စိတ်ကူးထဲက ချစ်သူကောင်လေးအကြောင်း ပြောပြခဲ့တဲ့ ယွန်းယွန်း

Celebrity Local News
စိတ်ကူးထဲက ချစ်သူကောင်လေးအကြောင်း ပြောပြခဲ့တဲ့ ယွန်းယွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ကူးထဲက ချစ်သူကောင်လေးအကြောင်း ပြောပြခဲ့တဲ့ ယွန်းယွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိတ်ကူးထဲက ချစ်သူကောင်လေးအကြောင်း ပြောပြခဲ့တဲ့ ယွန်းယွန်း

မြန်မာအနုပညာလောက ကိုတော့ ကလေးသရုပ်ဆောင် ဘဝကနေ ဝင်ရောက်လာတဲ့ အကယ်ဒမီ ယွန်းယွန်းကတော့ လက်ရှိမှာဆိုရင် ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားလေးတွေကြောင့် လူချစ်လူခင် ပေါများတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ကတော့ ကလေးသရုပ်ဆောင် ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ရင်း အကယ်ဒမီဆုကြီးကိုတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရထားတဲ့ သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လည်း ယောကျာ်းလေးတွေပါ မကျန် မိန်းကလေးတွေကပါ ဝန်းရံ ခြင်းကို ခံနေရတဲ့ ယွန်ယွန်းကတော့ သူမရဲ့အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

သတို့သမီးဝတ်စုံနဲ့ ရှိုးလျောက်ခဲ့ရရတဲ့ ခံစားချက်အပေါ်မှာတော့ “ဒါကတော့ ထူးထူးဆန်းဆန်းပါဘဲ ညီမဒီလောက်ထိကြီးတဲ့ ဝတ်စုံနဲ့ တခါမှ မလျောက်ဖူးပါဘူး။ ညီမတော်တော်လေးတော့ စိတ် လှုပ်ရှားခဲ့ပါတယ်။ နောက်ဆုံးတော့လည်း အဆင်ပြေသွားခဲ့ပါ တယ်။ ပြီးတော့ ဒီဝတ်စုံလေးဟာ အသေးစိတ်လုပ်ထားတဲ့ ဝတ်စုံ ဖြစ်ပါတယ်။ တော်တော်လေးလည်း အပင်ပန်းခံထားရတာကြောင့် ပရိသတ်တွေလည်း နှစ်သက်ကြမယ်လို့ ထင်ပါတယ်”သတို့သမီး ဝတ်စုံဝတ်ခဲ့မယ်ဆိုရင် ဘယ်လိုရွေးချယ်ဖြစ်မလည်းဆိုတဲ့ မေးခွန်း အပေါ်မှာတော့ “သိတော့မသိသေးပါဘူး။ လိုတော့လိုပါသေးတယ်။ စိတ်ကူးထားတဲ့ ပုံစံအရ တချိန်ချိန်မှာ wedding လုပ်ဖြစ်မယ်ဆိုပါ အဖြူရောင်လေးကိုဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဝတ်ဖြစ်မှာပါ။ ဂါဝန် ကျတော့ မဝတ်ချင်ပါဘူး။ အရမ်းကြီးကားနေရင် ကျန်တဲ့သူတွေနဲ့ ဝေးနေလို့ မကြိုက်ပါဘူး”

စိတ်ကူးထဲက သတို့သားနဲ့ ပတ်သက်ပြီး “ညီမထက် မချောတဲ့သူကို ဘဲ ရွေးချင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ကိုဘဲလိုက်ကြည့်နေ ကြမှာဆိုးလို့ပါ။ ချောတော့ချောပေါ့ ညီမထက်ပိုမချောနဲ့ပေါ့။ အချစ်ရေးမှာတော့ Single ပါ။ ညီမ မကြုံဖူးသေးပါဘူး။ သူများ တွေညီမအရွယ်မှာ ရည်းစားထားပြီး အတွေ့အကြုံတွေလည်းများ ကြတယ်။ ညီမကတော့ မကြုံဖူသေးဘူး။ ကြုံတော့ကြုံချင်ပါ တယ်။ ညီမကထားရင်လည်း တကယ်ကိုလက်တွဲမယ့်သူကိုဘဲ ချင်တာဆိုတော့လေ အခုထိတော့ မတွေ့သေးပါဘူး” ဟု ပြောကြား ခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။