“မဟာဘုတ် ၆ ကြွင်းဖွားအကြောင်း”

Astrology
“မဟာဘုတ် ၆ ကြွင်းဖွားအကြောင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “မဟာဘုတ် ၆ ကြွင်းဖွားအကြောင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“မဟာဘုတ် ၆ ကြွင်းဖွားအကြောင်း”

ယခုနှစ်ထဲ၌ မွေးဖွားသူများသည် မဟာဘုတ် ၆ ကြွင်းများဖြစ်သည်။ ဤဇာတာရှင်တို့သည် ပဋိသန္ဓေစိတ်၌ပင် စူးစမ်းရှာဖွေနိုင်သည့် အရည်အသွေးကောင်းပါလာမည်။ကျောင်းနေသည့်အခါ သင်္ချာစွမ်းရည်ကဲ့သို့တွက်ချက်ရသည့်ဘာသာရပ်၌အထူးကျွမ်းကျင်မည်။အရွယ်ရောက်၍အသက်မွေးမှုပြုရာ၌ တီထွင်ဖန်တီးမှုပြုလုပ်လေ့ရှိပြီး အများနှင့်ဆက်ဆံပြောဆိုသည့်အလုပ်များရွေးချယ်လုပ်လိမ့်မည်။

ဉာဏ်ရည်အလွန်ထက်မြက်သူများဖြစ်၍ အရာရာ၌အတွေးအခေါ်မြင့်မားစွာစဉ်းစားလုပ်ကိုင်မည်။သံဝေဂရ၍ တရားအားထုတ်ပါက တရားထူးရနိုင်စွမ်းရှိသည်။
ဘဝတွင် ဆွေမျိုးသားချင်းအရင်းများနှင့်ဝေးကွာတတ်ပြီး သူစိမ်းများကိုသာ ဆွေမျိုးရင်းချာပမာဆက်ဆံနေထိုင်ရလိမ့်မည်။ချမ်းသာသူ၊ရာထူးအဆင့်မြင့်သူ၊ပညာတတ်အသိုင်းအဝိုင်းများနှင့်ရင်းနှီးကျွမ်းဝင်စွာနေထိုင်ဆက်ဆံရလိမ့်မည်။

မဟာဘုတ် ၆ ခုကြွင်းများအဖို့စိတ်ထိခိုက်ခံစားလွယ်သည်။အစွဲအလမ်းကြီးလွန်းပြီးအစွန်းရောက်တတ်သည်။တစ်ခါတရံစိတ်‌ဝေဒနာဆန်ဆန်ခံစားရတတ်၍ စိတ်မဖိစီးစေရန်သတိပြုနေထိုင်သင့်သည်။ပင်ကိုယ်အားဖြင့်စိတ်ထားကောင်းသည်။သို့သော်ပတ်ဝန်းကျင်ကိုလိုက်၍ အရောင်ပြောင်းလွယ်သည်။

ဤအဖွားဇာတာရှင်တို့၏အားသာချက်မှာ မိမိကိုယ်ကိုမကြာခဏပြန်လည်စစ်ဆေးတတ်ပြီး အမှားပြုမိပါကထိတ်လန့်သံဝေဂရလွယ်ကာ လူကောင်းလူတော်ဖြစ်အောင်အချိန်မီပြင်ဆင်နိုင်ခြင်းဖြစ်သည်။ထူးခြားချက်မှာ ဉာဏ်ကြီးသည့်အလျှောက် မိမိ၏ထက်မြက်ကျွမ်းကျင်မှုကိုထုတ်မပြတတ်ပဲ သာမာန်လူကဲ့သို့လျှို့ဝှက်စွာ နေထိုင်ပြုမူတတ်ကြသည်။

ဘဝမှာငွေကြေးကိစ္စများသတိထားလုပ်ဆောင်ရမည်။အာမခံခြင်း၊ငွေချေးခြင်းများတစ်သက်တာရှောင်ပါ။ဆုံးရှုံးနစ်နာတတ်သည်။ငွေမမြဲတတ်၍ ငွေသားစုဆောင်းခြင်းမသင့်။ရှာဖွေရရှိလာသည့်ငွေများကိုရွှေဝယ်စုခြင်း၊အိမ်ခြံမြေစသည်များဝယ်ယူစုဆောင်းပါက အလွန်ချမ်းသာလာတတ်သည်။

ဤဇာတာရှင်တို့သည် ဘဝမှာအောင်မြင်ဖို့အတော်ရုန်းကန်ကြိုးစားရတတ်သည်။ရန်သူလည်းများတတ်သည်။မည်သည့်လုပ်ငန်းလုပ်သည်ဖြစ်စေ ဘာသာရေးတွဲလုပ်ပါက နတ်မြတ်နတ်ကောင်းများမစခြင်းခံရမည်။လောကီဝိဇ္ဇာပညာရပ်များသင်ယူရရှိတတ်ပြီး အသက်ကြီးပါကရဟန်းဘဝဖြင့်တရားအားထုတ်သွားလေ့ရှိသည်။

အချစ်ရေးအိမ်ထောင်ရေး၌မူ ထူးခြားဆန်းကျယ်စွာဆုံစည်းတတ်သည်။ချစ်ခြင်းမေတ္တာကိုဦးစားပေးလေ့ရှိသည်။မိမိ၏ချစ်သူဖက်၌အားနည်းချက်ရှိလည်း ရှောင်မပြေးပဲရဲဝံ့စွာလက်တွဲတတ်သည်။သို့သော်ယောင်္ကျားလေးတစ်ချို့မှာ လိင်စိတ်များခြင်း၊အိမ်ထောင်ရှိသော်လည်းတိတ်တိတ်ပုန်းလူမှုရေးရှုပ်ထွေးခြင်းများပြုမိကြ၍သတိထားဆင်ခြင်ရမည်။အမျိုးသမီးများမှာ အရွယ်မတူသူ၊ဘာသာမတူသူများနှင့်ဆုံတတ်ပြီးအပျိုကြီးဘဝဖြင့်အရိုးထုတ်သူများစွာလည်းရှိသည်။

တနင်္လာဂြိုဟ်ပျက်နေ၍ ဘဝတွင်အအေးမခံရ။အသက်ရှုလမ်းကြောင်းရောဂါဖြစ်လွယ်သည်။အစာခြေအင်္ဂါစုများ၊ဆီး၊ကျောက်ကပ်ရောဂါများလည်းခံစားရတတ်သည်။အစားအသောက်စားရာ၌ သန့်ရှင်းလတ်ဆတ်မှုကိုအဓိကထား၍စားပါ။မသန့်ရှင်းသောစားသောက်နေထိုင်မှုသည် အစာမျိုပြွန်၊အစာအိမ်ကင်ဆာများအထိခံစားရတတ်သည်။

ပင်ကိုယ်စိတ်ထားနူးညံ့သော်လည်းမတရားခံရပါက ဘီလူးကဲ့သို့ခက်ထန်မာကျောစွာပြန်လည်တိုက်ခိုက်တတ်သည်။ပင်ကိုယ်စိတ်မှာ သည်းခံမှုကိုနှစ်သက်သော်လည်း မိမိအပေါ်ဒုက္ခပေးလာပါများက သားသမီး ဆွေမျိုးများကိုပင် လုံးဝစကားမပြောတော့ပဲစိတ်ကုန်ခမ်းသွားတတ်ကြသည်။

အစိုးရဝန်ထမ်းလုပ်ငန်းများသိပ်အကျိုးမပေးတတ်ပါ။ပြင်ပစီးပွားရေးသာလုပ်သင့်သည်။ဘဝ၌အမှားကြီးကြီးမားမားလုပ်မိရန်အခြေအနေများ၃ ကြိမ်ထက်မနည်းကြုံရတတ်သည်။အမှားကိုရှောင်နိုင်ခဲသည်။ကျော်လွှားရှောင်ထွက်နိုင်ပါကအထွဋ်အထိပ်သို့ရောက်လိမ့်မည်။

မဟာဘုတ်ဗေဒင်အရ ယခုနှစ်၂၀၂၃ ဧပြီ ၁၇ ရက်မှ ၂၀၂၄ ဧပြီ ၁၆ ရက်နေ့ကြားမွေးဖွားလာမည့်ကလေးငယ်များ၏တစ်သက်တာကံတရားနှင့်စရိုက်လက္ခဏာများဗဟုသုတမျှဝေပေးတာပါဗျာ။

ဤနှစ်အတွင်းခွဲစိပ်မွေးဖွားလိုပါက အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သား သမီးများကိုဦးစားပေးရွေးချယ်သင့်ကြောင်းပါ။

ရေးသားသူ – ဆရာကြီးအောင်ဉာဏ်မိုး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။