အာရှတိုက်ရဲ့ အမြင့်ဆုံးသစ်ပင်ကြီးကို တရုတ်နိုင်ငံမှာ တွေ့ရှိ

International News
အာရှတိုက်ရဲ့ အမြင့်ဆုံးသစ်ပင်ကြီးကို တရုတ်နိုင်ငံမှာ တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာရှတိုက်ရဲ့ အမြင့်ဆုံးသစ်ပင်ကြီးကို တရုတ်နိုင်ငံမှာ တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ အမြင့်ဆုံးသစ်ပင်ကြီးကို တရုတ်နိုင်ငံမှာ တွေ့ရှိ

အာရှတိုက်ရဲ့ အမြင့်ဆုံးသစ်ပင်ကြီးကို Yarlung Zangbo Grand Canyon ဘေးမဲ့တောမှာ တွေ့ရှိခဲ့ပါတယ်။ ပီကင်းတက္ကသိုလ်မှ သုတေသနပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ဟိမဝန္တာထင်းရူးပင်ကြီးဟာ ၃၃၅ ပေ ရှည်လျားပြီး မလေးရှားနိုင်ငံမှ အဝါရောင်ထင်းရူးပင်ကြီး မီနာရာ( ၃၃၀.၇ ပေ)ရဲ့ စံချိန်ကို ချိုးကာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ဟိမဝန္တာထင်းရူးပင်ကြီးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပေါက်နေတဲ့ သစ်နီပင်ကြီး ( ၃၈၁ ပေ)ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံးသစ်ပင်ကြီးဖြစ်ပါတယ်။ သုတေသီတွေဟာ LiDAR မောင်းသူမဲ့ယာဉ်ကို အသုံးပြုပြီး သစ်ရွက်တွေကို ရှင်းလင်းကာ ပင်စည်တစ်ခုလုံးကို တိုင်းတာခဲ့ကြတာပါ။

ဟိမဝန္တာထင်းရူးပင်ကြီးရဲ့ အနီးတစ်ဝိုက်မှာလည်း ၂၉၅ ပေကျော် ရှည်လျားတဲ့ သစ်ပင် ၂၀ ကျော်ရှိနေပြီး အပင်အများစုက ၂၇၈ ပေ ဝန်းကျင် ရှိပါတယ်။ နှစ်သက်တမ်းရှည်လျားတဲ့ သစ်ပင်ကြီးတွေရဲ့မျိုးဗီဇဟာ ပိုးမွှားတိရစ္ဆာန်တွေ၊ မိုးခေါင်ရေရှားမှုနဲ့ မုန်တိုင်းဒဏ်ကို ဘယ်လိုရင်ဆိုင် ရှင်သန်ရမလဲဆိုတဲ့ ဗဟုသုတကို အပင်ပေါက်တွေဆီ လက်ဆင့်ကမ်းပေးနိုင်စွမ်း ရှိတာကြောင့် သစ်ပင်ကြီးတွေဟာ သစ်တောရဲ့ဇီဝစနစ်အတွက် အလွန်အရေးကြီးတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။