စင်ကာပူနိုင်ငံက ဗိသုကာဒီဇိုင်းက ဆွဲဆောင်မှုရှိတဲ့ Marina Bay Sands ဟိုတယ်

International News Knowledge
စင်ကာပူနိုင်ငံက ဗိသုကာဒီဇိုင်းက ဆွဲဆောင်မှုရှိတဲ့ Marina Bay Sands ဟိုတယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စင်ကာပူနိုင်ငံက ဗိသုကာဒီဇိုင်းက ဆွဲဆောင်မှုရှိတဲ့ Marina Bay Sands ဟိုတယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံက ဗိသုကာဒီဇိုင်းက ဆွဲဆောင်မှုရှိတဲ့ Marina Bay Sands ဟိုတယ်

ပုံမှာ မြင်ရတာကတော့ စင်ကာပူနိုင်ငံက Marina Bay Sands ဟိုတယ် ဖြစ်ပါတယ်။ ၅၅ ထပ်မြင့်တဲ့ တာဝါ ၃ လုံးကို Sands Skypark ဆိုတဲ့ ကောင်းကင်လျှောက်လမ်းနဲ့ ပေါင်းစပ်ထားတဲ့ Marina Bay Sands ဟိုတယ်ရဲ့ ဗိသုကာဒီဇိုင်းက ဆွဲဆောင်မှုရှိပြီး ရင်သပ်ရှုမောဖွယ်ရာပါပဲ။

ပေ ၁၁၂၀ ရှည်လျားတဲ့ ကောင်းကင်လျှောက်လမ်းဟာ လူ ၃၉၀၂ ယောက်အထိ ဆံ့ပြီး အပေါ်မှာ ရေကူးကန်ကျယ်ကြီးလည်း ရှိပါသေးတယ်။
အမေရိကန်နိုင်ငံအခြေစိုက် Las Vegas Sands ကော်ပိုရေးရှင်းက ပိုင်ဆိုင်တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။ ၂၀၂၈ ခုနှစ်ကျရင် Marina Bay Sands ဟိုတယ်မှာ စတုတ္ထမြောက် တာဝါတစ်လုံး ထပ်မံတည်ဆောက်ဖို့ ရှိပြီး အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။