ဗြိတိသျှဒုံးကျည်စမ်းမှု မအောင်မြင်

International News
ဗြိတိသျှဒုံးကျည်စမ်းမှု မအောင်မြင်

ရေငုပ်သင်္ဘောပေါ်က ပစ်ခတ်စမ်းသပ်


အဏုမြူ ထိပ်ဖူး တပ်ဆင်ဖို့ ပြင်ထားတဲ့ ဒုံးကျည် စမ်းသပ်မှု ဒုတိယအကြိမ် မအောင်မမြင် ဖြစ်ခဲ့ပေမယ့်လည်း ဗြိတိန်ရဲ့ အဏုမြူ စနစ် အစွမ်းထက်ပြီး အားကိုးရဆဲဖြစ်တယ်လို့ ဗြိတိသျှ အစိုးရ အနေနဲ့ အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး က ပြောကြားခဲ့ပါတယ်။

စမ်းသပ်ချိန်မှာ အမှားအယွင်း ဖြစ်ခဲ့ပေမယ့် ဒီ ထရွိုင်းဒန့် ဒုံးကျည်စနစ် ကို ယုံကြည်ရမှုအပေါ် ဘာမှ သံသယပွားစရာ မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီး ဂရန့်ရှပ်စ်က ဆိုပါတယ်။

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းအစွန်းမှာ ဒီမတော်တဆမှု ဖြစ်ခဲ့တာပါ။

ဒီဒုံးကို ပစ်ခတ်ခဲ့တဲ့ ရေငုပ်သင်္ဘောပေါ်မှာ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးနဲ့ ရေတပ် ဦးစီးချုပ်တို့ ရှိကြပါတယ်။

ဒီဒုံးကျည်က ကီလိုမီတာ ထောင်ချီ ထွက်သွားဖို့ ရှိပေမယ့် ပစ်ခတ်တဲ့နေရာအနီးက ပင်လယ်ပြင်ထဲကို ထိုးကျသွားခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။