မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားပေမဲ့ ထိုင်းမူးယစ်ရာဇာကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့

International News Local News

မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားပေမဲ့ ထိုင်းမူးယစ်ရာဇာကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားပေမဲ့ ထိုင်းမူးယစ်ရာဇာကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားပေမဲ့ ထိုင်းမူးယစ်ရာဇာကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့

ထိုင်းနိုင်ငံက မူးယစ်ရာဇာတစ်ယောက်ဟာ သူ့ကို ရဲတွေ မမှတ်မိအောင် မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့ပေမဲ့ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ဆာရာဟတ်ဟာ ဥရောပကနေ ထိုင်းနိုင်ငံထံ MDMA (Ecstasy ဆေးပြား)တွေ တင်ပို့ခဲ့သူလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

သူဟာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ အကြိမ်ကြိမ်လုပ်ပြီး ဂျီမင်ချောင်ဆိုတဲ့ ကိုရီးယားနာမည် ပြောင်းကာ ရဲတွေကို လှည့်စားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ပေးမယ့်သူအဖြစ် အသွင်ယူပြီး သူ့ကို ခြေရာခံ ရှာဖွေခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်မှာတော့ ဘန်ကောက်မြို့ရဲ့ လူကုံထံတွေနေထိုင်တဲ့ ဘန်နားခရိုင်က ကွန်ဒိုတိုက်ခန်းမှာ ဆာရာဟတ်ကို ဖမ်းမိခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက သူ့တိုက်ခန်းကို ဝင်စီးပြီး ဆာရာဟတ်ကို တွေ့ချိန်မှာ မမှတ်မိလောက်အောင် ပြောင်းလဲသွားလို့ အံ့အားသင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။