တစ်နေ့ကို အိမ်သာသုံးစက္ကူလိပ် (၄) လိပ်စားသုံးတဲ့ ထူးဆန်းတဲ့အကျင့်ရှိနေတဲ့ အမျိုးသမီး

International News
တစ်နေ့ကို အိမ်သာသုံးစက္ကူလိပ် (၄) လိပ်စားသုံးတဲ့ ထူးဆန်းတဲ့အကျင့်ရှိနေတဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်နေ့ကို အိမ်သာသုံးစက္ကူလိပ် (၄) လိပ်စားသုံးတဲ့ ထူးဆန်းတဲ့အကျင့်ရှိနေတဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်နေ့ကို အိမ်သာသုံးစက္ကူလိပ် (၄) လိပ်စားသုံးတဲ့ ထူးဆန်းတဲ့အကျင့်ရှိနေတဲ့ အမျိုးသမီး
A woman called Kinah appears on latest episode of My Strange Addiction: Still Addicted? and shared that she eats up to four rolls of dunny roll a day.

ကီနာ့ချ်ဆိုသူ အမျိုးသမီးဟာ တစ်နေ့ကို အိမ်သာသုံးစက္ကူလိပ် (၄)စားသုံးတာပါ။ ဒါကို ဖတ်မိသူတွေကတော့ ဆွံ့အသွားကြမယ်ထင်ပါတယ်။ ဒါက တကယ်ပါ။ ကီနာ့ချ်က TLC ရုပ်သံလိုင်းရဲ့ My Strange Addiction: Still Addicted? အစီအစဉ်မှာ ပါဝင်ထားပါတယ်။ သူဟာ သူ စားချင်စိတ်ပြင်းပြနေတဲ့ အိမ်သာသုံးစက္ကူလိပ်ကို တစ်နေ့လုံး ဘယ်နေရာမှာပဲဖြစ်ဖြစ်စားတယ်။ အလုပ်၊ ကားထဲ၊ လက်သည်းအလှဖော်တဲ့ဆိုင်စတဲ့နေရာတွေအပါအဝင်ပါ။

မနက်အိပ်ရာထတာနဲ့ အိမ်သာသုံးစက္ကူလိပ်စားတယ်လို့ ကီနာ့ချ်က အဲဒီအစီအစဉ်မှာ ထုတ်ပြောထားပါတယ်။ ကီနာ့ချ်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်အတွင်း အိမ်သာသုံးစက္ကူလိပ် အလေးချိန် ပေါင် ၁၄၀၀၀ (၆၃၅၀ ကီလို) စားသုံးခဲ့ပြီးပြီလို့ TLC ရဲ့ဖော်ပြချက်အရ သိရပါတယ်။ သူ့ရဲ့အိမ်သာသုံးစက္ကူလိပ်စားသုံးတဲ့အကျင့်ကြောင့် တစ်နှစ်ကို ဒေါ်လာ ၂၇၀၀ ကုန်ကျပါတယ်။ သူကတော့ သူ ကြိုက်နှစ်သက်တာကို စားနေရတာကြောင့် ဒီအတွက် အကုန်အကျများတယ်လို့မထင်ပါဘူး။

ကီနာ့ချ်က အိမ်သာသုံးစက္ကူကို အထူထက် ပါးလွှာတာကို ပိုကြိုက်ပါတယ်။ ပါးလွှာတဲ့အိမ်သာသုံးစက္ကူက စားသုံးရတာလွယ်လို့ပါ။ ဒါကိုစားသုံးရတာက မြေပဲထောပတ်နဲ့ ဂျယ်လီအသားညှပ်ပေါင်မုန့်ကို စားရသလိုပါပဲတဲ့။ ဒါပေမဲ့ သူ့ရဲ့အကျင့်ကို ဘယ်သူကမှ ထောက်ခံအားပေးခဲ့တာမရှိပါဘူး။ သူ့ရဲ့ခင်ပွန်းလောင်းဟောင်းဆိုရင် အိမ်သာသုံးစက္ကူက လူတွေစားသုံးဖို့အတွက် ထုတ်ထားတာမဟုတ်ဘူးလို့တောင် ပြောပါတယ်။

ကီနာ့ချ်ကတော့ အိမ်သာသုံးစက္ကူစားသုံးရတာ စွဲလမ်းတဲ့အကျင့်ကို မဖျောက်နိုင်ခဲ့ပါဘူး။ ဒေသတွင်းလက်သည်းအလှဖော်တဲ့ဆိုင်တစ်ဆိုင်မှာ အိမ်သာသုံးစက္ကူတချို့စားသုံးနေတဲ့ ကီနာ့ချ်ကို TLC ရဲ့အစီအစဉ်မှာ ထည့်ပြထားပါတယ်။ သူ စားနေတာကို ဆိုင်ပိုင်ရှင် ဖလော်ရာမြင်ပြီး ရယ်မောတယ်။ ဒါက ထူးဆန်းတဲ့အကျင့်ဖြစ်တယ်လို့ ဖလော်ရာက ဆိုပါတယ်။ ဖလော်ရာက “အိမ်သာသုံးစက္ကူကို သူ ဘာလို့စားနေတာလဲ၊ ရေတောင်မသောက်ဘဲ သူ့ပါးစပ်ထဲ အဆက်မပြတ်ထည့်နေတယ်”တဲ့။

သူ့ရဲ့အိမ်သာသုံးစက္ကူစားတဲ့အကျင့်ကို လူအများ ထူးထူးဆန်းဆန်းနဲ့ သတိထားမိနေတာနဲ့ပတ်သက်ပြီး သူ ဘယ်လိုမှမဖြစ်ဘူး။ ဂရုမစိုက်ဘူး။ တချို့ဆို သူ အိမ်သာသုံးစက္ကူစားနေတာမြင်တော့ ဖုန်းထုတ်ပြီး ဗီဒီယိုရိုက်ဖို့လုပ်ကြတယ်လို့ ကီနာ့ချ်က ဆိုထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။