မမွေးသေးတဲ့ကလေးတွေကိုပါ ကယ်ယူမဲ့ခိုင်နှင်းဝေ

Celebrity Local News
မမွေးသေးတဲ့ကလေးတွေကိုပါ ကယ်ယူမဲ့ခိုင်နှင်းဝေ

မင်းသမီးကြီးခိုင်နှင်းဝေဟာဆိုရင် အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင် သရုပ်ဆောင်တယောက်ဖြစ်ပါတယ်။ မြန်မာဆန်ဆန်အလှတရားနဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် နာမည်ကျော်သူတယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းမရှိတော့ပဲ အများအကျိုးသယ်ပိုးတဲ့ ပရဟိတလုပ်ငန်းတွေသာ လုပ်ကိုင်ပြီး အခြေခံလူတန်းစားတွေကို အဖက်ဖက်မှကူညီပေးနေတာပဲဖြစ်ပါတယ်။ ကိုယ်တိုင် ခိုင်နှင်းဝေဖောင်ဒေးရှင်း ကိုထူထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းတွေပိုမို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ စွန့်ပစ်ခံကလေးတွေကို ကယ်တင်နေတဲ့အပြင် မမွေးသေးတဲ့ကလေးတွေကိုပါကယ်တင်ဖို့ကြိုးစားနေကြောင်းပြောပြပေးသွားပါတယ်။ ‘ကလေး ဆုံးပါးမှုများလာတဲ့ အတွက် စွန့်ပစ်တဲ့ ကလေးတွေကိုပဲ ကယ်တင်တာထက် မိခင် ဝမ်းထဲမှာ ကတည်းက မွေးစားဖို့ အတွက် လက်ခံသွားတော့မယ်။ ကလေးကို ပေးပစ်ဖို့ စဉ်းစားထားရင်ကိုယ်ဝန်ဆောင် ကတည်းက ကြိုတင်လာပြောနိုင်ပြီး၊ ကလေးရော၊ မိခင်ပါ ကျန်းကျန်းမာမာ ဖြစ်အောင် စောင့်ရှောက်ပေးမယ်’ လို့ ခိုင်နှင်းဝေကပြောလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Myanmar Celebrity TV

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။