ကျန်းမာရေးအခြေအနေအကြောင့် မတ်တပ်တောင်မရပ်နိုင်ပဲ ဝှီးချဲနဲ့နေရတာ ၃ လတိတိရှိပြီဆိုတဲ့ ဖြူဖြူကျော်သိန်း

Celebrity Local News
ကျန်းမာရေးအခြေအနေအကြောင့် မတ်တပ်တောင်မရပ်နိုင်ပဲ ဝှီးချဲနဲ့နေရတာ ၃ လတိတိရှိပြီဆိုတဲ့ ဖြူဖြူကျော်သိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျန်းမာရေးအခြေအနေအကြောင့် မတ်တပ်တောင်မရပ်နိုင်ပဲ ဝှီးချဲနဲ့နေရတာ ၃ လတိတိရှိပြီဆိုတဲ့ ဖြူဖြူကျော်သိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေအကြောင့် မတ်တပ်တောင်မရပ်နိုင်ပဲ ဝှီးချဲနဲ့နေရတာ ၃ လတိတိရှိပြီဆိုတဲ့ ဖြူဖြူကျော်သိန်း

 

ပရိသတ်ကြီးရေ… အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေ မယ့် သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားတဲ့ ဖြူဖြူကျော်သိန်းဟာ သူမအနေနဲ့ ကျန်းမာရေးလည်းမ ကောင်းတာကြောင့် ဝှီးချဲ့နဲ့ပဲ သွားလာနေရတာဖြစ်တယ် လို့ ပြောလာပါတယ်။

ဖြူဖြူကျော်သိန်းက “အနေအထားကတော့ ပုံပါအတိုင်း ပါပဲရှင်။ wheelchair ပေါ်ရောက်နေတာ ဧပြီလ တည်းကဆိုတော့ သုံးလလောက်ရှိပြီပေါ့။ ဘာတွေလုပ် နေလဲ ဆိုတော့ သီချင်းဟောင်းလေးတွေကို တတ် သလောက် မှတ်သလောက် ထိုင်နိုင်သလောက် ဂစ်တာ လေးတီး ကိုယ့်ဟာကိုယ် ဖျော်ဖြေပေါ့။ တခါတခါလည်း ပို့စ်လေးဘာလေးတင်ပြီး အရပ်ကို ဒုက္ခပေးရတာပေါ့ မိ။ ဘယ်တွေသွားလဲ ဆိုတော့ တွန်းပို့ပေးတဲ့သူ တွန်း နိုင်သလောက်ပေါ့။ စိတ်ခိုင်ရဲ့လား ဆိုတော့ နည်းနည်း မှ လျော့ဖို့အစီအစဉ်မရှိဘူး ဆိုတဲ့အကြောင်း လာပြော တာ (မယုံရင် ဦးထုပ်ကြီးသာ တချက်ရှိုးလိုက် – )။” ဆို ပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ သူမရဲ့ခါးနာနေတဲ့ ဝေဒနာ ကြောင့် မတ်တပ်တောင်မရပ်နိုင်တော့ဘူးလို့ ပြောလာခဲ့ တာပဲ ဖြစ်ပါတယ်။ ဖြူဖြူတစ်ယောက် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။