လက်ချောင်းအရစ်.လက်သကြွယ်နဲ့လက်ခလယ်ကအရစ်အကြောင်း

Astrology
လက်ချောင်းအရစ်.လက်သကြွယ်နဲ့လက်ခလယ်ကအရစ်အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်ချောင်းအရစ်.လက်သကြွယ်နဲ့လက်ခလယ်ကအရစ်အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ချောင်းအရစ်.လက်သကြွယ်နဲ့လက်ခလယ်ကအရစ်အကြောင်း

မိတ်ဆွေတို့အနေနဲ့ ပုံပါအတိုင်း လက်သကြွယ်ကအရစ်လေးပါမယ်ဆိုရင် အကျိုးကောင်းပါတယ်..

ဒါဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးကိုအဓိကပြပေးပါတယ်…အတွေးကောင်းကြတယ်…စဥ်းစားမှုတွေနဲ့ဘယ်အရာမဆိုလုပ်ဆောင်တတ်ကြတယ်…စကားပြောဆိုရာမှာအားသာချက်ရှိသူတွေဖြစ်ကြတယ်…လုပ်ငန်းအလုပ်အကိုင်ကပဲငွေကြေးအဓိကဝင်တတ်တယ်…ဘဝမှာသူလုပ်တဲ့လုပ်ငန်းဘက်ကနေပဲ အောင်မြင်မှုပိုရတတ်တယ်…အဓိက အားသာတာက သူ့ဟာအတွေးအခေါ်နဲ့စဥ်းစားမှုအပိုင်းကသူများထပ်ပိုသာတာကြောင့် ကိုယ်ပိုင်လုပ်ငန်းမျိုးကသူ့အတွက်ပိုအကျိုးပြုပါတယ်…

နောက်ပြီးလက်ခလယ်ကအရစ်ဟာ အဆိုးအကောင်းရှိတယ်…အဆိုးဘက်အနေနဲ့ ရန်များတတ်တယ်…မနာလိုသူပေါ်များတတ်တယ်…အပေါ်ယံလူများနဲ့သူ့ဘဝမှာကြုံတွေ့ရတတ်တယ်…ဘဝမှာတစ်ခါမကသော လူမှုရေးပြဿနာကြီးကြီးမားမားပေါ်တတ်ပါတယ်…ဒါကတော့မကောင်းတဲ့ဘက်ဖြစ်ပါတယ်….

အကောင်းဘက်အနေနဲ့…ဒီလိုပါသူတွေဟာ စိတ်ကောင်းစေတနာအရမ်းထားခြင်း၊တစ်ပါးသူအပေါ်သနားကြင်နာတတ်ခြင်းနဲ့လူအများအပေါ်စိတ်ရင်းနဲ့ပေါင်းသင်းချင်းကြောင့် သူ့ဘဝမှာအဆင်မပြေလဲ ခဏတာပါပဲ…သူ့အလိုလိုပြေလည်မှုရရှိမယ်လို့ပြပါတယ်….

တစ်ခုရှိတာက ဒီလက်ပိုင်ရှင်ဟာ လက်ခလယ်အရစ်ကအားနည်းတာကြောင့် အညံ့ပိုတတ်ပါတယ်..အားသာမှုကောင်းရင်အညံ့နည်းစေပါတယ်…
အားလုံးသိရအောင် လက်ပုံဘယ်ညာဖြင့်မျှဝေပေး လိုက်ပါတယ်..တစ်ခုစီပါလဲ ရပါတယ်..အဟောတစ်ခုစီကြည့်သွားလို့ရပါတယ်…

( မှတ်ချက်)ပုံပါအတိုင်းအရစ်ပါဖို့လိုအပ်ပါတယ်…အဖြတ်တွေပါပြီး အမှတ်အသားတူနေရင် အကျိုးနည်းပြီး အားနည်းးရတတ်ပါတယ်…
သေချာလေးတိုက်စစ်ကြည့်ပါ…

လက္ခဏာလေ့လာသူတွေနဲ့ဝါသနာပါသူများအတွက်..ဗဟုသုတရရှိအောင်လို့ အနည်းငယ်မျှဝေပေးလိုက်ပါတယ်…

ကျေးဇူးရှင်များနဲ့ ခုနှစ်ရက်သားသမီးများကျန်းမာချမ်းသာကြပါစေ…
ကြုံတွေ့နေရသောအခက်ခဲများကောင်းစွာကျော်ဖြတ်နိုင်ကြပါစေ.

ရေးသားသူ –Htet Paing

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။