၅၀၅(က)နဲ့တရားစွဲခံအရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ်တို့ပြန်လည်လွတ်မြောက်လာ

Celebrity Local News
၅၀၅(က)နဲ့တရားစွဲခံအရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ်တို့ပြန်လည်လွတ်မြောက်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၅၀၅(က)နဲ့တရားစွဲခံအရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ်တို့ပြန်လည်လွတ်မြောက်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၅၀၅(က)နဲ့တရားစွဲခံအရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ်တို့ပြန်လည်လွတ်မြောက်လာ

ပရိသတ်ကြီးရေ… နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီ၊ မြတ်သူသူနဲ့ မေလ သံစဉ်တို့ကတော့ သူတို့ကျင်လည်ရာနယ်ပယ်ကိုယ်စီမှာ အသီးသီး နာမည်ရအောင်မြင်သူတွေဖြစ်ကြပါတယ်။ မေပန်းချီကလည်း ရုပ်ရှင်နဲ့ ဗီဒီယိုမင်းသမီးအဖြစ် အောင်မြင်သလို ရွှေရည်သိန်းတန်ဟာလည်း မြန်မာ သံစဉ်တေးသံရှင်အဖြစ် မြတ်သူသူကလည်း ဇာတ်လမ်းတွဲမင်းသမီးအဖြစ် မေလသံစဉ်ကလည်း အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားကြသူတွေဖြစ်ပါတယ်။

ဇူလိုင်လ (၇) ရက်နေ့မှာတော့ ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ ပြီး ခဲ့တဲ့ ဧပြီလက ပဇီကြီးကျေးရွာ ဗုံးကြဲခံရခြင်းနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် profileအနက်ချိန်း ခြင်း၊ ဝမ်းနည်းကြောင်း ပြသခြင်းတို့ကြောင့် သတင်း မှားဖြန့်ဝေတယ်ဆိုပြီး ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့် တရားစွဲအရေးယူခံထားရတဲ့ မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ်တို့ဟာ လွတ်မြောက်လာ ကြပြီဖြစ်ပြီး သူတို့ရဲ့ နေအိမ်အသီးသီးကို ပြန်လည် ရောက်ရှိနေကြပြီလို့ သိရပါတယ်။

မေပန်းချီ၊ ရွှေရည်သိန်းတန်၊ မြတ်သူသူနဲ့ မေလသံစဉ် တို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေရော ပရိသတ်တွေကပါ အဆိုပါသတင်းကောင်းအတွက် ထပ်တူဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။