Live Action အဖြစ် ဖန်သားပြင်ထက်မှာ ကြည့်ရှုရမယ့် One Piece

International News
Live Action အဖြစ် ဖန်သားပြင်ထက်မှာ ကြည့်ရှုရမယ့် One Piece

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Live Action အဖြစ် ဖန်သားပြင်ထက်မှာ ကြည့်ရှုရမယ့် One Piece ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Live Action အဖြစ် ဖန်သားပြင်ထက်မှာ ကြည့်ရှုရမယ့် One Piece

ဂျပန်လူမျိုးကာတွန်းဆရာ အီးချီရိုအိုဒါ ဖန်တီးခဲ့တဲ့ အခန်းဆက်ကာတွန်း One Piece ကို Live Action အဖြစ် အသက်သွင်းထားတဲ့ စီးရီးက Netflix မှာ ဒီနေ့ထွက်ရှိလာတော့မှာပါ။ မနေ့က One Piece Live Action ရဲ့ နောက်ဆုံး trailer ကိုလည်း ထွက်ရှိခဲ့ပါတယ်။

One Piece က Manga နဲ့ ‌anime လောကမှာ အတော်လေးအောင်မြင်ထားတာပါ။ အခု One Piece Live Action ကိုလည်း anime ပရိသတ်တွေက နှစ်ခြိုက်ကြမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ One Piece Live Action ရဲ့ ပထမဆုံးအပိုင်း ၂ ပိုင်းကို ဥရောပနိုင်ငံတွေနဲ့ တချို့နိုင်ငံတွေမှာ အကြိုပြသမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကြည့်ရှုသူတွေရဲ့တုံ့ပြန်မှု ကောင်းခဲ့တယ်လို့ သိရပါတယ်။

Live Action အဖြစ် ရိုက်ကူးထားတဲ့ One Piece စီးရီးက ဒီကနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီဝန်းကျင်မှာ ထွက်ရှိလပြီဖြစ်ပါတယ်ပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။