ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက် အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ တွေ့ရှိ

Health Local News

ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက် အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက် အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက် အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ တွေ့ရှိ

ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်ဟာ အချိန်မတန်ခင် ရင့်ရော်စေတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အရင်ကလို ပေါင်းသင်းဆက်ဆံမှု မလုပ်နိုင်တာနဲ့ အွန်လိုင်းစာသင်ခန်းတွေကအစ အသက်ဆုံးရှုံးမှုတွေနဲ့ စီးပွားရေးအခက်တွေ့မှုတွေအဆုံး လူငယ်တွေအတွက် ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။

ဆယ်ကျော်သက်တွေအတွက်တော့ ဦးနှောက်ဖွံ့ဖြိုးမှု အရေးပါချိန်မှာ ကပ်ရောဂါနဲ့ ဆင့်ပွားရိုက်ခတ်မှုတွေကို ရင်ဆိုင်ရတာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်တဲ့ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ နောက်ပိုင်း လူငယ်တွေရဲ့ ဦးနှောက်ကို Scan ဖတ်ပြီး နှိုင်းယှဉ်တဲ့ သုတေသန ပြုလုပ်ချက်အရ ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ ဦးနှောက်ဟာ ပုံမှန်ထက် ၃ နှစ်လောက် ကြီးရင့်သွားတယ်လို့ တွေ့ရှိခဲ့တာပါ။


စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ အာရုံကြောသိပ္ပံပညာရှင် အီယန်ဂေါ့လစ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မြီးကောင်ပေါက်လူငယ်တွေရဲ့ စိတ်ကျဝေဒနာအကြောင်း လေ့လာဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ဒီသုတေသန စီမံကိန်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။