ဒညင်းသီးနဲ့ကျန်းမာရေး

Health Knowledge
ဒညင်းသီးနဲ့ကျန်းမာရေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒညင်းသီးနဲ့ကျန်းမာရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒညင်းသီးနဲ့ကျန်းမာရေး

သင်ဟာဒညင်းသိးကြိုက်သူတစ်ယောက်ဆိုရင် ဒါကိုဖတ်ဖြစ်အောင်ဖတ်ပါ
မသိလို့စားခဲ့တာကတော့ ပြင်လို့မရတော့ပေမယ့်ဒီအန္တရာယ်ကိုသိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့တင်ပြလိုက်ရပါတယ်။ဒညင်းသီးထဲမှာ ပါတဲ့အက်ဆစ်ကိုDjenkolic acid လို့ ခေါ်ပါတယ်။

အရပ်ထဲမှာတော့ “ရေ၅ထပ်သွန်ပြီးပြုတ်တယ်””အဆိ-ပ်ထုတ်ပြီးပြုတ်တယ်”တို့”ထန်းလျှက်နဲ့ပြုတ်ရင်အဆိ-ပ်ပြေတယ်”တို့”ထိပ်ကအဆိ-ပ်ဆံလေးထုတ်ပြီးပြုတ်ရင် ဘာမှမဖြစ်ဘူး”တို့ စသဖြင့် မျိုးစုံကြားရပါတယ်

တကယ်တော့အဆိ-ပ်ဆံလို့သိနေတဲ့နေရာက ဒညင်းအပင်ပေါက်မယ့်နေရာဖြစ်ပါတယ်။အဆိ-ပ်နဲ့မဆိုင်ပါဘူးအယူအဆမှားနေတာပါ။ဒညင်းသီး အသားတစ်ခုလုံးမှာ အဆိ-ပ်ဓာတ် Djenkolic acid တွေ အပြည့်ပါပါတယ်။

ဒညင်းသီးစားလိုက်တဲ့အခါမှာဒီ အဆိ-ပ်ဓာတ်က အစာအိမ်ကတဆင့်အူထဲကိုအရင်ရောက်ပါတယ်အူထဲကနေစုပ်ယူပြီး သွေ:ထဲမှာရှိနေတုန်းမှာ ပျော်ဝင်အဆင့်မှာပဲ ရှိနေပြီး ပျောက်မသွားပါဘူး

အရမ်းကိုသတိထားရမဲ့အချက်ပါ…ခန္ဓာကိုယ်ထဲကသွေ:တွေအားလုံးဟာကျောက်ကပ်ကိုမဖြစ်မနေဖြတ်သန်းရပါတယ်အဆိုပါအဆိပ-်‌ ကျောက်ကပ်ထဲ ရောက်ချိန်၊ ဆီးဖြစ်လာတဲ့အချိန်၊ဆီးက အက်ဆစ် pH ဘက်ကိုရောက်တဲ့အချိန်မှာမှ အချိုမှုန့်ချောင်းလေးတွေပုံစံ Crystal အဖြစ်ပြောင်းပြီး ကျောက်ကပ် ပြွန်သေးသေးလေးတွေပေါ်မှာ စိုက်စူးစေပါတော့တယ်။

အဲဒီအချိန်မှာ ပုံမှန်အလုပ်လုပ်နေရတဲ့ပြွန်တွေပျက်စီးပြီး ဆီးထဲသွေ:ပါလာတာမျိုးကျောက်ကပ်ပျက်စီးတာမျိုး ဖြစ်လာပါတယ်။ဘယ်နှစ်ရေပဲပြုတ်ပြုတ် ဘာထည့်ပြီးပြုတ်ပြုတ်အဆိပ-်ဓာတ်ရှိ‌နေတာပဲမို့ ဆီးချို သွေ:တိုး ရှိပြီးသားသူများ ရှောင်သင့်ပါတယ်။

များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ တစ်လုံး နှစ်လုံးစားရုံနဲ့လည်း ဆေ:ရုံ ရောက်တတ်ပါတယ်။ လုံးဝမပေါ့သင့်ပါဘူးစားကောင်းပေမယ့် ဒညင်းသီးအစားအရသာတူတဲ့မျောက်ငိုသီးလို နှစ်တစ်ရာသီးပဲကောလို ဟာတွေ အစားထိုးပြီး စားတာ အကောင်းဆုံးပါ။ကျောက်ကပ်က လူ့အတွက်တန်ဖိုးကြီးပါတယ်

ကျောက်ကပ်ပျက်စီးရင် အမြဲတမ်းကျောက်ကပ်ဆေ:နေရတာမျိုးကိုမ​ေ.သမချင်းလုပ်သွားရမှာပါအခြေအနေပေါ်မူတည်ပြီး နှစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါပုံမှန် ကျောက်ကပ်ဆေ:ရပါတယ်တစ်ခါဆေ:ရင် နှစ်သိန်းဝန်းကျင်ကုန်ကျပါတယ်

ကျောက်ကပ်အစားထိုးလဲဖို့ဆိုရင်လည်းသိန်းရာနဲ့ချီကုန်ပါတယ်မသိလို့စားခဲ့တာကတော့ ပြင်လို့မရတော့ပေမယ့်ဒီအန္တရာယ်ကိုသိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့တင်ပြလိုက်ရပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။