Mark Zukerberg နဲ့ Elon Musk တို့ တကယ်လက်ဝှေ့ထိုးကြတော့မှာလား

Celebrity International News
Mark Zukerberg နဲ့ Elon Musk တို့ တကယ်လက်ဝှေ့ထိုးကြတော့မှာလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Mark Zukerberg နဲ့ Elon Musk တို့ တကယ်လက်ဝှေ့ထိုးကြတော့မှာလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Mark Zukerberg နဲ့ Elon Musk တို့ တကယ်လက်ဝှေ့ထိုးကြတော့မှာလား

Facebook တည်ထောင်သူ Meta CEO Mark Zukerberg နဲ့ Twitter ပိုင်ရှင် Tesla CEO Elon Musk တို့ရဲ့ လေလှိုင်းပေါ်ကစကားထိုးစစ်ဟာ အမှန်တကယ် လှောင်အိမ်ကြိုးဝိုင်းအတွင်းက လက်ဝှေ့ပွဲတစ်ခုဆီကို ရောက်ရှိလာမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒီဖြစ်စဥ်ဟာ လွန်ခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က Twitter ပို့စ်တစ်ခုကနေစတင်ခဲ့တာဖြစ်ပါတယ်။ Kwmarkoff@aol.com ဆိုတဲ့ Twitter အကောင့်တစ်ခုက Elon Musk ရဲ့ Twitter အကောင့်ကို “သတိထားတော့နော် Elon Musk ရေ၊ ဟိုဘက်က ဂျူဂျစ်ဆုတွေပါသင်နေပြီ” လို့ ပြောဆိုခဲ့တာဖြစ်ပြီး Elon Musk ဘက်က “သူသာအဆင်ပြေရင် လှောင်အိမ်ကြိုးဝိုင်းတစ်ပွဲလောက်ထိုးချင်သေးတယ်။” လို့ ပြန်လည် reply လုပ်လာခဲ့ပါတယ်။

World's Richest Man Elon Musk Challenges 10th Richest Mark Zuckerberg For A  Cage Fight, MMA Fans

အဲဒီ Twitter ပို့စ်နဲ့ပတ်သက်ပြီး Mark Zukerberg က ၎င်းရဲ့ Instagram စာမျက်နှာရဲ့ story feature မှာ အဆိုပါ Twitter ပို့စ်ကို screenshot ရိုက်ပြီး “နေရာပို့လိုက်” လို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

Elon Musk ဘက်ကလည်း Vegas, Octagon မှာ ရှိနေကြောင်း Twitter ကနေတစ်ဆင့် ပြန်လည်အသိပေးလာခဲ့ပါတယ်။

Mark Zukerberg ဟာ လက်ရှိမှာ အမှန်တကယ်ဂျူဂျစ်ဆုကိုယ်ခံပညာရပ်ကိုလေ့လာနေတာဖြစ်ပါတယ်။

ဒီလိုစကားစစ်ထိုးမှုဟာ Twitter ကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ဝန်ထမ်းဟောင်းတွေက Anti-Twitter app တစ်ခုကို Meta ကုမ္ပဏီနဲ့ပူးပေါင်းစမ်းသပ်နေကြတာကနေ အစပြုလာတာဖြစ်ပြီး စီအီးအိုနှစ်ယောက် အားပြိုင်မှုတွေကိုစတင်လာစေတာဖြစ်ကြောင်း အင်တာနက်သတင်းများအရ သိရပါတယ်။

အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာကြီးနှစ်ခုရဲ့ ပိုင်ရှင်နှစ်ဦးရဲ့စကားစစ်ထိုးပွဲဟာ လူစိတ်ဝင်စားမှုကိုပိုမိုရရှိစေလာနေတာကတော့အမှန်ပါပဲ။ အမှန်တကယ်ထိုးကြကြိတ်ကြဖို့ကတော့ဖြစ်နိုင်ချေနည်းတယ်လို့ယူဆမိပါတယ်။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။