“အထီးကျန်”လို့ မီးသတ်ဌာနကို အရေးပေါ်ဖုန်းဆိုမှု အကြိမ်ရေ ၂၇၀၀ ကျော် ခေါ်ဆိုခဲ့တဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ

International News
“အထီးကျန်”လို့ မီးသတ်ဌာနကို အရေးပေါ်ဖုန်းဆိုမှု အကြိမ်ရေ ၂၇၀၀ ကျော် ခေါ်ဆိုခဲ့တဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အထီးကျန်”လို့ မီးသတ်ဌာနကို အရေးပေါ်ဖုန်းဆိုမှု အကြိမ်ရေ ၂၇၀၀ ကျော် ခေါ်ဆိုခဲ့တဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အထီးကျန်”လို့ မီးသတ်ဌာနကို အရေးပေါ်ဖုန်းဆိုမှု အကြိမ်ရေ ၂၇၀၀ ကျော် ခေါ်ဆိုခဲ့တဲ့ ဂျပန်အမျိုးသမီး အဖမ်းခံရ

ဂျပန်နိုင်ငံက အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ၂ နှစ်နဲ့ ၉ လ အတွင်း နောက်ပြောင်ပြီး မီးသတ်ဌာနကို အရေးပေါ်ဖုန်းခေါ်ဆိုမှု ၁၇၆၁ ကြိမ် ခေါ်ဆိုခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ မာဆုဒိုမြို့မှာ နေထိုင်သူ ဟီရိုကို ဟာတာဂါမီဆိုတဲ့ အဲဒီအမျိုးသမီးဟာ ဒေသတွင်းမီးသတ်ဌာနရဲ့လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်တယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့က အဖမ်းခံခဲ့ရတာပါ။

ဟီရိုကိုက အကြောင်းပြချက်အမျိုးမျိုးနဲ့ သူ့အိမ်ကနေ အရေးပေါ်ဖုန်းခေါ်မှုလုပ်ခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၃ ခုနှစ် မေလကြားမှာ သူဟာ မာဆုဒိုမီးသတ်ဌာနကို ထပ်ခါထပ်ခါ ဖုန်းခေါ်ဆိုပြီး ဗိုက်အောင့်တယ်၊ ဆေးအလွန်အကျွံသောက်မိတယ်၊ ခြေထောက်ကိုက်တယ်လို့ အမျိုးမျိုးပြောဆိုကာ အရေးပေါ်လူနာတင်ကားလွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ အရေးပေါ်လူနာတင်ကားရောက်သွားတဲ့အချိန်ကျရင် သူက “အရေးပေါ်လူနာတင်ကားမခေါ်ပါဘူး၊ ဖုန်းလည်းမခေါ်ခဲ့ဘူး”လို့ ခွန်းတုံ့ပြန်ပြီး ပြန်ပြန်လွှတ်ခဲ့တာပါ။ မီးသတ်ဌာနကရော ရဲဌာနကပါ သူ့ကို အခုလိုဖုန်းမခေါ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ဆက်ပြီးလုပ်ခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်နေ့က အရေးပေါ်ဝန်ဆောင်မှုဌာနက ရဲဌာနကို တိုင်ကြားချက်ပို့ခဲ့ပြီးနောက် သူ့ကို ဖမ်းဆီးခဲ့တာပါ။

ဟီရိုကိုဖမ်းဆီးခံရပြီးနောက် သူ အထီးကျန်ပြီး အာရုံစိုက်တာလိုချင်လို့ အခုလိုလုပ်ခဲ့တာလို့ စုံစမ်းစစ်ဆေးရေးသမားတွေကို သူက ပြောကြားခဲ့ပါတယ်။ “ကျွန်မ အထီးကျန်ပြီး တစ်စုံတစ်ယောက်ကို ကျွန်မရဲ့စကား နားထောင်စေချင်ခဲ့တယ်။ ကျွန်မကို အာရုံစိုက်စေချင်ခဲ့တယ်”တဲ့။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။