“အလပ္ပနကာရကအမည်ရှင်များ”

Astrology
“အလပ္ပနကာရကအမည်ရှင်များ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အလပ္ပနကာရကအမည်ရှင်များ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အလပ္ပနကာရကအမည်ရှင်များ”

မည်သည့် နေ့သားသမီးမဆို,,,,
တနင်္ဂနွေ အစ သောကြာ အဆုံး ။
တနင်္လာ အစ တနင်္ဂနွေ အဆုံး ။
အင်္ဂါ အစ တနင်္လာ အဆုံး ။
ဗုဒ္ဓဟူး အစ အင်္ဂါ အဆုံး ။
ကြာသပတေး အစ စနေ အဆုံး ။
သောကြာ အစ ရာဟု အဆုံး ။
စနေ အစ ဗုဒ္ဓဟူး အဆုံး ။
ရာဟု အစ ကြာသပတေး အဆုံး ။

အမည်ရှင်တွေကိုတော့ အလပ္ပန ကာရက အမည်ရှင်တွေလို့သတ်မှတ်ပါတယ် ။ အလပ္ပန ဆိုတာ ဖိတ်ခေါ်ခြင်း မျှော်ကိုးခြင်းပြန်လည်တမ်းတခြင်း လာစေလိုခြင်းဆိုတဲ့ အဓိပါယ်သတ်မှတ်ပါတယ် ။

ပြန်လည်တမ်းတတယ်ဆိုတဲ့အဓ္ဓိပါယ် မျှော်ကိုးခြင်း ဆိုတဲ့ အဓိပါယ်အရ အဲဒီအမည်ရှင်တွေဟာ တစုံတယောက်ကိုဖြစ်စေ သက်ရှိသက်မဲ့ အရာတခုခုကိုဖြစ်စေ အနားမှာရှိစဉ်က အလေးမထားဂရုမစိုက်ကြပဲနဲ့ ဝေးကွာသွားမှ ပြီးဆုံးသွားမှ မဖြစ်နိုင်တော့ဘူးဆိုမှလွှမ်းဆွတ်တသသ ပြန်လည်တမ်းတခြင်း ၊ မျှော်ကိုးခြင်းတွေပြုလုပ်တတ်ကြတဲ့ အမည်ရှင်တွေဖြစ်ကြပါတယ် ။

ဘာကြောင့်ဒီလိုဖြစ်ရသလဲ အဲဒီအမည်ရှင်မှာ ပြင်ရခက်တဲ့အကျင့်ဆိုးတခုက အမြဲရှိနေတတ်လို့ပါပဲ ။ အဲဒီလိုအကျင့်ဆိုးတခုခုရှိနေတာကို ကိုယ်တိုင်လဲသိကြပါတယ် ။ ဒါပေမဲ့ ပြင်ဖို့ကတော့အတော်ခက်ခဲတတ်ကြပါတယ် ။ အဲဒီလိုခက်ခဲကြလို့ ဘဝမှာနောင်တရစရာ အဖြစ်အပျက်တွေကို ခံစားကြရတာပါပဲ ။

အဲဒီပြင်ဖို့ခက်ခဲတဲ့ အကျင့်ဆိုးဆိုတာလဲ တခြားမဟုတ်ပါဘူးအမည်အဖျားစာလုံးတွေနဲ့ ပတ်သက်တဲ့ အကျင့်ဆိုးတွေပဲဖြစ်ပါတယ် ။ အဖျားစာလုံး တနင်္ဂနွေရဲ့ အတ္တကြီးလွန်း ဦးဆောင်ချင်လွန်း အသိအမှတ်ပြုခံချင်လွန်းတဲ့အပြစ်တွေ အဖျားစာလုံးတနင်္လာဂြိုလ်ရဲ့ လျှို့ဝှက်ဖုံးကွယ်တတ်တဲ့ မပွင့်လင်းတဲ့အကျင့်တွေ
အဖျားစာလုံး အင်္ဂါဂြိုလ်ရဲ့ ဇွတ်တရွတ်ဆုံးဖြတ်ပီး လုပ်ချင်ရာလုပ်တတ်တဲ့အကျင့်တွေ အဖျားစာလုံး ဗုဒ္ဓဟူးဂြိုလ်ရဲ့ အပြောင်းအလဲမြန်တတ်တဲ့အကျင့်တွေ အဖျားစာလုံး ကြာသပတေးဂြိုလ်ရဲ့နေရာတကာကိုယ်သိ ကိုယ်တတ် ကိုယ်နားလည်လုပ်ချင်တဲ့အကျင့်တွေအဖျားစာလုံး သောကြာဂြိုလ်ရဲ့ ဟန်ဆောင်ကောင်းခြင်း လှည့်စားမှုပိရိ ခြင်းဆိုတဲ့အကျင့်အဖျားစာလုံး စနေဂြိုလ်ရဲ့ ဘေးတိုက်ဘုပြော ကန့်လန့်လုပ်ချင်တဲ့အကျင့် အဖျားစာလုံး ရာဟုရဲ့နေရာတကာ အပြစ်မြင်ပီး ဖျက်ဆီးပစ်တတ်တဲ့ အပြစ်တွေကြောင့် မဖြစ်သင့်တာဖြစ်ကြရတယ် ။

မိမိကိုယ်တိုင်မှားမှန်းသိပါရဲ့ ။ ဒါပေမဲ့ အမှားကိုတော့ပြန်မပြင်ချင်ဘူး ။ ပြန်မတောင်းပန်ချင်ဘူး ။အောက်ကျို့မခံချင်ဘူးဆိုတဲ့ မာနတွေကြောင့် ဘဝမှာ မိဘနဲ့ ယောက္ခမနဲ့ အိမ်ထောင်ဖက်နဲ့ ချစ်သူနဲ့ ညီကိုမောင်နှမနဲ့ ကွေကွင်းရခြင်း လမ်းခွဲရခြင်းဆိုတာတွေ ဖြစ်လာရတဲ့အခါ ကိုယ်ပဲနောင်တရ လွှမ်းဆွတ်မှုတွေ ပြန်လည်မျှော်လင့်ရတာတွေ ဖြစ်လာစေပါတယ် ။

အမည်အဖျားစာလုံး”မရဏ ဘင်္ဂ ပုတိ” မှာရပ်တည်ကြသူများနှင့်အမည်ပေးလမ်းကြောင်း ပက္ခဖြစ်နေသူများက အဲဒီလိုအဖြစ်မျိုးကြုံတွေ့ဖို့ပိုပီး လွယ်ကူကြတာတွေ့ရသလို အမည်ကြောင့်သီရိဂြိုလ်ကို ထိခိုက်စေသော အမည်တွဲများဟာလည်း ဘဝမှာ မျက်နှာမပြဝံ့စရာ အရှက်ရစရာ အကြောင်းအရာတွေနဲ့ ကြုံတွေ့ကြရတတ်ပါတယ် ။

မိတ်ဆွေတို့ရဲ့ သားသမီးတွေမှာ အဲဒီလို အလပ္ပန အမည်ရှင်များရှိခဲ့ရင် သူတို့ရဲ့ အမည်အဖျားစာလုံးရဲ့ မကောင်းတဲ့အကျင့်တွေကိုငယ်စဉ်ကတည်းက ပြုပြင်ပေးဖို့ကြိုးစားစေချင်ပါတယ် ။ အဲဒီအကျင့်တွေကို ပြုပြင်နိုင်လေလေ ဘဝမှာ နောင်တရစရာ အဖြစ်တွေကဝေးလေလေမို့လို့ နောင်တ နေရာမှာ ဖြစ်ချင်တဲ့ဆန္ဒတွေကို အစားထိုးပီး ဘဝတက်လမ်းကို ရှာဖွေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။