ငွေကုန်ကြေးကျအနဲဆုံးနဲ့ ကျောက်ကပ်ဆေးကြောနည်း

Health

ငွေကုန်ကြေးကျအနဲဆုံးနဲ့ ကျောက်ကပ်ဆေးကြောနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေကုန်ကြေးကျအနဲဆုံးနဲ့ ကျောက်ကပ်ဆေးကြောနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်က သွေးထဲရှိ အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပါတယ်။ တိုးတက်ဖွံ့ဖြိုးလာတဲ့အမျှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ ကျင့်သုံးလာတဲ့အတွက်ကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပြုံလာပါတယ်။ဒါကြောင့် ဒီခန္ဓာကိုယ်ထဲရှိ အဆိပ် အတောက်တွေကို ဖယ်ရှားဖို့လိုအပ်လာပါတယ်။ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ အ ဆိပ်အတောက်တွေများလာရင် ကျောက်ကပ်ပစ္စည်းတာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် သ ဘာဝနည်းဖြင့် ကျောက်ကပ်ကို ဆေးပေးဖို့လိုအပ်ပါတယ်။နံနံပင်ကတော့ ခန္ဓာကိုယ်ထဲက အ ဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

နံနံပင်မှာ ဗီတာမင် K, C ,A နဲ့ ဖောလစ်အက်ဆစ်၊ သံဓာတ် စတာတွေပါဝင်တာကြောင့် ကျောက်ကပ်ထဲက အဆိပ်အ တောက် တွေကို အစွမ်းထက်ထက်နဲ့ ဖယ်ရှားပေးနိုင်ပါတယ်။အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ကျောက် တည်တာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နံနံပင်က ဆီးရွှင်စေပြီး ဆီးသွားတဲ့ နှုန်းကို များအောင် လုပ်ပေးနိုင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ကျောက်ကပ်ထဲမှာ ဆားတွေ အနယ်ထိုင်ပြီး ကျောက်မတည်အောင်လည်း ကူညီပေးပါတယ်။အဲ့ဒီအပြင် စိတ်တည်ငြိမ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

ကျောက်ကပ်အတွက် နံနံပင် ရေနွေးကြမ်း – ဒီနံနံပင် ရေနွေးကြမ်းအတွက် တတ်နိုင်ရင် နံနံပင် အရွက်အစိမ်းကို သုံးပါ။ မရှိမှသာ အခြောက်ခံထားတဲ့ နံနံ့ပင် ကိုသုံးပါ။

ပါဝင်ပစ္စည်းများ – နံနံ ပင် တစ်စည်း။ ရေ ၈ ခွက်။ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း။သံပုရာသီး တစ်ဝက်။

ပြုလုပ်နည်း – နံနံပင်ကို စင်အောင် ဆေးကြောပြီး အပိုင်းကြီးကြီး လှီးပါ။ ဇလုံတစ်ခုထဲထည့်ပြီး ရေ လောင်းချပါ။

မီးဖိုပေါ်တင်ကာ ၁၀ မိနစ်လောက်ဆူပွက်စေပါ။

အရည်ကိုဘဲယူထားပြီး အအေးခံလိုက်ပါ။ သံပုရာသီးနဲ့ ပျားရည်ကိုထည့်ပါ။ တစ်နေ့ကို ၁ ခွက် သို့မဟုတ် ၂ ခွက်သောက်ပါ။ ကျန်ရှိနေတဲ့ အရည်တွေကို ရေခဲ သေတ္တာထဲမှာ ၁ ပတ်လောက် သိမ်းထားနိုင်ပါတယ်။

နံနံပင်မှာ ဘေးထွက်ဆိုးကျိုးမရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ ဓမ္မတာလာပြီး ကိုယ်ဝန်ပျက်ကျနိုင်တတ်တာကြောင့် မသောက်သုံးသင့်ပါဘူး။ သွေးတိုးကျတဲ့ ဆေးဝါးတွေ သောက်သုံးနေသူတွေကလည်း မသောက်သင့်ပါဘူး။

ရေးသားသူ –Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။