နွမ်းပါးကလေးငယ်တွေအတွက် အခမဲ့စာသင်ကျောင်း ဖွင့်လှစ်ပေးခဲ့တဲ့ အိန္ဒိယရဲအရာရှိ

International News
နွမ်းပါးကလေးငယ်တွေအတွက် အခမဲ့စာသင်ကျောင်း ဖွင့်လှစ်ပေးခဲ့တဲ့ အိန္ဒိယရဲအရာရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နွမ်းပါးကလေးငယ်တွေအတွက် အခမဲ့စာသင်ကျောင်း ဖွင့်လှစ်ပေးခဲ့တဲ့ အိန္ဒိယရဲအရာရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နွမ်းပါးကလေးငယ်တွေအတွက် အခမဲ့စာသင်ကျောင်း ဖွင့်လှစ်ပေးခဲ့တဲ့ အိန္ဒိယရဲအရာရှိ

ဆင်းရဲသားရပ်ကွက်ကနေ ကြီးပြင်းခဲ့တဲ့ အိန္ဒိယရဲအရာရှိတစ်ယောက်ဟာ နွမ်းပါး ကလေးငယ်တွေအတွက် အခမဲ့ကျောင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရာဂျက်စသန်ပြည်နယ် ဆင်းရဲသားရပ်ကွက်မှာ မွေးဖွားခဲ့တဲ့ သန်ဆင်းမ်ဟာ ငယ်ငယ်ကတည်းက နယူးဒေလီမြို့ လမ်းမတွေပေါ်မှာ ပေါက်ပေါက် လိုက်ရောင်းရင်း ငွေရှာခဲ့ရသူပါ။

ဒါပေမဲ့ ပညာရေးရဲ့ အရေးပါမှုကို နားလည်တဲ့ သန်ဆင်းမ်ဟာ ပညာသင်ခဲ့ပြီး (သူ့အဖေရဲ့ မပြည့်ဝခဲ့တဲ့ အိပ်မက်) ရဲအရာရှိ ဖြစ်လာခဲ့သူပါ။ ရဲအရာရှိအဖြစ် မွေးရပ်မြေကို ပြန်သွားချိန်မှာ နွမ်းပါးကလေးငယ်တွေအတွက် တခုခု လုပ်ပေးဖို့ ခံစားမိပြီး အခမဲ့ စာသင်ကျောင်း ဖွင့်လှစ်ဖို့ အကြံရခဲ့တာပါ။

သူဟာ ကလေးမိဘတွေနဲ့ တွေ့ဆုံခဲ့ပြီး အခမဲ့ စာသင်ကျောင်း အစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။ နာမည်ကျော် ခံတပ်နီရဲ့ ကားပါကင်ထဲမှာ Than Singh Ki Pathshala အခမဲ့ စာသင်ကျောင်း ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အသက် ၃ နှစ်ကနေ ၁၅ နှစ်ကြားအရွယ်ရှိတဲ့ ကလေးငယ် ၈၀ လာရောက် ပညာသင်ကြားခဲ့ပါတယ်။ ဒေသခံ ဘေးတွဲသမားတွေက ကလေးတွေကို ကျောင်းအကြို၊ အပို့ အခမဲ့လုပ်ပေးကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ သန်ဆင်းမ်ရဲ့ အခမဲ့ကျောင်းက ထွက်တဲ့ ကျောင်းသား၊ သူ ၇၀ ဦး ဟာ အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့ပညာသင်ကြားနိုင်ခဲ့ပြီး သူတို့အထဲမှာ ၁၀ ယောက်ကတော့ စာမေးပွဲကို ရမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။