အချိန်အတော်ကြာပြီးမှ ပရိသတ်ရှေ့ကို “စတုတ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားနဲ့ ပြန်လည်ရောက်ရှိလာတော့မဲ့ နိုင်းနိုင်း နှင့် သက်မွန်မြင့်

Celebrity Local News
အချိန်အတော်ကြာပြီးမှ ပရိသတ်ရှေ့ကို “စတုတ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားနဲ့ ပြန်လည်ရောက်ရှိလာတော့မဲ့ နိုင်းနိုင်း နှင့် သက်မွန်မြင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချိန်အတော်ကြာပြီးမှ ပရိသတ်ရှေ့ကို “စတုတ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားနဲ့ ပြန်လည်ရောက်ရှိလာတော့မဲ့ နိုင်းနိုင်း နှင့် သက်မွန်မြင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချိန်အတော်ကြာပြီးမှ ပရိသတ်ရှေ့ကို “စတုတ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားနဲ့ ပြန်လည်ရောက်ရှိလာတော့မဲ့ နိုင်းနိုင်း နှင့် သက်မွန်မြင့်

ပရိသတ်ကြီးရေ… နိုင်ငံကျော်အကယ်ဒမီဆုရှင် သရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်းနိုင်းနဲ့ သက်မွန်မြင့်တို့ကတော့ အနုပညာလောကမှာ နာမည်ကြီးအောင်မြင်တဲ့ မင်းသားနဲ့ မင်းသမီးပါပဲ။ လက်ရှိမှာတော့ နိုင်းနိုင်းနဲ့ သက်မွန်မြင့်တို့နှစ်ယောက် စလုံးဟာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ကိုယ်စီမိသားစုဘဝလေးကို အကောင်းဆုံးကြိုးစား တည်ဆောက်ထားလျက်ရှိတာပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းနဲ့ သက်မွန်မြင့်တို့ (၂၀၂၀) ခုနှစ်က ရိုက်ကူးထား တဲ့ “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကား ကြီးက ပရိသတ်တွေဆီ မကြာခင်အချိန်အတွင်း ရောက် ရှိတော့မှာဖြစ်ပါတယ်။ “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်းနိုင်း၊ သက်မွန်မြင့်၊ ရွှေထူးနဲ့ မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အချစ်၊ ဒရမ်မာ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

“စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီး ကတော့ လာမယ့် ဇူလိုင် ၁၄ ရက်နေ့မှစတင်ပြီး တစ်နိုင် ငံလုံးမှ ရုပ်ရှင်ရုံကြီးများတွင် စတင်ပြသတော့မှာပဲ ဖြစ်
ပါတယ်။ပရိသတ်ကြီးလည်း နိုင်းနိုင်းနဲ့ သက်မွန်မြင့်တို့ သရုပ်ဆောင်ထားတဲ့ “စတုတ္ထ မြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။