အစာစားချင်စိတ် မရှိသလိုခံစားရခြင်း အကြောင်းအရင်းများ

Health Knowledge
အစာစားချင်စိတ် မရှိသလိုခံစားရခြင်း အကြောင်းအရင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစာစားချင်စိတ် မရှိသလိုခံစားရခြင်း အကြောင်းအရင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစာစားချင်စိတ် မရှိသလိုခံစားရခြင်း အကြောင်းအရင်းများ

ခန္ဓာကိုယ်က အားအင်တွေကုန်ခန်းသွားတဲ့အခါ အစာစားချင်စိတ်မရှိတဲ့ ခံစားချက်တွေ၊ အစာပိုစားချင်တဲ့ခံစားချက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခုတည်းက ဆာလောင်တဲ့စိတ်ကို ဖြစ်စေတာမဟုတ်ပါဘူး။ သွေးအတွင်းသကြားဓာတ်နည်းလာရင် (ဒါမှမဟုတ်) ဆာလောင်မွတ်သိပ်ခြင်းဟော်မုန်းတွေ တိုးလာရင်လည်း ဖြစ်တတ်ပါတယ်။

ဦးနှောက်ရဲ့ဟိုင်ပိုသာလာမက်စ် ဂလန်း (Hypothalamus) က စားချင်စိတ်နဲ့ ဆာလောင်မွတ်သိပ်ခြင်းကို ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ စားချင်စိတ်မရှိတဲ့ အချိန်တွေလည်း ရှိလာတတ်ပါတယ်။ စားချင်စိတ်မရှိသလိုခံစားရတာလည်း တချိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဘာလိုဖြစ်တာလဲဆိုတာကို အနည်းငယ်မျှဝေပေးလိုက်ရပါတယ်။

စိုးရိမ်ပူပန်ခြင်း

သင်က စိုးရိမ်ပူပန်မှုဖြစ်လာရင် ခန္ဓာကိုယ်က အစာခြေဖျက်ခြင်းနဲ့ စားချင်စိတ်ကို နှေးသွားစေတဲ့ ဟော်မုန်းတွေကို ထုတ်လွှင့်ပါတယ်။ သင်က စိုးရိမ်ပူပန်မှုကို ခံစားနေရတယ်ဆိုရင် စားချင်စိတ်ကို ထိခိုက်စေတဲ့ မအီမသာဖြစ်ခြင်းလို လက္ခဏာရပ်တွေ ရှိလာနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျခြင်းက အချိန်တော်တော်ကြာ စားချင်စိတ်ပျောက်စေပါတယ်။ စိတ်ဓာတ်ကျခြင်းက စားချင်စိတ်နဲ့ ဆာလောင်မွတ်သိပ်ခြင်းလို ခန္ဓာကိုယ်ရဲ့ဇီဝကမ္မအခြေအနေတွေကို ထိန်းပေးတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေပေါ် သက်ရောက်မှုရှိတယ်လို လေ့လာချက်က ဆိုထားပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးခြင်းက စားချင်စိတ်ကို ထိခိုက်စေမယ့် မအီမသာဖြစ်တာနဲ့ အစာမကြေရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ သင့်ရဲ့စားချင်စိတ်က စိတ်ဖိစီးမှုအမျိုးအစားပေါ်မူတည်ပြီး တိုက်ရိုက်လွှမ်းမိုးမှုရှိပါတယ်။ စိတ်ခံစားချက်လွန်ကဲမှုဖြစ်စေတဲ့ စိတ်ဖိစီးမှုလွန်ကဲခြင်းက ရုတ်တရက်ဆိုသလို စားချင်စိတ်ကို ထိခိုက်စေနိုင်ပါတယ်။

ဖျားနာခြင်း

တုပ်ကွေးလို ဖျားနာခြင်းက ဆာလောင်မွတ်သိပ်မှုကို ပျောက်စေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာဖျားနာခြင်းကလည်း အနံ့ခံနိုင်စွမ်းကို ဟန့်တားပစ်ပြီး စားချင်စိတ်ကို ပျောက်သွားစေပါတယ်။ ဖျားနာခြင်းကလည်း စားချင်စိတ်ကို ထိခိုက်စေနိုင်တဲ့ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းတွေလို လက္ခဏာရပ်တွေကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိရင်လည်း ဆာလောင်မွတ်သိပ်ခြင်းကို လျော့နည်းသွားစေမယ့် ပြဿနာတွေနဲ့ ကြုံတွေ့ရစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း အော့အန်ခြင်းနဲ့ ရင်ပူရင်ဆာဖြစ်တာကလည်း အရသာခံနိုင်စွမ်းအားနည်းပြီး စားချင်စိတ်မရှိသလိုခံစားရမှာဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြကြည့်သင့်လဲ

စားချင်စိတ်မရှိတာက အမြဲတမ်းတော့ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ရောဂါလက္ခဏာရပ်တစ်ခုခုနဲ့ စားချင်စိတ်မရှိဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။ အဲဒီလက္ခဏာရပ်တွေကတော့
မျိုချရတာ ခက်ခဲခြင်း
အချိန်တော်တော်ကြာ အစာမစားနိုင်ခြင်း
မအီမသာ၊ အော့အန်ချင်သလို မကြာခဏခံစားရခြင်း
-အစာစားရင် နာကျင်ခြင်း
ကိုယ်အလေးချိန်နည်းလာခြင်း
စားချင်စိတ်ရှိလာအောင် ဘယ်လိုလုပ်မလဲ
စားချင်သောက်ချင်စိတ်မရှိဘူးဆိုရင် ဒီနည်းလမ်းတွေနဲ့ စားချင်စိတ်ရှိလာအောင် လုပ်ပေးလိုရပါတယ်။

အနံအရသာစုံတဲ့အစားအစာကို စားပါ

အစားအစာတွေကို ဆေးဘက်ဝင်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်တာကလည်း အကူအညီဖြစ်စေပါတယ်။ အစားအစာက အနံအရသာကောင်းလေလေ၊ စားချင်စိတ်ကို လှုပ်ဆော်ပေးနိုင်လေလေပါပဲ။ ဒီနည်းက အစာစားချင်စိတ်နဲ့ အရသာခံချင်စိတ်ကို ပြန်ရလာစေနိုင်ပါတယ်။

ကယ်လိုရီများတဲ့ ပေါ့ပေါ့ပါးပါးအစားအစာကို စားပေးပါ

ဆာလောင်ခြင်းမရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အရမ်းတွန်းအားမပေးပါနဲ့။ ကယ်လိုရီပါဝင်တဲ့ ပေါ့ပေါ့ပါးပါးအစားအစာတွေကို စားပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့စွမ်းအင်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

သင် ကြိုက်နှစ်သက်တဲ့အစားအစာကို စားပါ

တစ်ခါတလေ သင့်ခန္ဓာကိုယ်က တောင်းတနေတဲ့အရာတွေကို စားပေးတာကလည်းအရေးကြီးပါတယ်။ စားချင်စိတ်မရှိဖြစ်နေချိန်မှာ သင် စားချင်တဲ့အစားအစာက ကျန်းမာရေးနဲ့မညီညွှတ်ဘူးဆိုရင်တောင် မစားဖို ကိုယ့်ကိုယ်ကိုယ် မပိတ်ပင်ထားပါနဲ့။ စားချင်စိတ်ပြန်ပေါ်လာပြီးဆိုမှ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို ပြန်စားလိုရနိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။