အောက်ခြေအဆင့်ကနေပဲ ပရိသတ်တွေ အသိအမှတ်ပြု အားပေးမှုရလာအောင် တက်လှမ်းလာ ခဲ့တဲ့ Lee Dong-seok

Celebrity International News
အောက်ခြေအဆင့်ကနေပဲ ပရိသတ်တွေ အသိအမှတ်ပြု အားပေးမှုရလာအောင် တက်လှမ်းလာ ခဲ့တဲ့ Lee Dong-seok

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အောက်ခြေအဆင့်ကနေပဲ ပရိသတ်တွေ အသိအမှတ်ပြု အားပေးမှုရလာအောင် တက်လှမ်းလာ ခဲ့တဲ့ Lee Dong-seok ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အောက်ခြေအဆင့်ကနေပဲ ပရိသတ်တွေ အသိအမှတ်ပြု အားပေးမှုရလာအောင် တက်လှမ်းလာ ခဲ့တဲ့ Lee Dong-seok

ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စကားက မြန်မာပြည်ထဲ လူဖြစ်ရသူတွေ အဖို့တော့ ဟာသဆောင်ပုဒ်ကြီး ဖြစ်မှာသေချာပေမဲ့ အခွင့်အလန်းတွေ များပြားလှပြီး မိမိလုပ်ဆောင်နိုင်စွမ်းရည်အလိုက် ကြိုးစားသူဆိုရင် နေရာပေးလေ့ရှိတဲ့ တိုင်းပြည်တွေမှာတော့ ဒီစကားက ထောက်ပံ့မှုကြီးမားစေမယ့် မိုတီဗိတ်ဆောင်ပုဒ် ဖြစ်နိုင်ပါတယ်။ အဲဒီလို စကားဦးသမ်းလိုက်‌လို့ ဆိုရှယ်မီဒီယာပေါ်မှာ အရူးချီးပန်း ကကွက်တွေ ကလိုက်လို့ ဖြစ်စေဆိုပြီး နာမည်ကြီး ဆယ်လီအနုပညာရှင် ဖြစ်သွားရတာမျိုးတော့ သူတို့တိုင်းပြည်တွေမှာ ဖြစ်နိုင်ခြေနည်းလွန်းလှပါတယ်။

ဒါကြောင့် ကြိုးစားရင် ဆိုတဲ့စကားမှာ ဝမ်းစာ ၊ လုံ့လ အားထုတ်မှု ပြည့်ပြည့်ဝဝနဲ့ စိတ်ဓာတ်ကျစရာတွေ့လည်း အားတင်းပြီး ဆက်သွားဖို့ လိုအပ်တာပေါ့။ သူတို့ဆီမှာ လူအများရဲ့ လက်ခုပ်သံရဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ ဘာလို့ဆိုတော့ သူတို့ဆီက ပရိသတ်တွေရဲ့ ခံစားအကဲဖြတ်မှု စွမ်းရည်က မြင့်မားလှတဲ့အတွက် အရည်အသွေးမရှိတဲ့ သရုပ်ဆောင်တွေအဖို့တော့ နေရာတနေရာရဖို့ ဖြစ်နိုင်ခြေ မရှိတဲ့ အတွက်ပါပဲ။

ကျွန်နော်အနေနဲ့ ဘာလို့ ဒီစကားတွေ ထည့်ပြောနေရသလဲဆိုရင် ဒီ မင်းသားကြီး Lee Dong-seok ( Or ) Don Lee မှာ အခြားသော ကိုရီးယားစတားတွေနဲ့ မတူဘဲ အောက်ခြေအဆင့်ကနေပဲ ပရိသတ်တွေ အသိအမှတ်ပြု အားပေးမှုရလာအောင် တက်လှမ်းလာရတဲ့ သူမို့ပါ။

အခုဆိုရင် ကိုရီးယားစတား လီဗြောင်ဟွန်းတို့နဲ့တောင် ပခုံးချင်းယှဉ်ရိုက်ရတဲ့ ဇာတ်ရုပ်မျိုးတွေမှာပါ ပါဝင်ခွင့်ရခဲ့ပြီး ဖြစ်တဲ့ သူဟာ ရုပ်ရှင်အနုပညာလောကထဲကို စဝင်ချိန် 2007/2008 လောက်မှာတော့ လီဗြောင်ဟွန်းရဲ့ နောက်လိုက်ဇာတ်ကောင် မထင်မရှားလူကြမ်းဇာတ်ရုပ်နေရာကလေးတွေကနေပဲ ပါဝင်ခဲ့ရတာပါ။ သို့ပေမဲ့လည်း ဒါရိုက်တာတွေ အသိအမှတ်ပြု စင်တင်ရဲအောင် ကြိုးစားခဲ့တော့ သူ့ဇာတ်ရုပ်တွေက တဖြေးဖြေးချင်း နေရာရလာခဲ့တာကို တွေ့ရပါတယ်။ ဇာတ်ရံ အဆင့်ကနေ ။ ဇာတ်ပို့ ။ ဇာတ်ပို့ကနေ နောက် စင်တင် မင်းသား စလို့ပေါ့လေ။

အဲလိုကနေပဲ ပရိသတ်များရဲ့ အသိအမှတ်ပြု လက်ခံမှုကို ရရှိအောင်မြင်လာခဲ့တာဖြစ်ပါတယ် ။ ကိုရီးယားက တန်းမြင့်စတားတွေထဲမှာ သူလိုမျိုးပဲ အောင်မြင်တဲ့နေရာတစ်နေရာရဖို့ ဇာတ်ရုပ်ပေါင်းစုံ သရုပ်ဆောင်ခဲ့ရပြီး ဆယ်စုနှစ် နှစ်ခုနီးပါးလောက်ရှိလာမှ ကြေးအမြင့်ဆုံး ဇာတ်ဆောင်နေရာကို ရခဲ့သူလည်း ရှိပါတယ်။ သူကတော့ ဒိက ပရိသတ်တွေလည်း ကြိုက်ကြတဲ့ Hwang Jung Min ပါ သူနဲ့လည်း အသက်က မတိမ်းမယိမ်းပါပဲ။

ဒါပေမဲ့ ရုပ်ရှင်လောကကို ကိုးဆယ်ကျော်ကာလကတည်းက ဝင်ရောက်ခဲ့သူ ဖြစ်ပေမဲ့ ရုပ်ရည်မချောမောလို့လားတော့ မသိပါဘူး ။ မထင်ရှားတဲ့ ဇာတ်ရံကလေး အဖြစ်နေရာကပဲ သွားနေရတာကနေ သူ့ရဲ့ ဘယ်ဇာတ်ရုပ်မဆို ပီပြင်အောင် ဝင်စားနိုင်တဲ့ အားထုတ်မှုတွေကြောင့် 2000 ခုနှစ် နောက်ပိုင်းကျမှပဲ ဖြေးဖြေးညင်းကလေး နေရာရပြီး အမြင့်တစ်နေရာကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုဆိုရင် ကိုရီးယားရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒိမင်းသားကြီး Don Lee ကတော့ သူ့ထက်စာရင် အနုပညာသက်တမ်း ခပ်တိုတိုအတွင်းမှာပဲ အောင်မြင်သွားတဲ့သူလို့ သတ်မှတ်လို့ ရပါတယ်။

1971 March 1 ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီးက ခုဆိုရင် အသက် ငါးဆယ့်နှစ်နှစ် ရှိပြီဖြစ်ပြီး ငယ်စဉ်ကတည်းက ကိုရီးယားကနေ အမေရိကကို ပြောင်းရွှေ့ခဲ့တာမို့ ယခုအချိန်မှာလည်း အမေရိကန်နိုင်ငံသား အဖြစ်ပဲ ခံယူထားတာ ဖြစ်ပါတယ်။ အသက်ငါးဆယ်အရွယ်ထိ လူပျိုကြီးပဲ လုပ်နေတဲ့ မင်းသားကြီးက 2021 ထဲမှာတော့ Ye Jung-hwa လို့ အမည်ရှိတဲ့ သုံးဆယ့်ငါးနှစ်အရွယ် မင်းသမီးချောချောကလေးနဲ့ လက်ထပ်ထားပါတယ်။

ကျနော်တို့အနေနဲ့ သူ့ကိုစမြင်ဖူးခဲ့တာက ဇာတ်ပို့သရုပ်ဆောင်အဖြစ် ကင်ဂျီဝူးရိုက်တဲ့ The Good, the Bad, the Weird(2008)ရုပ်ရှင်မှာ စတင်တွေ့ရှိခဲ့ရတာပါ။ တကယ်တော့လည်း သူသရုပ်ဆောင်လောကထဲကို ထဲထဲဝင်ဝင်ရောက်ရှိလာခဲ့တာကလည်း အဲဒီ 2007/2008လောက်ကပဲဖြစ်ပါတယ်။ စာတွေအရတော့ သူဟာ သရုပ်ဆောင်မလုပ်ခင် အမေရိကမှာ ကိုယ်ခံပညာရပ်ပိုင်းလေ့ကျင့်မှုဆိုင်ရာနည်းပြအဖြစ်လည်း လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။

တကယ်တော့လည်း သူ့ပုံစံကြီးက နပန်းသမားကြီးတွေပုံစံလို ခပ်တောင့်တောင့်ခပ်ထွားထွားကြီးမို့ ခက်ခက်ထန်ထန်ပုံစံမျိုးကြီးလို့ ထင်ကောင်းစရာရှိပေမဲ့ တကယ်တော့ သူစတင်ပါဝင်ရတာမျိုးတွေက အတည်ပေါက်နဲ့ဖောက်တဲ့ ဝိတ်ပေါကာရိုက်တာမျိုး။(Nameless Gangster မှာတွေ့နိုင်)။ ဆိုလိုချင်တာက သူပုံစံမှုံကုပ်ကုပ်ကြီးနဲ့ လုံးဝကွဲလွဲစွာပဲ ရည်ရည်မွန်မွန်မွန်နဲ့ သဘောကောင်းစိတ်သဘောထားပြည့်ဝတဲ့ ဇာတ်ရုပ်မျိုးတွေကို အကောင်းဆုံးလိုက်ဖက်အောင် သရုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။

ဒါကြောင့်လည်း အကြမ်းရော ၊ အနု ၊ ဟာသ စလို့ ဟောင်ကောင်က ချောင်ယွန်ဖတ်တို့ ဇာတ်ရုပ်ရွေးသလိုမျိုး စံပြုဇာတ်ဆောင်မျိုး လိုအပ်နေတာမျိုးမှာ သူ့ရဲ့ ကာရိုက်တာတွေက ကိုရီးယား ရုပ်ရှင်လောကအတွက် ပြည့်မီသွားစေတာမျိုး ဖြစ်သွားခဲ့ပါတယ်။ ခြုံပြောရရင် မကောင်းသူပယ် ကောင်းသူကယ် ဇာတ်ဆောင်ဆိုပါတော့။ဒီအခါမှာ ဇာတ်ရုပ်အစုံ သရုပ်ဆောင်နိုင်တဲ့သူကို ပရိသတ်လူကြီးလူငယ်မရွေး ချစ်ခင်အားပေးလာကြပါတယ်။

မင်းသားကြီး Ma Dong-seokမှာ ဒီလိုနဲ့ပဲ အစောပိုင်းကာလတွေမှာ ဇာတ်ပို့အဖြစ် ရုန်းကန်နေရသယောင်ရှိပေမဲ့ ကင်ကီဒွန့်ရိုက်တဲ့ One On One မှာကတည်းက သူ့ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်နိုင်မှုကို တွေ့မြင်ခဲ့ရပေမယ့် လူသိမများခဲ့သလို ဖြစ်ခဲ့ရတယ်။ တောင်ကိုရီးယားနဲ့ကမ္ဘာဝန်းကျင်က ရုပ်ရှင်ပရိသတ်တွေကို မင်သက်မိငေးမောလက်ခံသွားအောင် သိရှိသွားစေတဲ့ ရုပ်ရှင်က Zombie ရုပ်ရှင် Train To Busan မှာဖြစ်ပြီး အဲဒီရုပ်ရှင်ကျမှပဲ သူနာမည်က လူသိများခဲ့ရပါတယ်။

နှစ်ကာလအတန်ကြာအောင် ကြိုးစားအားထုတ်လာသမျှ အရာထင်လာတယ် ဆိုရမှာပေါ့။ ကနဦးကတည်းက ကျရာဇာတ်ရုပ်ကို တာဝန်ကျေအောင်လုပ်ပြခဲ့တဲ့ မင်းသားကြီးက Train To Busan အပြီးမှာတော့ တောင်ကိုရီးယားရုပ်ရှင်လောကမှာနေရာပိုရလာသလို Leader Role အဖြစ်လည်း ရိုက်ကူးခွင့်ရလာခဲ့ပါပြီ။ Derailed (2016) | The Bros (2017) | The Outlaws (2017) အဲဒီရုပ်ရှင်တွေမှာ ဦးဆောင်တင်ဆက်ခွင့်ရခဲ့သလို အခြားကိုရီးယား Blockbuster ဖလင်တွေမှာလည်း အရေးပါတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ခွင့်ရပြီးအောင်မြင်လာခဲ့ပါတော့တယ်။

ခုဆက်တိုက်ဆိုသလိုပဲ 2020မှာ ထွက်လာခဲ့တဲ့ အမေရိကန်စူပါဟီးရိုးရုပ်ရှင် The Eternals ဖလင်မှာလည်း ပါဝင်သရုပ်ဆောင်ခွင့် ရရှိသွားခဲ့ပါပြီ။ သူဟာ သရုပ်ဆောင်အတတ်ပညာရပ်တင်မကဘဲ ဇာတ်ညွှန်းရေးသားခြင်းဆိုင်ရာ ပညာရပ်တွေကိုလည်း ကျွမ်းကျင်စွာရေးသားနိုင်သူ ကျင်လည်ခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သိရပါတယ်။

ခုဆိုရင် ကိုရီယားမှာ သူပါဝင်တဲ့ရုပ်ရှင်တွေဟာ သောက်သောက်လဲ ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေ ဖြစ်လာခဲ့ပြီး ဆက်လက်ပြီးတော့လည်း လူကြိုက်များစေမယ့် ရုပ်ရှင်ကားတွေ ထွက်ရှိလာဦးမယ် လို့လည်း မျှော်လင့်ရပါတယ်။

ရေးသားသူ –International Movie News – IMN

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။