဒီကနေ့ မနက်က ငလျင်လှုပ်ခတ်ခဲ့တာကြောင့် thayဆုံးသူ အရေအတွက်ဟာ ၁,၄၉၈ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ တူရကီ နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။

ဒါအပြင် ဆီးရီးယားနိုင်ငံမှာလည်း ငလျင်ကြောင့်thayဆုံးသူ အရေအတွက် ဟာ ၈၁၀ ရှိလာပြီဖြစ်တဲ့အတွက် တူရကီနဲ့ ဆီးရီးယားမှာ ကနဦးငလျင်လှုပ်ခတ်မှုကြောင့် thayဆုံးသူပေါင်း ၂၃၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

တူရကီမှာ နောက်ထပ် ပြင်းအား ၇.၅ ရှိ ငလျင်တစ်ခုထပ်လှုပ်

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ငလျင်ဗဟိုချက်အနီးက ကာဟာမန်းမရပ်ရှ်မြို့အနီးမှာ ပြင်အား ၇.၅ ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ပါတယ်။

တူရကီ နဲ့ ဆီးရီးယားမှာ လူ ၁၂၀၀ ကျော်thayဆုံးခဲ့တဲ့ အင်အား ၇.၈ ငလျင်ကြီးလှုပ်ခတ်သွားခဲ့အပြီးမှာ ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

တူရကီမှာ thayဆုံးသူ အရေအတွက် ၉၁၂ ဦးလို့ တူရကီ အစိုးရက အတည်ပြုထားပြီး ဆီးရီးယားမှာ ၃၂၀ ဦးလို့ သိရတဲ့အတွက် ပထမ ငလျင်ကြောင့် thayဆုံးသူ အရေအတွက် ၁၂၀၀ ကျော်မယ် ခန့်မှန်းထားကြပါတယ်။

ဒီနောက်ဆက်တွဲ ငလျင်လှုပ်တဲ့ နေရာဟာ ပထမအကြိမ် ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဗဟိုချက် ဂါဇီအန်းတပ်မြို့ရဲ့မြောက်ဘက် မိုင် ၈၀ ခန့်အကွာမှာ ရှိပါတယ်။

ပထမငလျင်လှုပ်ခတ်ပြီးနောက် ကာဟာမန်းမရပ်ရှပ်မြို့ မှာ လူ ၇၀ ထက်မနည်းthayဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် လှုပ်တဲ့ ငလျင်ကြောင့် လူအthayအပျောက်စာရင်းကိုတော့ မသိရသေးပါဘူး။

”နှစ် ၄၀ ကျော်အတွင်း ဒီလိုပထမဆုံးကြုံဖူးတာပါ”

မနက်ခင်း အစောပိုင်းမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှုကို ကြုံခဲ့ရပေမဲ့ အသက်ဘေး လွတ်မြောက်လာသူတွေမှာလည်း ကြောက်ရွံ့မှုတွေ ဆက်ရှိနေဆဲပါ။

” အိမ်နံရံပေါ်က ပန်းချီကားတေွဆို ပြုတ်ကျကုန်တယ်” လို့ ဆီးရီးယားမြို့တော် ဒမားစကတ်စ်မှာ နေထိုင်တဲ့ ဆာမာက ပြောပါတယ်။

ငလျင်ဗဟိုချက်ဖြစ်တဲ့ တူရကီနိုင်ငံထဲက ဂိုင်ဇန်တပ်မြို့မှာနေထိုင်တဲ့ အာဒန်းက တော့ ငလျင်လှုပ်ခတ်မှုကို ”လှုပ်သွားတာ ပုခက်ထဲက ကလေးလိုပဲ”လို့ ပြောပါတယ်။

”နှစ်ပေါင်း ၄၀ အတွင်း ဒီလိုတခါမှ မကြုံဘူးဖူး”လို့ သူက ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ဖြေကြားပါတယ်။

”အကုန်လုံးက ကားထဲဝင်ပြီး အဆောက်အဦတွေနဲ့ဝေးရာ ကွင်းပြင်တွေဆီ မောင်းထွက်ဖို့ ကြိုးစားနေကြတယ်”

” ဂိုင်ဇန်တပ်တစ်မြို့လုံးမှာ အိမ်ထဲ ဘယ်သူမှ မနေကြတော့ဘူးလို့ ထင်ပါတယ်”

ဆီးရီးယား သမ္မတ အာဆတ် အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီ

ဆီးရီးယားနိုင်ငံထဲမှာ ငလျင်ကြောင့် thayဆုံးသူ ၃၂၀ အထိ ရှိလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ သမ္မတ အာဆတ်လည်း အရေးပေါ် အစည်းအဝေး ပြုလုပ်နေပြီဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ ကနဦးthayဆုံးသူ အရေအတွက်ကို ၃၂၀ အထိ ရှိလာပြီလို့ ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့်ဒေသကို အကူအညီပေးမယ်လို့ ဥရောပ ခေါင်းဆောင်တွေပြော

တူရကီနဲ့ ဆီးရီးယားက ငလျင်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ နယ်သာလန် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေကို နယ်သာလန်ကို လွှတ်မယ်လို့ နယ်သာလန်ဝန်ကြီးချုပ်က ပြောပါတယ်။

လူမှုကွန်ရက် တွစ်တာမှာ တင်ထားတဲ့ သူ့စာမှာတော့ ”ပြင်းထန်လှတဲ့ဒီသဘာဝဘေးကြောင့် ထိခိုက်ခံစားရသူတွေနဲ့ထပ်တူ ခံစားရပါတယ်”လို့ ပြောပါတယ်။

ဂရိနိုင်ငံ ဝန်ကြီးချုပ်ကလည်း ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီပေးနိုင်ဖို့ တတ်နိုင်တဲ့အကူအညီတွေကို မြန်မြန်ပေးနိုင်အောင်လုပ်သွားမယ်လို့ ပြောပါတယ်။

ဆားဘီးယားနိုင်ငံနဲ့ ဆွီဒင်နိုင်ငံခေါင်းဆောင်တွေကလည်း ငလျင်ဒဏ်သင့်ဒေသကို အကူအညီတွေလွှတ်မယ်လို့ ကတိပေးထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။