တန်ဆောင်မုန်းလအတွက် အကောင်းဆုံးယတြာ

Astrology
တန်ဆောင်မုန်းလအတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန်ဆောင်မုန်းလအတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တန်ဆောင်မုန်းလအတွက် အကောင်းဆုံးယတြာ

တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့ (13.11.2023) မှ တန်ဆောင်မုန်းလကွယ်(12.12.2023)ထိတစ်လတာလုံး

“ကြွေပန်းကန်ပြားတစ်ချပ်ထဲတွင် ဆေးကြော
သန့်စင်ပြီး #ကွမ်းရွက်အသန့် နှစ်ရွက်ကို ပုံပါ
အတိုင်း ထားပေးလိုက်ပါ။ထိုကွမ်းရွက်နှစ်ရွက်
ပေါ်တွင် မြေခွက်အသေးကို တင်ပေးလိုက်ပါ။
ဖယောင်းတိုင်အသေးပေါ်တွင် * ဧ * အက္ခရာကို
ဆော့ပင်(သို့မဟုတ်)ဘောပင်ဖြင့် ရေး၍ မြေခွက်
တွင် စိုက်၍ ထွန်းညှိကာ ပူဇော်ပေးရပါမည်….။

ဤယတြာကို ဘုရားကျောင်းဆောင်ပေါ်သို့ တင်၍
မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် ပျားရည်(၂)ခွက်ကိုနေ့စဥ် မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်

တန်ဆောင်မုန်းလနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=‌တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်း
အရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုတန်ဆောင်မုန်းလတစ်လတာတွင် ကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍
စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို ၂ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုတန်ဆောင်မုန်းလအတွင်း ကံကောင်းခြင်းများ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

ကွမ်းရွက်များခြောက်သွေ့မလာမှီ အသစ်ပြန်၍
လဲလှယ်ကာ ယတြာကို ရိုသေစွာလုပ်ပေးကြပါ။

ဤယတြာကို ယခုတန်ဆောင်မုန်းလ တစ်လတာလုံး၌
မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု တန်ဆောင်မုန်းလတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိစေပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။