ဒိန်ချဉ်စားပေးခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိ

Health International News
ဒိန်ချဉ်စားပေးခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒိန်ချဉ်စားပေးခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒိန်ချဉ်စားပေးခြင်းက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိ

စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေက ကုသပစ်သင့်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုပါပဲ။ တစ်ချို့လူတွေက မိမိကြိုက်နှစ်သက်တဲ့ အစားအစာတွေကို စားပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်တတ်ကြပါတယ်။ ဟုတ်ပါတယ်။ အစားအစာတွေကလည်း သင့်စိတ်ခံစားချက်ကို ကောင်းသွားအောင် သင့်စိတ်ပေါ် ကောင်းတဲ့သက်ရောက်မှုရှိပါတယ်။ မကြာသေးခင်ကမှ သုတေသနပညာရှင်တွေက စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးတဲ့နေရာမှာ အကူအညီဖြစ်တဲ့ အစားအစာတစ်မျိုးကို ထုတ်ပြောပြခဲ့ပါတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ သွားရည်မုန့်က ဒိန်ချဉ်ဖြစ်ပါတယ်။ ဒိန်ချဉ်က ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေ အာသိသဖြစ်ခြင်းကနေ သင့်ကို ကာကွယ်ပေးတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာဖြစ်ပါတယ်။ အမျိုးမျိုးသော အာဟာရဓာတ်များစွာနဲ့ ပြည့်ဝနေပြီး အခုဆိုရင် မနက်ခင်းမှာ ဒိန်ချဉ်ကို စားပေးသင့်တဲ့ နောက်ထပ်အကြောင်းအရင်းရှိပါတယ်။ Scientific Reports ဂျာနယ်မှာ ရိုက်နှိပ်ထားတဲ့လေ့လာချက်က ဒိန်ချဉ်ကလည်း စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကို ပြေလျော့စေတဲ့နေရာမှာ အကူအညီဖြစ်တယ်လို့ ဆိုပါတယ်။

University of Virginia School of Medicine က သုတေသနအဖွဲ့တစ်ဖွဲ့ကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေရဲ့ လက္ခဏာရပ်တွေကို ပြေလျော့စေဖို့အတွက် ရနိုင်တဲ့ကုသနည်းတွေက ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အတွက် အရမ်းမကောင်းပါဘူး။ ဒါကြောင့် နောက်ထပ်ထိရောက်ကုသနည်းရှိဖို့ အရေးကြီးတယ်လို့ တွဲဖက်ပါမောက္ခ Alban Gaultier က ပြောပါတယ်။

လေ့လာချက်အတွက် သုတေသနပညာရှင်တွေက ကြွက်တွေကို စိတ်ဓာတ်ကျခြင်း လက္ခဏာရပ်တွေ ပြလာတဲ့အထိ စိတ်ဖိစီးမှုပမာဏ ပိုများလာအောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ စိတ်ခံစားချက်ကို လွှမ်းမိုးနေတဲ့ gut bacteria တွေပမာဏတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ကျန်းမာရေးနဲ့ gut bacteria ပမာဏကြားမှာ ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ လက်တိုဘက်ဆစ်လတ်စ် (gut bacteria) ပမာဏက စိတ်ဖိစီးဖြစ်လာမှုနဲ့ ဆက်စပ်နေတဲ့ ကေနူရီနင်း (kynurenine) လို့ခေါ်တဲ့ သွေးဇီဝဖြစ်စဉ်ပမာဏကို လွှမ်းမိုးမှုရှိပါတယ်။ လက်တိုဘက်ဆစ်လတ်စက သွေးအတွင်းက kynurenine ပမာဏကို ကိုက်ညီအောင် ကူညီပေးပါတယ်။ အူထဲမှာ လက်တိုဘက်ဆစ်လတ်စ ပမာဏ လျော့နည်းသွားတဲ့အခါ စိတ်ဖိစီးမှုလက္ခဏာရပ်တွေ ဖြစ်လာရပါတယ်။

လေ့လာချက်က အစပဲရှိသေးပြီး အသေးစိတ်လေ့လာချက်တွေ လုပ်ဖို့ လိုအပ်နေပါတယ်။ လေ့လာချက်ကို ကြွက်တွေမှာ စမ်းသပ်ခဲ့ပြီး သူတို့ ဘယ်လိုခံစားရတာလဲဆိုတာကို သူတို့က ထုတ်မပြနိုင်တဲ့အတွက် စိတ်ဖိစီးမှုလက္ခဏာရပ်တွေကို စူးစမ်းလေ့လာနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုမဖြစ်အောင် စိတ်ခံစားချက်ကောင်းစေဖို့၊ လက်တိုဘက်ဆစ်လတ်စ ပမာဏများဖို့အတွက် ဒိန်ချဉ်ကို စားပေးလို့ရပါတယ်။ ဒိန်ချဉ်ကလည်း ကိုယ်အလေးချိန်ချတဲ့အခါမှာ၊ အခြားဓာတ်မတည့်မှုတွေကို ကုသတဲ့အခါမှာ ထိရောက်မှုရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။