သင် ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ ပြောပြနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၄)ခု

Knowledge
သင် ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ ပြောပြနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၄)ခု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင် ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ ပြောပြနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၄)ခု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင် ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတာ ပြောပြနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၄)ခု

တစ်ခါတလေ တချို့မေးခွန်းတွေက လွယ်မလိုလိုနဲ့ ဖြေရတာခက်ပါတယ်။ သင်က ဘယ်လောက်ဉာဏ်ကောင်းလဲဆိုတဲ့မေးခွန်းက ဖြေဖို့ရာနည်းနည်းတော့ခက်မယ်ထင်ပါတယ်။ ကျွန်တော်တို့က ဉာဏ်ရည်ဉာဏ်စွမ်းက တစ်စုံတစ်ယောက် ဘယ်လောက်ထက်မြက်လဲဆိုတာကို သိရှိရဖို့ တစ်ခုတည်းသောသော့ချက်ဖြစ်တယ်လို့ မကြာခဏ စဉ်းစားမိကြပါတယ်။

တစ်စုံတစ်ယောက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို သိရဖို့ သော့ချက်က ခန္ဓာကိုယ်မှာ မူတည်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းက သင် ဘယ်လောက် ဉာဏ်ကောင်းပြီး ထက်မြက်လဲဆိုတာ ပြောပြပေးနိုင်ပါတယ်။ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သင့်ရဲ့ဉာဏ်ရည်ဉာဏ်စွမ်းကို ပြောပြလဲဆိုတာ ကြည့်လိုက်ရအောင်…။

ခြေတံရှည်တွေကို ပိုင်ဆိုင်ထားရင်

အရပ်အမြင့်က သင့် ဘယ်လောက် ကျန်းမာရေးကောင်းလဲဆိုတာကို ညွှန်ပြနေတာပါ။ အဲဒါတင်မကပါဘူး။ အရပ်အမောင်းကောင်းတဲ့သူတွေက လူမှုအသိုက်အဝန်းမှာ ထင်ပေါ်ကြတယ်လို့ ဆိုပါတယ်။ အရပ်ရှည်တဲ့သူတွေက အရပ်ပုတဲ့သူတွေထက် ပိုပြီးဉာဏ်ကောင်းတယ်ဆိုတာ သေချာတဲ့သက်သေပြချက်မရှိပေမဲ့ အရပ်အမြင့်က လူတစ်ယောက်ရဲ့ သိမြင်နိုင်စွမ်းနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပြီး ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးပြီး အရပ်ပုတဲ့သူတွေနဲ့ယှဉ်ရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပိုပြီးစွမ်းဆောင်နိုင်စေတယ်လို့ လေ့လာချက်က ဆိုးပါတယ်။

ဘယ်သန်တစ်ယောက်ဆိုရင်

ညာသန်များတဲ့လောကကြီးမှာ ဘယ်သန်ဖြစ်ရတာက ရှားပါးအရေအတွက်ပဲလို့ တွေးလို့ရပါတယ်။ ဘယ်သန်တွေက ဉာဏ်ကြီးရှင်အဖြစ်မွေးဖွားလာတယ်လို့ ပြောရင် အံ့သြသွားမယ်ထင်ပါတယ်။ ဘယ်သန်တွေက ဉာဏ်ကောင်းပြီး ထက်မြက်ကြသလို အလိုက်သင့်နေထိုင်တတ်သူလည်းဖြစ်ပါတယ်။ ဉာဏ်ကောင်းတာကြောင့် သင်လွယ်တတ်လွယ်တဲ့သူလည်းဖြစ်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ခါးသေးသွယ်တဲ့သူဆိုရင်

ဘယ်သူကမှ ခါးနားတစ်ဝိုက်မှာ အဆီပိုတွေရှိနေတာကို မလိုချင်ကြပါဘူး။ ခန္ဓာကိုယ်အချိုးအစားနဲ့ ဉာဏ်ကောင်းတာက ဆက်စပ်မှုရှိတာကို လေ့လာချက်မှာ တွေ့ရှိခဲ့ရပါတယ်။ သင့်ရဲ့ခါးအတိုင်းက ကြီးနေရင် ဦးနှောက်အရွယ်အစားက ပိုသေးလာပါတယ်။ ခါးက အဆီတွေက ယောင်ယမ်းခြင်းကို တိုးစေတဲ့၊ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတဲ့ ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးတဲ့ ဗစ်ဆီရယ် အဆီ (Visceral fat) တွေနဲ့ လုပ်ထားတာပါ။ သုတေသနပညာရှင်တွေက အဝလွန်တာကို ခန္ဓာကိုယ်သိပ်သည်းမှုနဲ့ ခါးကနေ တင်အထိ အချိုးကျမှုတို့ကို တိုင်းတာခြင်းဖြင့် ဆုံးဖြတ်ခဲ့ကြပြီး တိုင်းတာမှုနှစ်ခုလုံးမှာ အချိုးအစားပိုများတဲ့သူတွေက ဦးနှောက်ပမာဏ ပိုနည်းတယ်လို့ ဆိုပါတယ်။

ခေါင်းကြီးတဲ့သူဆိုရင်

ခေါင်းကြီးလေလေ ထက်မြက်ပြီး ဉာဏ်ကောင်းလေလေပါပဲ။ ဒါကိုတော့ ကျွန်တော်တို့တွေ ကြားဖူးကြမှာပါ။ ခေါင်းကြီးတဲ့သူတွေက ပြိုင်ပွဲတွေ ယှဉ်ပြိုင်တဲ့အခါမှာလည်း ပိုကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အဲဒီလူတွေက ဉာဏ်ရည်ဉာဏ်စွမ်းနဲ့ဆက်စပ်တဲ့လုပ်ငန်းဆောင်တာတွေကို ပိုပြီး စွမ်းဆောင်နိုင်သလို အလုပ်ကိုလည်း ထိထိရောက်ရောက်ပိုပြီးလုပ်နိုင်တယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။