အခုတလော ဗေဒင်လောကမှာ အပြောများနေတဲ့ “ပကၡ ပကၡ ပကၡ ပကၡ”

Astrology
အခုတလော ဗေဒင်လောကမှာ အပြောများနေတဲ့ “ပကၡ ပကၡ ပကၡ ပကၡ”

အခုတလော ဗေဒင်လောကမှာ အပြောများနေတဲ့ အသုံးအနှုန်းဖြစ်ပါတယ် ပက္ခ ဆိုတာကို ပဋိပက္ခ ဆန့်ကျင်ဖက်လို့ အဓိပါယ်ကောက်ယူချက်တွေကြောင့် ပက္ခ ဆိုတာနဲ့ ကြောက်စရာထိတ်လန့်စရာ မပေါင်းစည်းအပ်တဲ့အရာ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့အရာ ကိုယ့်ကိုဒုက္ခပေးမဲ့ အရာအဖြစ် အဓိပါယ်ကောက်ယူ
မှု လွဲမှားသွားစေပါတယ်—

ထို့အတူပဲ ပက္ခ အမည်တွဲ မှည့်ခေါ်မိကြတဲ့ အမည်ရှင်တွေဟာလဲပက္ခ အကြောင်းဖတ်မိတဲ့အခါမှ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုအခုပဲ တခုခုထဖြစ်တော့မလို ထိုင်မရ ထမရ ဖြစ်သွားတတ်ကြတယ်ပက္ခ ရဲ့ အဓိပါယ်ဖွင့်ဆိုချက် လွဲမှားမှု တွေကြောင့် တချို့အိမ်ထောင်ရှင်တွေ အဖို့ အဲဒါကြောင့် အိမ်ထောင်ရေး အဆင်မပြေတာဖြစ်မယ်ဆိုပီး အတွေးဝင်သွားစေသလို မိမိရဲ့ခလေးဟာ ပက္ခအမည်ရှင် ဖြစ်နေမှန်းသိသွားကြတဲ့ မိဘတွေမှာလည်း သားသမီးအတွက် စိုးရိမ်စိတ်တွေကို ဖြစ်သွားစေတယ်—

ပက္ခ ဆိုတာ တောင်ပံတစုံ သို့မဟုတ် အတူယှဉ်တွဲဖြစ်ပေါ်ခြင်းသို့မဟုတ် ဘဝရဲ့ လိုအပ်ချက်ပါပဲ တောင်ပံတစုံ ဆိုတာက ရှင်းပြဖို့လိုမယ်မထင်ပါ နှစ်ခုပေါင်းမှ ပြည့်စုံခြင်း ဆိုတဲ့ အဓိပါယ်ပါပဲအတူယှဉ်တွဲဖြစ်ပေါ်ခြင်း နှင့် ဘဝလိုအပ်ချက်ဆိုတာကိုတော့ အနည်းငယ်ရှင်းပြပါ့မယ်–

အလွယ်ဆုံး ဥပမာ အနေနဲ့ပေးရရင် သင် ဆေးလိပ်သောက်တတ်တဲ့သူဆိုပါစို့ တခုခုစားသောက်ပီးလို့ ဆေးလိပ်သောက်ချင်လာပီဆိုရင်ဆေးလိပ်ရောင်းတဲ့ဆိုင်ကို သင်လိုက်ရှာတော့မှာ ဒါမှမဟုတ် အရင်းနှီးဆုံး တယောက်ယောက်ဆီက တောင်းသောက်တော့မှာ ဆေးလိပ်ရောင်းတဲ့ဆိုင်ကို တွေ့ပါပီတဲ့ ဒါပေမဲ့ gass မီးခြစ်က gass
ကုန်နေပါတယ်တဲ့ ဒီတော့ သင်ဘာလုပ်မလဲ ဆေးလိပ်မီးညှိလို့ရဖို့အတွက် တမျိုးပီးတမျိုး စဉ်းစားအဖြေရှာတော့မယ် မဟုတ်လားအစကတည်းက ဆေးလိပ်မသောက်တတ်ရင် ဒီလိုအပ်ချက်တွေဖြစ်လာမှာ မဟုတ်ဘူးလို့ စဉ်းစားမိကြမှာပါ ဒါပေမဲ့လူဆိုတာအစားအသောက်ကောင်းတခုခု စားပီးရင်တော့ ဆေးလိပ်သောက်
ချင်လာတဲ့သူ ကွမ်းစားချင်လာတဲ့သူ အစားသွားကြားညှပ်လို့သွားကြားထိုးတံ လိုက်ရှာတဲ့သူ စားပီးအအေးသောက်ချင်လာတဲ့သူအအီပြေ အချဉ်ပေါင်းလေးစားချင်လာတဲ့သူ စသဖြင့် သူ့ပက္ခနဲ့သူလိုအပ်ချက်တွေ ရှိလာမှာဖြစ်ပါတယ်—-

ဘဝ ဆိုတာလဲ အဲဒီလိုပါပဲ လိုအပ်ချက်တွေနောက်လိုက်ရင်းနဲ့ရှင်သန်နေကြရတာပါ များများလိုအပ်တဲ့သူက များများပင်ပန်းဆင်းရဲခံရမှာဖြစ်သလို လိုအပ်ချက်နည်းတဲ့သူကတော့ ပင်ပန်းဆင်းရဲခြင်းခံစားရမှု သက်သာစေမှာပါ—-

၁ နွေ နဲ့ပက္ခမိနေတဲ့ အမည်ရှင်တွေ အကြီးအကဲ သြဇာ အာဏာတွေနဲ့ ပတ်သက်ပီးတော့ လိုအပ်ချက်တွေ ဖြစ်လာစေလို့ အဲဒီလူတွေဟာ သြဇာ အာဏာနဲ့ အကြီးအကဲ ဖြစ်ဖို့အရေးအတွက် ဘဝတလျောက်လုံး ကြိုးစားအားထုတ်မှုတွေကို ပြုလုပ်လာစေတတ်သလိုသူ့ရဲ့ လိုအပ်ချက်အပေါ်မူတည်ပီးတော့ ပေးဆပ်ရမှုတွေကလည်း
ရှိလာစေမှာဖြစ်ပါတယ်—-

ထို့အတူ တနင်္လာဂြိုလ်နဲ့ ပက္ခမိနေသူအဖို့ကလည်း သူ့ဘဝအတွက် စစ်မှန်တဲ့ မေတ္တာတရားကို တွေ့ရဖို့ လိုက်ရှာနေရသလို
အင်္ဂါ ဂြိုလ်နဲ့ ပက္ခ မိနေသူအဖို့ကလည်း ဘဝမှာ လမ်းညွှန်ပြသပေး
မဲ့သူကို အချိန်ရှိသရွေ့ လိုအပ်နေအုံးမှာ စသဖြင့် ပက္ခမိနေတဲ့
ဂြိုလ်တွေရဲ့အဓိပါယ်အတိုင်း ဘဝရဲ့ လိုအပ်ချက်တွေနောက်ကို
တကောက်ကောက်လိုက်ရင်းနဲ့ပဲ လိုအပ်ချက်တွေ ပြည့်ဝသွားလိုက်
နောက်ထပ်လိုအပ်ချက်တခု ထပ်ပေါ်လာလိုက်နဲ့ပဲ ဖြတ်သန်းကြရ
မွာပါ—

တကိုယ်တည်းနေရာကနေ အိမ်ထောင်ဖက်ကို လိုအပ်လာသလို အိမ်
ထောင်ဖက်ရလာပြန်တော့ သားသမီးက လိုချင်လာပြန်ရော သားသမီး
ရလာပြန်တော့လဲ သားသမီးနောင်ရေးအတွက် ရုန်းကန်ကြရပြန်ရော
သားသမီးအရွယ်ရောက်ပြန်တော့လဲ သားသမီးရဲ့ အိမ်ထောင်ရေး
အတွက် ပူပန်ကြရပြန်တယ် အဲဒါတွေအားလုံးဟာ ပက္ခရဲ့သဘော
တရားတွေပါပဲ ဘဝမှာ လိုအပ်ချက်တွေနောက် တကောက်ကောက်လိုက်ကြရင်းနဲ့ပဲ ပြည့်စုံကြွယ်ဝချမ်းသာခြင်း အလယ်အလတ်
တန်းစား သာမန်လူတန်းစားနဲ့ ဆင်းရဲနိမ့်ကျတဲ့ လူတန်းစားဆိုပီး
ကွဲံပြားမှုတွေ ဖြစ်လာရခြင်းဟာ လိုအပ်ချက်တွေကို မရ ရအောင်
ကြိုးစားခြင်း နဲ့ လုံ့လဝီရိယ အားစိုက်မှု ကွာခြားခြင်းအပေါ်မူတည်
သွားစေတယ်—-

အချုပ်အားဖြင့်ဆိုရရင်တော့ ပက္ခဆိုတာ ဘဝရဲ့လိုအပ်ချက်တခုပါ
သက်ဆိုင်ရာ မဟာဘုတ်အလိုက် မိမိရဲ့ အမည်အဖျားစာလုံးနဲ့
ပက္ခ ဖြစ်နေတဲ့ ဂြိုလ်တလုံးဟာ မိမိရဲ့ ဘဝအတွက် လိုအပ်ချက်တခု
ခုကို ဖြစ်ပေါ်လာစေသလို အဲဒီ လိုအပ်ချက်နောက်ကို တကောက်
ကောက်လိုက်ရင်းနဲ့ပဲ ဘဝတလျောက်မှာ နိမ့်တုံ မြင့်တုံ လောက
ဓံအတိုင်း ရင်ဆိုင်ဖြတ်သန်းကြရမှာပါ ပက္ခ မိနေလို့ မတည့်ဘူး
ဆိုတဲ့ အယူအဆ ပက္ခ မိရင် ဒုက္ခပေးလိမ့်မယ်ဆိုတဲ့အယူအဆ နှင့်
ပက္ခ အမည်အတွဲလိုက်ပေးထားတဲ့ အမည်ရှင်တိုင်း ဒုက္ခရောက်
လိမ့်မယ် ဆိုတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူအဖို့တော့
ကိုယ့်ရဲ့ စိတ်ဒုက္ခကို ကိုယ့်ဖာသာ မွေးမြူနေတဲ့ သူတယောက်သာ
ဖြစ်နေပါလိမ့်မယ်လို့ တင်ပြရင်း******

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။