၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ လူမှုဘဝ တိုးတက်ကာ ဆုံးဖြတ်ချက်တိုင်းကို ယုံကြည်မှုရှိရှိ ချမှတ်နိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အလွန် ကောင်းမွန်နေပါမယ်။ အဆင်ပြေမည့် အနေအထားဖြင့် အခွင့်အလမ်းများ ပေါ်ပေါက်လာကာ ဝင်ငွေကို တိုးပွားစေပြီး ကြွယ်ဝမှုကို ပေါင်းထည့်နိုင်ပါမယ်။

ဤကာလအတွင်း ကလေးငယ် ရှိကြသော Aries ရာသီခွင်များ အနေနှင့် ပိုမို ဂရုစိုက်ပေး ရပါမယ်။ အထူးသဖြင့် ပညာရေး လမ်းကြောင်းတွင် သွေဖယ်မှု မရှိလေအောင် ဂရုစိုက်ပေးပါ။ ကလေး၏ စိတ်တွင် အမုန်းပွားစေမယ့် မည်သည့် အရာကိုမဆို ရှောင်ကြဉ်ပါ။

ပြိဿရာသီခွင် – Taurus ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် မိမိ၏ ကျန်းမာရေးအတွက် ဦးစားပေး ဆောင်ရွက်ရပါမယ်။ အထူးသဖြင့် နားချိန် အလုံအလောက် ထားရှိပေးပါ။ တတ်နိုင်ပါက လမ်းလျှောက်ခြင်း စသော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။

ငွေရေးကြေးရေးအရ အချစ်ရေးရာ ကိစ္စရပ်အတွက် ငွေကြေး ပိုမို သု့းစွဲရတတ်ပါတယ်။ ကိုယ်ပိုင် စီးပွား‌ရေး လုပ်ကိုင်ကြသူများ အနေနှင့် အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။

ဤကာလအတွင်း မိမိ၏ ကိုယ်ရေးကိုယ်တာ အပေါ် မိသားစုဝင် အချို့၏ ဝင်ရောက် စွက်ဖက်မှုတို့ကြောင့် စိတ်ဖိစီးစေနိုင်ပါတယ်။ ထိုကိစ္စရပ်များကြောင့် အပြုအမူသည် ခက်ထန်နေနိုင်ပါမယ်။ အပြန်အလှန် နားလည်မှုများ လျော့နည်းလာကာ စကား အခြေအတင် ပြောဆိုရတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ စိတ်ဖိစီးမှုများ မြင့်မားနေတတ်ပါတယ်။ အထူးသဖြင့် မူယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အတက်အကျများ ရှိနေပါမယ်။ အကယ်၍ ရင်းနှီးမြုပ်နှံလိုပါက အလျင်စလို မပြုလုပ်ပါနှင့်။ မည့်သည့် ခြေလှမ်းကိုမဆို သတိဝီရိယနှင့် ဆုံးဖြတ်ချက်များ ချမှတ်ပါ။ လိုအပ်ပါက ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ ကိုယ်ရေးကိုယ်တာ ဘဝတွင် ပြဿနာအချို့နှင့် ရင်ဆိုင်ရနိုင်ပါမယ်။ ပြဿနာများကို ရှောင်ပြေးခြင်းထက် ရင်ဆိုင်ဖြေရှင်းပါ။ မိမိ လုပ်ဆောင်ခဲ့သော အမှားများကို ပြန်လည်ဆင်ခြင် သုံးသပ်ပါ။

ကရကဋ်ရာသီခွင် – Cancer ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် ရရှိကာ အကောင်းမြင်စိတ်ဖြင့် ဖြတ်သန်းနိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိနိုင်ပါမယ်။ ကံတရား၏ အလှည့်အပြောင်းတို့ကြောင့် လုပ်ငန်းခွင်တွင်ဖြစ်စေ၊ မိသားစု လုပ်ငန်းတွင်ဖြစ်စေ အဆင်ပြေကာ ငွေ‌ကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ ဒါကြောင့် မိမိအလုပ်ပေါ်မှာသာ အာရုံစူးစိုက်ပေးပါ။

ဤကာလအတွင်း မိသားစု၏ အိမ်မှုရေးရာ ကိစ္စရပ်များကိုပါ ကူညီ ဆောင်ရွက် နိုင်ပါမယ်။ မိသားစု အတွင်း လေးစားမှုနှင့် ဆက်ဆံရေးကို ပိုမို ခိုင်မာစေပါမယ်။

သိဟ်ရာသီခွင် – Leo ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ပတ်ဝန်းကျင်ရှိ လူအချို့၏ အပြုအမူကြောင့် စိတ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါမယ်။ အထူးသဖြင့် ယာဉ်မောင်းနှင်ရာတွင် ဂရုစိုက်ပေးပါ။ မိမိကိုယ် မိမိ ဖိစီးမှုကင်းအောင် နေထိုင်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အတက်အကျများ ရှိနေတတ်ပါတယ်။ ငွေကြေး ကိစ္စရပ်များကြောင့် မိမိရင်းနှီးသူများနှင့် အကြီးအကျယ် အငြင်းပွားဖွယ် ရှိနေပါတယ်။ ငွေကြေး အကူအညီ မဲ့နေနိုင်ပီး အသုံးစရိတ်များကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

ဤကာအတွင်း မိသားစု အတွင်း သဘောထား ကွဲလွဲမှုများကို ပြန်လလည် ဖြေရှင်းနိုင်ပါမယ်။ အောင်မြင်မှုတို့ဖြင့် မိသားစု၏ ဘဏ္ဍာရေးကို ခိုင်မာလာစေပါမယ်။ မိသားစုဝင်များ အကြား အပြန်အလှန် အလေးထားခြင်းတို့ဖြင့် ပျော်ရွှင်မှုများ ရှိနေပါမယ်။

ကန်ရာသီခွင် – Virgo ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေပါမယ်။ ယုံကြည်မှုရှိစွာ ဆုံးဖြတ်ချက်များ ကို ချမှတ်နိုင်ပါမယ်။ ဤကာလအတွင်း လူအဖွဲ့အစည်းရှိ ဂုဏ်သရေရှိသူများနှင့် တွေ့ဆုံရတတ်ပါတယ်။

ရရှိလာသော အတွေ့အကြုံများကို မူတည်၍ ငွေကြေး အစီအစဉ်များကို ရေးဆွဲနိုင်ပါတယ်။ အနာဂတ် အတွက် ငွေကြေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ပါတယ်။

ယခုအပတ်တွင် မိသားစုဝင်များထံမှ ပံပိုးကူညီမှုများကို ရံဖန်ရံခါ ရရှိနိုင်ပါမယ်။ Virgo ရာသီခွင်တို့၏ မိသားစု ဘဝအတွင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ပါမယ်။ ညီအကို မောင်နှမများနှင့် မကြာခဏ အဆက်အသွယ် ပြုလုပ်ပေးပါ။

တူရာသီခွင် – Libra ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ထွက်ပေါ်လာပါမယ်။ အသေးအမွှား ပြဿနာများ ဖြစ်ပေါ်နိုင်သော်လည်း ကြီးကြီးမားမား ဝေဒနာများနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယခင်ထက် ပိုမို ကျန်းမာလာပါမယ်။

ငွေရေးကြေးရေးအားဖြင့် အစောပိုင်းကာလတွင် အားကောင်းနေနိုင်သော်လည်း ရက်သတ္တပတ် အကုန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးရတတ်ပါတယ်။ အထူးသဖြင့် ဝင်ငွေနှင့် အသုံးစရိတ်များကြား မျှတအောင် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ ငွေကြေး ချေးငှားမှုများမှ တတ်နိုင်သမျှ ရှောင်ရှားပေးပါ။

အိမ်ထောင်သည် Libra ရာသီခွင်များ အနေနှင့် မိမိတို့၏ ကလေးများနှင့် ပြောဆိုဆက်ဆံရာတွင် စိတ်ရှည်ပေးရန် လိုအပ်ပါမယ်။ အထူးသဖြင့် အပြောအဆိုကို ဂရုစိုက်ပေးပါ။ ရင့်သီးသော စကားလုံးများတို့ကြောင့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပုံမှန် ကျန်းမာရေးကို ထိန်းထားနိုင်ပါမယ်။ ရက်သတ္တပတ် နောက်ပိုင်း ကာလတွင် အနည်းငယ် ထိုင်းမှိုင်းနေတတ်ပါတယ် ။

ငွေရေးကြေးရေး အရ တိုးတက်မှု ရှိနေပေမယ့်လို့ အသုံးမလိုသော အရာများ အတွက်သာ ကုန်ဆုံးတတ်ပါတယ်။ ဒါကြောင့် ငွေကြေး အစီအစဉ်များကို မဖြစ်မနေ ပြုလုပ်ပေးပါ။ မိမိအတွက် အမှန်အကန် လိုအပ်သော အရာများကိုသာ ငွေကြေး သုံးစွဲပေးပါ။

ဤကာလအတွင်း မိသားစုဝင် တစ်ဦးဦး၏ ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် စိတ်ဖိစီးနေရတတ်ပါတယ်။ အိမ်တွင်းကုသမှုကိုသာ အားမကိုးပါနှင့်။ မှန်ကန်သော စောင့်ရှောက်မှုတို့ဖြင့် ဆေးကုသမှု ခံယူပေးပါ။

ဓနုရာသီခွင် – Sagittarius ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲများ ရှိနေပါမယ်။ သို့သော် ပေါ့ပေါ့ဆဆ မနေပါနှင့်။

ငွေရေးကြေးရေးအရ ရက်သတ္တပတ် အစတွင် အထူး ကောင်းမွန်နေပါမယ်။ ငွေကြေး လုပ်ငန်းဆောင်တာများ အောင်မြင်ကာ နယ်ပယ်များစွာမှ ငွေကြေး အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ သို့သော် ဟန်ဆောင် လိမ်လည်‌သော ငွေကြေး ချေးငှားမှုများ ရှိနေတတ်၍ သတိထားပေးပါ။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ပတ်ဝန်းကျင်တွင် မတည်ငြိမ်နိုင်ပေ။ မိသားစုဝင် အချို့နှင့် စကား အခြေအတင် ပြောဆိုရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကြုံတွေ့နေရသော ကျန်းမာရေး ပြဿနာများမှ လွတ်မြောက်နိုင်ပါမယ်။ အထူးသဖြင့် အအေးစာများ၊ ရက်လွန် အစားအစာများကို ရှောင်ရှားပေးပါ။ မျက်စိနှင့် ပက်သက်၍ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးနှင့် အညီ ရေများများ သောက်သုံးပေးပါ။

ငွေရေးကြေးရေး အရ ပျမ်းမျှထက် ပိုမိုကောင်းမွန်သော ရလာဒ်များဖြင့် သက်သေပြနိုင်ပါမယ်။ မိမိ၏ ဘဏ္ဍာရေး အခြေအနေကို ခိုင်မာစေသော အခွင့်အလမ်းများစွာ ပေါ်ပေါက်နိုင်ခြေ ရှိနေပါတယ်။

အကယ်၍ Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် အိမ်ထောင်သည် မိသားစုဝင် ရှိပါက ကလေးနှင့် ပက်သက်၍ သတင်းကောင်း ကြားသိရနိုင်ပါမယ်။ အပြုသဘောဆောင်သော အပြောင်းအလဲတို့ဖြင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပေး ပါိလိမ့်မယ်။

ကုမ်ရာသီခွင် – Aquarius ( March 11 to March 17 )
===============================================

ယခုအပတ် အစောပိုင်းတွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးအားဖြင့် အဆင်မချောမွေ့လှပေ။ ရာသီအလိုက် ဖြစ်ပွားတတ်သော ဝေဒနာအချို့ ဝင်ရောက်လာဖွယ် ရှိနေပါတယ်။ နောက်ပိုင်းကာလများတွင်သာ ကျန်းမာရေး တိုးတက်မှုနှင့် အတူ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ချွေချွေတာတာ သုံးစွဲပေးရန် လိုအပ်ပါမယ်။ ငွေကြေး ကောက်ခံမှု ပိုမိုများလာနိုင်သောကြောင့် ငွေကြေး ကျပ်တည်းနေတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု အသစ် ပြုလုပ်လိုပါက အသေချာ စစ်ဆေးပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် တက်ကြွမှုနှင့် အတူ နွေးထွေးမှုများ ရှိနေပါမယ်။ မိသားစုဝင်များ အကြား ချစ်ခြင်း မေတ္တာတို့နှင့် ဖုံးလွမ်းနေပါမယ်။

မိန်ရာသီခွင် – Pisces ( March 11 to March 17 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် စိုးရိမ်မှုများ ဖြစိပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ဤကာလအတွင်း ဝင်ငွေ ရရှိနိုင်သော်လည်း မမျှော်လင့်ဘဲ ငွေကြေး ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စရပ်များကို သတိထားပါ။

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် မိမိလုပ်ဆောင်မည့် အကြောင်းကိစ္စနှင့် ပက်သက်၍ မိသားစုဝင်များကို အသိပေးရပါမယ်။ မဟုတ်ပါက ဆက်ဆံရေးကို ထိခိုက်စေကာ လစ်လျူရှုမှုတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။