ဇူလိုင်လ(၁၁)ရက်နေ့ရောက်တိုင်း ရင်နင့်အောင်လွမ်းရတဲ့ ကိုသားကြီးနဲ့ ဦးကျော်ဟိန်းတို့အကြောင်း ပြောပြလာတဲ့ သားညီ

Celebrity Local News
ဇူလိုင်လ(၁၁)ရက်နေ့ရောက်တိုင်း ရင်နင့်အောင်လွမ်းရတဲ့ ကိုသားကြီးနဲ့ ဦးကျော်ဟိန်းတို့အကြောင်း ပြောပြလာတဲ့ သားညီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇူလိုင်လ(၁၁)ရက်နေ့ရောက်တိုင်း ရင်နင့်အောင်လွမ်းရတဲ့ ကိုသားကြီးနဲ့ ဦးကျော်ဟိန်းတို့အကြောင်း ပြောပြလာတဲ့ သားညီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇူလိုင်လ(၁၁)ရက်နေ့ရောက်တိုင်း ရင်နင့်အောင်လွမ်းရတဲ့ ကိုသားကြီးနဲ့ ဦးကျော်ဟိန်းတို့အကြောင်း ပြောပြလာတဲ့ သားညီ

ပရိသတ်ကြီးရေ… မြန်မာ့ရုပ်ရှင်လောကရဲ့ ဘုရင်နှစ်ပါးဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်းနဲ့ အကယ်ဒမီ ဒွေးတို့ကတော့ ဦးလေးနဲ့တူ တော်စပ်ကြတဲ့ သွေးသားရင်းတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၁၁) ရက်နေ့ကတော့ ဒွေးကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် ဖြစ်သလို ကျော်ဟိန်း (ဦးကိတ္တိသာရ) ကွယ်လွန်ခြင်း (၃) နှစ်တိတိပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။

ဒွေးရဲ့ ညီအရင်းဖြစ်သူ သရုပ်ဆောင် ဒါရိုက်တာ သားညီက ဒီကနေ့မှာ အစ်ကိုနဲ့ ဦးလေးကို သတိရတမ်းတခြင်း အကြောင်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါ တယ်။ သားညီက “11.7.2023… 16 နှစ် ရှိသွားပြီအစ်ကို !!!အချိန်တွေတော်တော်ကြာသွားခဲ့ပြီ။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် နည်းနည်းတော့ ခံနိုင်ရည်ရှိလာပါ ပြီ။ နေ့တိုင်း လွမ်းမနေတော့ဘူး။

နေ့တိုင်း ပူဆွေးမနေ တော့ဘူး။ အစ်ကို ရုပ်ရှင်ကားတွေလာရင် ခဏတစ်ဖြုတ် ရပ်ကြည့်နိုင်လာပြီ။ ရယ်စရာလေးတွေ ပါရင် လိုက်ရယ်နိုင်လာပြီ။ ကျွန်တော်တို့ အတူရိုက်ခဲ့တဲ့ ကားတွေဆို အဲ့ဒီအချိန်က အမှတ်တရ အဖြစ်အပျက် တွေ သူများတွေကို အေးအေးဆေးဆေးပြန်ပြောပြနိုင် နေပြီ။ ကားမောင်းသွားရင်း Radio က အစ်ကိုသီချင်း တွေလာရင် အရင်က ချက်ချင်းပိတ်ပစ်တတ်ပေမယ့် အခုဆို ခပ်တိုးတိုးလေး လိုက်ညည်းနိုင်လာပြီ။ အစ်ကို ကို စိတ်ထဲမှာ မရှိတော့တာ မဟုတ်ဘူးနော်။

အခြေအနေတစ်ခုကို တစ်ဖြေးဖြေး လက်ခံလာနိုင်တာ ပါ။ ဒါပေမယ့် ဒါဏ်ရာတွေနဲ့လဲကျပြီး ဘာဆက်လုပ်ရ မှန်းမသိပဲ လမ်းပျောက်နေတဲ့ အချိန်မျိုးတွေ ရုတ်တရက် တိုက်ဆိုင်မှု တစ်ခုခု ကြုံလာတဲ့ အခါမျိုး တွေဆိုရင်တော့ အစ်ကို့ကို လွမ်းတဲ့စိတ်နဲ့ ကျွန်တော် ဟန်မဆောင်နိုင်ဘူး အစ်ကို အခုအချိန်အထိ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေမိတုန်းပါပဲ။

လူဆို တော့လည်း ပျော့ညံ့မိတဲ့ အချိန်တွေရှိနိုင်တာပဲလေနော်။ အခုလည်း လွမ်းနေတယ် အစ်ကို !!! သားညီ … 11.7.2023… 3 နှစ် ရှိသွားပြီ !!! အဆူမခံရတာတော့ တော်တော်ကြာခဲ့ပါပြီ။ တခါတလေ အရမ်း မုန်းမိတယ်။ သွေးသားအရင်းဖြစ်ပြီး သူများတွေထက်သားပို အဆူအဆဲခံခဲ့ရလို့လေ။

ဒါပေမယ့် အခုအချိန်မှာ တော့ အဲ့ဆူသံတွေပြန်ကြားချင်လည်းမရတော့ဘူး။ ကိုယ့်ကို သူများတွေထက် ပိုထူးချွန်စေချင်လို့ ပိုပြီးနာနာ ရိုက်ခဲ့တယ်ဆိုတာ ပိုနားလည်လာတယ်။ ဝမ်းလည်း နည်းလာတယ်။ ကျေးဇူးအရမ်းတင်ပေမယ့် ကျေးဇူးပါ လို့ ပြောခွင့်မရှိတော့ဘူး။ စိတ်ထဲကပဲ ရည်ရွယ်ပြီး ၁ အပြစ်တွေအတွက် ရှစ်ခိုးကန်တော့ တောင်းပန်ပါတယ် …ဖိုးသဲ …ဒီနေ့လေးမှာ ကျွန်တော် ကျေးဇူးရှင် နှစ် ယောက်အတွက် တတ်နိုင်သလောက်လေး ကုသိုလ်ပြု ပေးပါ့မယ်ရောက်ရာ ဘုံဘဝက သာဓု ခေါ်ကြပါနော် …” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

သားညီကတော့ အနုပညာမျိုးရိုးကြီးမားခဲ့သူတစ် ယောက်ဖြစ်ပြီး အစ်ကိုဖြစ်သူဒွေးနဲ့ ဦးလေးဖြစ်သူ ကျော်ဟိန်းတို့ဆီက ပညာအမွေတွေအများကြီး လက်ဆင့်ကမ်းယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျော်ဟိန်းနဲ့ ဒွေးတို့လည်း ကျန်ရစ်သူမိသားစုတွေပြု ပေးတဲ့ ကုသိုလ်ကောင်းမှုကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနေလောက်ပြီထင်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။