မွေးနေ့မှာ ကွယ်လွန်သွားတဲ့ မိဘ ၂ပါးနဲ့မောင်လေးအတွက် ရည်စူးပြီး ဘုရားတည် စတုဒီသာကျွေးမွေး ကုသိုလ် ယူခဲ့တဲ့ မိုးဟေကို

Celebrity Local News
မွေးနေ့မှာ ကွယ်လွန်သွားတဲ့ မိဘ ၂ပါးနဲ့မောင်လေးအတွက် ရည်စူးပြီး ဘုရားတည် စတုဒီသာကျွေးမွေး ကုသိုလ် ယူခဲ့တဲ့ မိုးဟေကို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မွေးနေ့မှာ ကွယ်လွန်သွားတဲ့ မိဘ ၂ပါးနဲ့မောင်လေးအတွက် ရည်စူးပြီး ဘုရားတည် စတုဒီသာကျွေးမွေး ကုသိုလ် ယူခဲ့တဲ့ မိုးဟေကို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မွေးနေ့မှာ ကွယ်လွန်သွားတဲ့ မိဘ ၂ပါးနဲ့မောင်လေးအတွက် ရည်စူးပြီး ဘုရားတည် စတုဒီသာကျွေးမွေး ကုသိုလ် ယူခဲ့တဲ့ မိုးဟေကို

ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကို ကတော့ အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ် လက်ပါပဲ။ မိုးဟေကိုဟာ အသက်ကြီးနေတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေခဲ့တာကြောင့် အနုပညာအလုပ်တွေ ကို အားသွန်ခွန်စိုက်မလုပ်ကိုင်ဖြစ်ပဲ အကယ်ဒမီဆုကြီး နဲ့လည်း ဒီနေ့ဒီအချိန်ထိဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဒီ ကနေ့ ဇွန်လ (၂၆) ရက်နေ့ကတော့ မိုးဟေကိုက သူမရဲ့ မွေးနေ့လေးဖြစ်ပြီး သူမရဲ့ မွေးနေ့မှာ မိဘနှစ်ပါးကို အမှူးထားပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ မျှဝေလာပါတယ်။

မိုးဟေကိုက “ချစ်သောပရိသတ်ကြီးရှင့်… ဒီနှစ်မှာ တော့ မိုးရဲ့မွေးနေ့ကုသိုလ်အဖြစ် ကွယ်လွန်သွားသော ဖေဖေနဲ့မေမေအား ရည်စူး၍ နေပြည်တော် စမတောင် ဥယျာဉ်တော်အတွင်း နဂါးရုံဘုရားတစ်ဆူနှင့် သမယသုတ် ရွတ်ဖတ်ရန် အဆောင် (၁) ဆောင်၊ ရပ်တော်မူဘုရား (၁) ဆူနှင့် စတုဒီသာကျွေးမွေးခြင်း အလှူတို့ကို (၇) ရက်သားသမီးများနှင့် (၃၁) ဘုံသားများ အားလုံးအတွက် လှူဒါန်းပူဇော် ကုသိုလ်ယူဖြစ်ခဲ့ပါတယ် ရှင်။ မိဘနှစ်ပါးလုံး မိုး ဘဝထဲ ထွက်ခွါသွားခဲ့တာ အခု ဆို မေမေကွယ်လွန်ခဲ့တာ (၂၃) ရက်နေ့ (၆) လပိုင်းမှာ (၂) နှစ်ပြည့်ပြီး ဖေဖေကွယ်လွန်ခဲ့တာကတော့ (၇) လပြည့်သွားခဲ့ပါပြီရှင်။ ဒါကြောင့် အခုလို မိုးမွေးနေ့မှာ မိဘနှစ်ပါးကို အကြောင်းပြုပြီး ပြုလုပ်ခဲ့တဲ့ကောင်းမှု ကုသိုလ်အစုစုကို (၇) ရက်သားသမီး ပရိသတ်များ အားလုံးလည်း မိုးနဲ့အတူ သာဓုခေါ်ဆိုနိုင်ကြစေဖို့ အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။” ဆိုပြီး ပြောလာခဲ့ ပါတယ်။

မိုးဟေကိုကတော့ သူမရဲ့ အသက်ကြီးလာတဲ့မွေးနေ့မှာ ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကို အမှူးထားပြီး ဘုရားတည် စတုဒိသာကျွေးမွေး ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မွေးနေ့ရှင် မိုးဟေကိုအတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။